သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာအဖြဲ႔တဖြဲ႔႐ံုး ပိတ္ထားဖို႔ ဘဂၤလားေဒ့ရွ္ အမိန္႔ထုတ္


ဒုကၡသည္စခန္း

(Zawgyi/Unicode)

ကူတူးပါေလာင္ ဒုကၡသည္စခန္းက ၿငိမ္းခ်မ္းေရးနဲ႔႔ လူ႔အခြင့္ေရးဆိုင္ရာ အာရကန္ ႐ိုဟင္ဂ်ာ အဖြဲ႔အစည္းလို႔ နာမည္ေပးထားတဲ့ ARSPH အဖြဲ႔ရဲ႕ဌာနခ်ဳပ္ကို ခ်ိတ္ပိတ္ထားဖို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက အမိန္႔ထုတ္ခဲ့တယ္လို႔ အဖြဲ႔ေျပာခြင့္ရ Sayed Ullah ကေျပာေၾကာင္း AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြကို လက္ခံထားတာ ႏွစ္ႏွစ္ေက်ာ္လာခ်ိန္မွာ ဘဂၤလားေဒ့ရွ္အစိုးရက အခုလို အမိန္႔ထုတ္ျပန္လိုက္တာျဖစ္ၿပီး ဒီအဖြဲ႔ရဲ႕လႈပ္ရွားမႈအားလံုးကို ေနာက္အမိန္႔တစံုတရာ မထုတ္ျပန္မခ်င္း ရပ္ဆိုင္းထားဖုိ႔ပါ ေျပာၾကားထားတာပါ။

ARSPH အဖြဲ႔ေခါင္းေဆာင္ Mohib Ullah ဟာ ေက်ာင္းဆရာေဟာင္းတဦးျဖစ္ၿပီး ႐ိုဟင္ဂ်ာ ဒုကၡသည္အေရးနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာအစည္းအေဝးေတြမွာ ဦးေဆာင္ေျပာၾကားေနသူ ျဖစ္ပါတယ္။ သူဟာ ျမန္မာႏိုင္ငံကေန ထြက္ေျပးလာတဲ့ ႏွစ္ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနား ကို ၾသဂုတ္လက ဦးေဆာင္က်င္းပခဲ့ၿပီး အဲဒီအခမ္းအနားမွာ ဒုကၡသည္ ၂ သိန္းနဲ႔ လူထုစုေဝးပြဲ လုပ္ခဲ့တာ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ဌာေနျပန္ေရး ဘာမွ ေရွ႕တိုးမလုပ္ေဆာင္ႏုိင္ဘဲ ျဖစ္ေနခိ်န္မွာ ဒီလို လူထုစုေဝးပြဲ က်င္းပခဲ့ၿပီးတဲ့ေနာက္ ဘဂၤလားေဒ့ရွ္ ေဒသခံအသိုင္းအဝိုင္းဘက္က စိုးရိမ္မႈေတြ တိုးလာခဲ့သလို ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြကလည္း အင္တာနက္ဆက္သြယ္မႈ ျဖတ္ေတာက္ ကန္႔သတ္တာေတြ၊ ဒုကၡသည္စခန္းေတြကို သံဆူးႀကိဳးခတ္ခိုင္းတာေတြ လုပ္ေဆာင္လာခဲ့တာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ ဒုကၡသည္ဆိုင္ရာ ေကာ္မရွင္နာမင္းႀကီး Mahbub Alam Talukder ကေတာ့ ဒုကၡသည္စခန္းေတြမွာ လူထုအစည္းေဝးလုပ္ဖုိ႔ သတ္မွတ္ထားတဲ့စင္တာေတြ ေဆာက္ေပး ထားတာျဖစ္ၿပီး အဲဒီေနရာေတြမွာပဲက်င္းပဖို႔ ဒုကၡသည္အသိုင္းအဝိုင္း ေခါင္းေဆာင္ေတြကို ေျပာထားေၾကာင္းနဲ႔ ဘယ္႐ံုးခန္းကိုမွ ပိတ္တာမရွိဘူးလို႔ ေျပာပါတယ္။

ဒါေပမယ့္ ဒုကၡသည္စခန္းအားလံုးအတြက္ တရားဥပေဒစိုးမိုးဖို႔ ခ်မွတ္ထားတဲ့ ဥပေဒေတြကို ခ်ိဳးေဖာက္ခြင့္မျပဳဘူးလို႔ ေျပာပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အမည္ကို ျမန္မာႏုိင္ငံဘက္ကေတာ့ အသိအမွတ္မျပဳပါဘူး။

တိုက္႐ိုက္ လင့္ခ္


.....................

ဒုက္ခသည်စခန်းက ရိုဟင်ဂျာအဖွဲ့တဖွဲ့ရုံး ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ထုတ်
(Unicode)

ကူတူးပါလောင် ဒုက္ခသည်စခန်းက ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ အာရကန် ရိုဟင်ဂျာ အဖွဲ့အစည်းလို့ နာမည်ပေးထားတဲ့ ARSPH အဖွဲ့ရဲ့ဌာနချုပ်ကို ချိတ်ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့တယ်လို့ အဖွဲ့ပြောခွင့်ရ Sayed Ullah ကပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတာ နှစ်နှစ်ကျော်လာချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အခုလို အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအဖွဲ့ရဲ့လှုပ်ရှားမှုအားလုံးကို နောက်အမိန့်တစုံတရာ မထုတ်ပြန်မချင်း ရပ်ဆိုင်းထားဖို့ပါ ပြောကြားထားတာပါ။

ARSPH အဖွဲ့ခေါင်းဆောင် Mohib Ullah ဟာ ကျောင်းဆရာဟောင်းတဦးဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာအစည်းအဝေးတွေမှာ ဦးဆောင်ပြောကြားနေသူ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ နှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကို သြဂုတ်လက ဦးဆောင်ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမှာ ဒုက္ခသည် ၂ သိန်းနဲ့ လူထုစုဝေးပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေး ဘာမှ ရှေ့တိုးမလုပ်ဆောင်နိုင်ဘဲ ဖြစ်နေချိန်မှာ ဒီလို လူထုစုဝေးပွဲ ကျင်းပခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် ဒေသခံအသိုင်းအဝိုင်းဘက်က စိုးရိမ်မှုတွေ တိုးလာခဲ့သလို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကလည်း အင်တာနက်ဆက်သွယ်မှု ဖြတ်တောက် ကန့်သတ်တာတွေ၊ ဒုက္ခသည်စခန်းတွေကို သံဆူးကြိုးခတ်ခိုင်းတာတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီး Mahbub Alam Talukder ကတော့ ဒုက္ခသည်စခန်းတွေမှာ လူထုအစည်းဝေးလုပ်ဖို့ သတ်မှတ်ထားတဲ့စင်တာတွေ ဆောက်ပေး ထားတာဖြစ်ပြီး အဲဒီနေရာတွေမှာပဲကျင်းပဖို့ ဒုက္ခသည်အသိုင်းအဝိုင်း ခေါင်းဆောင်တွေကို ပြောထားကြောင်းနဲ့ ဘယ်ရုံးခန်းကိုမှ ပိတ်တာမရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ဒုက္ခသည်စခန်းအားလုံးအတွက် တရားဥပဒေစိုးမိုးဖို့ ချမှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ခွင့်မပြုဘူးလို့ ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့အမည်ကို မြန်မာနိုင်ငံဘက်ကတော့ အသိအမှတ်မပြုပါဘူး။

XS
SM
MD
LG