႐ိုဟင္ဂ်ာဆိုတဲ့ အေခၚအေဝၚကို ဘာ့ေၾကာင့္ လက္မခံႏိုင္တာလဲ ဆိုတာ ဒုကၡသည္ေတြကို ရွင္းျပခဲ့တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဌာန၊ အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းမ်ားနဲ႔ စီးပြားေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးက ေျပာပါတယ္။
“ဥပေဒေၾကာင္း အခ်က္အလက္ေတြ၊ သမိုင္းေၾကာင္း အခ်က္အလက္ေတြကို အေျခခံၿပီး ႐ိုဟင္ဂ်ာဆိုတဲ့ အေခၚအေဝၚကို က်ေနာ္တို႔ လက္မခံႏိုင္တဲ့ အေၾကာင္းရင္းကို သူတို႔ကိုရွင္းျပပါတယ္။ ဒါေပမယ့္ သူတို႔ လူမႈအဝန္းအဝိုင္း တည္ရွိမႈကို က်ေနာ္တို႔ မျငင္းပါဘူး” လို႔ ဦးခ်မ္းေအးက ေျပာပါတယ္။
ဦးခ်မ္းေအး ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္ အဖြဲ႕ဟာ ဒီဇင္ဘာလ ၁၈ ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox’s Bazar ေဒသက ကူတူပါေလာင္ ဒုကၡသည္စခန္းကို သြားၿပီး ဒုကၡသည္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးတာပါ။
အိုးအိမ္စြန႔္ ထြက္ေျပးလာသူေတြကို ေနရပ္ရင္းျပန္ေရး လုပ္ငန္းစဥ္ အဆင့္ဆင့္နဲ႔ လုပ္ေဆာင္ခ်က္ေတြကို ရွင္းျပခဲ့တယ္လို႔ ဦးခ်မ္းေအးက ေျပာပါတယ္။ ဒါ့အျပင္ ႏိုင္ငံသားျဖစ္မႈဆိုင္ရာ၊ NVC ကဒ္နဲ႔ပတ္သက္တာ၊ လုံၿခဳံေရးဆိုင္ရာ ယာယီ အစီအစဥ္ ေတြကိုလည္း ရွင္းျပခဲ့တယ္လို႔ ေျပာပါတယ္။
ဒီအေၾကာင္းရာေတြကို ေဆြးေႏြးတယ္ဆိုတာ စခန္းတြင္းက ဒုကၡသည္တဦးကလည္း ေျပာေပမယ့္ ေဆြးေႏြးတာေတြ ေအာင္ျမင္မႈ မရဘဲ ဘာသေဘာတူညီခ်က္မွ မရခဲ့ဘူးလို႔ေျပာပါတယ္။
ဒီကေန႔ ထပ္ေတြ႕တဲ့အခါမွာ သေဘာတူညီခ်က္တခ်ိဳ႕ ရမယ္လို႔ ေမွ်ာ္လင့္ေပမယ့္ သိပ္ေတာ့ မေသခ်ာလွဘူးလို႔ ဒုကၡသည္တဦး ျဖစ္သူ Sayedullah က ေျပာပါတယ္။
(Unicode)
ဘင်္ဂလာရောက် ဒုက္ခသည်များနှင့် မြန်မာကိုယ်စားလှယ် တွေ့ဆုံ
ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ဘာ့ကြောင့် လက်မခံနိုင်တာလဲ ဆိုတာ ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။
“ဥပဒေကြောင်း အချက်အလက်တွေ၊ သမိုင်းကြောင်း အချက်အလက်တွေကို အခြေခံပြီး ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ကျနော်တို့ လက်မခံနိုင်တဲ့ အကြောင်းရင်းကို သူတို့ကိုရှင်းပြပါတယ်။ ဒါပေမယ့် သူတို့ လူမှုအဝန်းအဝိုင်း တည်ရှိမှုကို ကျနော်တို့ မငြင်းပါဘူး” လို့ ဦးချမ်းအေးက ပြောပါတယ်။
ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ကူတူပါလောင် ဒုက္ခသည်စခန်းကို သွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးတာပါ။
အိုးအိမ်စွန့် ထွက်ပြေးလာသူတွေကို နေရပ်ရင်းပြန်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြခဲ့တယ်လို့ ဦးချမ်းအေးက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံသားဖြစ်မှုဆိုင်ရာ၊ NVC ကဒ်နဲ့ပတ်သက်တာ၊ လုံခြုံရေးဆိုင်ရာ ယာယီ အစီအစဉ် တွေကိုလည်း ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။
ဒီအကြောင်းရာတွေကို ဆွေးနွေးတယ်ဆိုတာ စခန်းတွင်းက ဒုက္ခသည်တဦးကလည်း ပြောပေမယ့် ဆွေးနွေးတာတွေ အောင်မြင်မှု မရဘဲ ဘာသဘောတူညီချက်မှ မရခဲ့ဘူးလို့ပြောပါတယ်။
ဒီကနေ့ ထပ်တွေ့တဲ့အခါမှာ သဘောတူညီချက်တချို့ ရမယ်လို့ မျှော်လင့်ပေမယ့် သိပ်တော့ မသေချာလှဘူးလို့ ဒုက္ခသည်တဦး ဖြစ်သူ Sayedullah က ပြောပါတယ်။