သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာေတြ ေနရပ္ျပန္ေရး ျမန္မာကုိ အင္ဒုိနီးရွား ေဒၚလာ ၅ သိန္းေက်ာ္ ကူညီ


အင္ဒိုနီးရွားအစိုးရက အာဆီယံ အဖြဲ႔ႀကီးကတဆင့္ ျမန္မာႏုိင္ငံကို ရန္ပံုေငြ ေဒၚလာ ၅၃၀,၀၀၀ ေက်ာ္ လွဴဒါန္း

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္မွာ ေရာက္ေနတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ျမန္မာႏုိင္ငံကို ျပန္ပို႔ေရး ကူညီတဲ့အေနနဲ႔ အင္ဒိုနီးရွားအစိုးရက အာဆီယံ အဖြဲ႔ႀကီးကတဆင့္ ျမန္မာႏုိင္ငံကို ရန္ပံုေငြ ေဒၚလာ ၅၃၀,၀၀၀ ေက်ာ္ လွဴဒါန္းလုိက္ပါတယ္။ ဒုကၡသည္ေတြ အျမန္ဆုံး ျပန္ႏုိင္ေရးအတြက္ အားလုံးက ၀ုိင္း၀န္း လုပ္ေဆာင္ၾကဖုိ႔ လုိအပ္ေၾကာင္းလည္း အလွဴေငြ ေပးအပ္တဲ့အခမ္းအနားမွာ အင္ဒုိနီးရွား ႏုိင္ငံျခားေရး၀န္ႀကီး Retno Marsudi က ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

ရခုိင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လအတြင္း တေက်ာ့ျပန္ျဖစ္ေပၚခဲ့တဲ့ အၾကမ္းဖက္မႈေတြရဲ႕ ေနာက္ဆက္တြဲအျဖစ္ တဘက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးသြားၾကတဲ့ ဒုကၡသည္ေတြ အျမန္ဆုံး ေနရပ္ျပန္ႏုိင္ေရးအတြက္ ကုလသမဂၢအပါအ၀င္ ႏုိင္ငံတကာ အစုိးရေတြက ဖိအားေပး ေျပာဆုိတာ၊ ဘ႑ာေရးအရ ကူညီ ေထာက္ပံ့တာေတြ လုပ္ေဆာင္ေနၾကတာမွာ ေဒသတြင္း အာဆီယံအဖြဲ႔၀င္ႏုိင္ငံ တခုျဖစ္တဲ့ အင္ဒုိနီးရွားအစုိးရကလည္း ဒုကၡသည္ေတြ ေနရပ္ျပန္ေရးကုိ အေထာက္အကူ ျပဳေစမယ့္ ရန္ပုံေငြေတြ ကူညီလာေနတာပါ။

ဘဂၤလားေဒ့ရွ္မွာ ေရာက္ေနၾကတဲ့ ရုိဟင္ဂ်ာ မြတ္ဆလင္ေတြ ေနရပ္ျပန္ေရးကုိ အေထာက္အကူ ျပဳေစေရးအတြက္ ရည္ရြယ္ၿပီး ကမၻာေပၚမွာ အစၥလာမ္ဘာသာ၀င္ အမ်ားဆုံးေနထုိင္တဲ့ အင္ဒုိနီးရွားႏုိင္ငံက အေမရိကန္ေဒၚလာ ၅၃၀,၀၀၀ ေက်ာ္ကုိ အာဆီယံအဖြဲ႔ႀကီးကတဆင့္ Grant Aid Agreement for Myanmar ဆုိတဲ့ အစီအစဥ္နဲ႔ ျမန္မာႏုိင္ငံကုိ လွဴဒါန္းလုိက္တာပါ။

ဒီဇင္ဘာ ၂၀ ရက္ေန႔က ဂ်ကာတာၿမိဳ႕မွာ ျပဳလုပ္တဲ့ ရန္ပုံေငြေပးပြဲ အခမ္းအနားကုိ အင္ဒုိနီးရွားဘ႑ာေရး၀န္ႀကီးဌာနက ညႊန္ၾကားေရးမွဴးတဦးျဖစ္သူ Luky Alfirman နဲ႔ အာဆီယံ လက္ေထာက္ အတြင္းေရးမွဴးခ်ဳပ္ R. M. Michael Tene တုိ႔ ၂ ဦးက အင္ဒုိနီးရွား ႏုိင္ငံျခားေရး၀န္ႀကီး Retno Marsudi နဲ႔ အာဆီယံအတြင္းေရးမွဴးခ်ဳပ္ Lim Jock Hoi တုိ႔ ၂ ဦးရဲ႕ ေရွ႕ေမွာက္မွာ လက္မွတ္ ေရးထုိးခဲ့ၾကတာပါ။

ျမန္မာႏုိင္ငံက ရုိဟင္ဂ်ာ ပဋိပကၡေျဖရွင္းေရးအတြက္ အာဆီယံဟာ အေရးပါတဲ့ အခန္းက႑မွာ ရွိေနေၾကာင္း အင္ဒုိနီးရွားႏုိင္ငံျခားေရး၀န္ႀကီး Retno Marsudi က လက္မွတ္ေရးထုိးတဲ့ အခမ္းအနားမွာ ေျပာပါတယ္။

“ဒုကၡသည္ေတြ အျမန္ဆုံး ေနရပ္ျပန္ႏုိင္ေရးအတြက္ က်မတုိ႔အားလုံး ၀ုိင္းၿပီး ႀကိဳးစားလုပ္ေဆာင္ၾကဖုိ႔ လုိပါတယ္။ ေဒသတြင္း လံုၿခံဳေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္တာမွာ အာဆီယံရဲ႕ အေရးပါမႈကို အထူးထင္ရွားေစဖို႔၊ လူထုရဲ႕ သာယာဝေျပာမႈအတြက္ အာဆီယံရဲ႕ ပါဝင္လုပ္ေဆာင္မႈကို ျပသဖို႔ရာ အာဆီယံအေနနဲ႔ ဒီကိစၥကို ေျဖရွင္းေရး ဟန္ခ်က္ညီ ပိုအားစိုက္လုပ္ေဆာင္ဖို႔ကလြဲလို႔ တျခားေရြးခ်ယ္စရာ မရွိပါဘူး”

အခုလို ရန္ပံုေငြကူညီတာဟာ ၿပီးခဲ့တဲ့လက ဘန္ေကာက္ၿမိဳ႕မွာလုပ္တဲ့ အာဆီယံ ထိပ္သီးအစည္းအေဝး အတြင္း သမၼတ Joko Jokowi Widodo ေျပာဆိုထားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ အက်ပ္အတည္းကို ေျဖရွင္းတာမွာ အကူအညီေပးမယ္ဆုိတဲ့ အစိုးရရဲ႕ ကတိကဝတ္ကို အေကာင္အထည္ေဖာ္တာ ျဖစ္တယ္လုိ႔ ဝန္ႀကီး Marsudi က ေျပာပါတယ္။

အာဆီယံ အတြင္းေရးမွဴးခ်ဳပ္ Lim Jock Hoi ကလည္း ဒီရန္ပုံေငြက ဒုကၡသည္ေတြ ေနရပ္ျပန္ေရးနဲ႔ အဲဒီ ဒုကၡသည္ေတြအတြက္ ရခုိင္ျပည္နယ္အတြင္း ျပန္လည္ ထူေထာင္ေရးလုပ္ေဆာင္ေနတဲ့ ျမန္မာအစုိးရကုိ အေထာက္အကူ ျပဳေစမယ္လုိ႔ လက္မွတ္ေရးထုိးပြဲ အခမ္းအနားမွာ ေျပာပါတယ္။

“အခုလုိ ရန္ပုံေငြ ရရွိတဲ့အတြက္ ရခုိင္ျပည္နယ္ထဲမွာ ျဖစ္ေနတဲ့ စာနာမႈဆုိင္ရာ အခက္အခဲေတြ ေျဖရွင္းေရး လုပ္ငန္းေတြမွာ အာဆီယံရဲ႕ ေဆာင္ရြက္မႈေတြအေပၚ ယုံၾကည္မႈ ပုိၿပီး ရရွိလာေစမွာ ျဖစ္ပါတယ္။”

ဒီရန္ပုံေငြဟာ အာဆီယံနဲ႔ အဖြဲ႔၀င္ႏုိင္ငံတခုခ်င္းစီအၾကား သီးျခား ရရွိထားတဲ့ သေဘာတူညီခ်က္အရ အာဆီယံအဖြဲ႔၀င္ ႏုိင္ငံတခုက ပထမဆုံးအႀကိမ္ေပးတဲ့ ရန္ပုံေငြျဖစ္ပါတယ္။ အခုလုိ အာဆီယံအဖြဲ႔ ကတဆင့္ ရန္ပုံေငြေထာက္ပံ့တာအျပင္ အင္ဒုိနီးရွားအစုိးရက ရခုိင္ျပည္နယ္အတြင္း ေဆးရုံတလုံး တည္ေဆာက္ၿပီး ျမန္မာအာဏာပုိင္ေတြထံ လြဲေျပာင္း ေပးအပ္ၿပီး ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္လာႏုိင္ေရးအတြက္ ဘဂၤလားေဒ့ရွ္ အစုိးရနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနသလုိ ဒီပဋိ္ပကၡကုိ ေျဖရွင္းတာမွာ အာဆီယံရဲ႕ ကူညီပံ့ပိုးမႈကို အလ်ဥ္းသင့္သလို အသိအမွတ္ျပဳ ထုတ္ေဖာ္ေျပာဆိုေလ့ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို အင်ဒိုနီးရှား ဒေါ်လာ ၅ သိန်းကျော် ကူညီ

(Unicode)

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး ကူညီတဲ့အနေနဲ့ အင်ဒိုနီးရှားအစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်းလိုက်ပါတယ်။ ဒုက္ခသည်တွေ အမြန်ဆုံး ပြန်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်းလည်း အလှူငွေ ပေးအပ်တဲ့အခမ်းအနားမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း တကျော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရတွေက ဖိအားပေး ပြောဆိုတာ၊ ဘဏ္ဍာရေးအရ ကူညီ ထောက်ပံ့တာတွေ လုပ်ဆောင်နေကြတာမှာ ဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တခုဖြစ်တဲ့ အင်ဒိုနီးရှားအစိုးရကလည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို အထောက်အကူ ပြုစေမယ့် ရန်ပုံငွေတွေ ကူညီလာနေတာပါ။

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ နေရပ်ပြန်ရေးကို အထောက်အကူ ပြုစေရေးအတွက် ရည်ရွယ်ပြီး ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၅၃၀,၀၀၀ ကျော်ကို အာဆီယံအဖွဲ့ကြီးကတဆင့် Grant Aid Agreement for Myanmar ဆိုတဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံကို လှူဒါန်းလိုက်တာပါ။

ဒီဇင်ဘာ ၂၀ ရက်နေ့က ဂျကာတာမြို့မှာ ပြုလုပ်တဲ့ ရန်ပုံငွေပေးပွဲ အခမ်းအနားကို အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတဦးဖြစ်သူ Luky Alfirman နဲ့ အာဆီယံ လက်ထောက် အတွင်းရေးမှူးချုပ် R. M. Michael Tene တို့ ၂ ဦးက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ ၂ ဦးရဲ့ ရှေ့မှောက်မှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ။

မြန်မာနိုင်ငံက ရိုဟင်ဂျာ ပဋိပက္ခဖြေရှင်းရေးအတွက် အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောပါတယ်။

“ဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန်နိုင်ရေးအတွက် ကျမတို့အားလုံး ဝိုင်းပြီး ကြိုးစားလုပ်ဆောင်ကြဖို့ လိုပါတယ်။ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တာမှာ အာဆီယံရဲ့ အရေးပါမှုကို အထူးထင်ရှားစေဖို့၊ လူထုရဲ့ သာယာဝပြောမှုအတွက် အာဆီယံရဲ့ ပါဝင်လုပ်ဆောင်မှုကို ပြသဖို့ရာ အာဆီယံအနေနဲ့ ဒီကိစ္စကို ဖြေရှင်းရေး ဟန်ချက်ညီ ပိုအားစိုက်လုပ်ဆောင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး”

အခုလို ရန်ပုံငွေကူညီတာဟာ ပြီးခဲ့တဲ့လက ဘန်ကောက်မြို့မှာလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်း သမ္မတ Joko Jokowi Widodo ပြောဆိုထားတဲ့ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းတာမှာ အကူအညီပေးမယ်ဆိုတဲ့ အစိုးရရဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်တာ ဖြစ်တယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi ကလည်း ဒီရန်ပုံငွေက ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ အဲဒီ ဒုက္ခသည်တွေအတွက် ရခိုင်ပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ဆောင်နေတဲ့ မြန်မာအစိုးရကို အထောက်အကူ ပြုစေမယ်လို့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောပါတယ်။

“အခုလို ရန်ပုံငွေ ရရှိတဲ့အတွက် ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေ ဖြေရှင်းရေး လုပ်ငန်းတွေမှာ အာဆီယံရဲ့ ဆောင်ရွက်မှုတွေအပေါ် ယုံကြည်မှု ပိုပြီး ရရှိလာစေမှာ ဖြစ်ပါတယ်။”

ဒီရန်ပုံငွေဟာ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတခုချင်းစီအကြား သီးခြား ရရှိထားတဲ့ သဘောတူညီချက်အရ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုက ပထမဆုံးအကြိမ်ပေးတဲ့ ရန်ပုံငွေဖြစ်ပါတယ်။ အခုလို အာဆီယံအဖွဲ့ ကတဆင့် ရန်ပုံငွေထောက်ပံ့တာအပြင် အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်အတွင်း ဆေးရုံတလုံး တည်ဆောက်ပြီး မြန်မာအာဏာပိုင်တွေထံ လွဲပြောင်း ပေးအပ်ပြီး ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို ဒီပဋိပက္ခကို ဖြေရှင်းတာမှာ အာဆီယံရဲ့ ကူညီပံ့ပိုးမှုကို အလျဉ်းသင့်သလို အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG