(Zawgyi/Unicode)
ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရးအတြက္ ႏွစ္ဘက္ အစိုးရတာဝန္ရွိသူေတြက အစီအစဥ္ ဆြဲေဆာင္႐ြက္ေနၾကေပမယ့္လို႔ ႏွစ္ဘက္ သေဘာတူညီခ်က္ အစီအစဥ္အရ ျပန္လည္ဝင္ေရာက္သူေတြ ဒီေန႔အထိ မရွိေသးပါဘူး။ ဒါေပမဲ့ ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ ျမန္မာႏိုင္ငံထဲ ျပန္ဝင္လာၾကတဲ့ ဒုကၡသည္ အေရအတြက္ကေတာ့ ၄၀၀ ေက်ာ္လာပါၿပီ။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရး အေျခအေနနဲ႔ ပတ္သက္လို႔ စုစု ေမးျမန္းသတင္းေပးပို႔ထားပါတယ္။
ေနရပ္ျပန္ဖို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က ေပးပို႔လာတဲ့ ဒုကၡသည္ ၂၂,၄၃၂ ဦးထဲက ၂၁,၂၄၃ ဦးကို စိစစ္ေဆာင္႐ြက္ၿပီးေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ အဲဒီထဲက ၃,၄၅၀ ဦးစာရင္းကို ႏွစ္ဘက္အစီအစဥ္နဲ႔ လက္ခံေရးေဆာင္႐ြက္ဖို႔ ၿပီးခဲ့တဲ့ ဇူလိုင္လကတည္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ျပန္ေပးပို႔ထားတယ္လို႔လည္း ႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ဒါေပမဲ့ စိစစ္တဲ့ေနရာမွာ ဘယ္ႏွစ္ဦးက ျငင္းပယ္တယ္ဆိုတာကိုေတာ့ အေသးစိတ္ ထုတ္ျပန္တာမ်ိဳး မရွိပါဘူး။
ေနရပ္ျပန္သူေတြကို စိစစ္ေဆာင္႐ြက္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး ေတာင္ၿပိဳလက္ဝဲ လက္ခံေရးစခန္းက လူဝင္မႈႀကီးၾကပ္ေရးဌာန ဒုၫႊန္ၾကားေရးမႉး ဦးေအာင္ၿဖိဳးဟန္က ေျပာပါတယ္။
“အသုတ္လိုက္ ခြဲစစ္တယ္ က်ေနာ္တို႔။ ခြဲစစ္တယ္ဆိုတာ က်ေနာ္တို႔ဘက္ကေတာ့ ဒီမွာ အမွန္တကယ္ ေနထိုင္ခဲ့ဖူးသူ ဟုတ္၊ မဟုတ္ က်ေနာ္တို႔ စစ္တာေပါ့ေနာ္။ ျပည္ထဲေရးဘက္ကေတာ့ သူတို႔ျပစ္မႈဆိုင္ရာ တစုံတရာ ၿငိစြန္းမႈရွိ၊ မရွိေပါ့ေနာ္။ အဲဒါနဲ႔ စစ္တယ္ေပါ့။ အဲႏွစ္ခု က်ေနာ္တို႔ ေပါင္းၿပီးေတာ့မွ စိစစ္ၿပီးတဲ့ အခ်က္ေတြေပါ့။ သူတို႔ဝင္လာရင္ ဒီအဖြဲ႔ေတြထဲက ျပန္ၿပီးေတာ့မွ Check (စစ္ေဆး) လုပ္ၿပီးမွ ဒါကိုခြင့္ျပဳၿပီးၿပီဆိုေတာ့မွ G to G (အစိုးရခ်င္း) ေပါ့ေနာ္။ အဲလိုမ်ိဳးစိစစ္ေပးထားတာ ရွိပါတယ္ခင္ဗ်။ က်ေနာ္တို႔ ၄၀၀ ေက်ာ္ကေတာ့ UEHRD အစီအစဥ္နဲ႔ မိမိဆႏၵသေဘာအေလ်ာက္ ဒါ က်ေနာ္တို႔ G to G မဟုတ္ဘဲနဲ႔ သူတို႔ျပန္ဝင္လာတဲ့ အဖြဲ႔ေတြေပါ့ေနာ္။”
ဒုကၡသည္ျပန္လည္ လက္ခံေရးနဲ႔ ပတ္သက္ၿပီး ႏွစ္ဘက္ အစိုးရအၾကား အျပန္အလွန္စာရင္း ပို႔ေဆာင္တာေတြ ရွိေနေပမယ့္လည္း ႏွစ္ဘက္ အစိုးရပူးတြဲ အစီအစဥ္အရ ျပန္ဝင္လာတဲ့ ဒုကၡသည္ေတြေတာ့ အခုထိ မရွိေသးပါဘူး။ ဒါေပမဲ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္၀င္လာတဲ့ ဒုကၡသည္ေတြကို ျမန္မာဘက္က သီးျခား စီစစ္ဖို႔ ေတာင္ၿပိဳလက္ဝဲနဲ႔ ငါးခူရစခန္းတို႔မွာ လက္ခံေနရာခ်ထားေပးေနပါတယ္။ ဒါေပမဲ့လည္း ျပန္လည္ ဝင္ေရာက္လာသူအမ်ားစုက လုံၿခဳံေရးအေျခအေနေၾကာင့္ သူတို႔ေတြရဲ ႕ ေဆြမ်ိဳးနီးစပ္အိမ္မွာသာ ေနထိုင္ၾကတာ မ်ားတယ္လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။
“လုံၿခဳံေရး အေျခအေနအရေပါ့။ မသြားခ်င္ေသးဘူးဆိုတာ သူတို႔ျပန္ဝင္လာတည္းက ဟိုဘက္မွာက ျပန္သြားရင္သတ္မယ္၊ ျပဳမယ္နဲ႔ ၿခိမ္းေျခာက္မႈေတြရွိတာကို ဘဂၤလားေဒ့ရွ္ဘက္မွာေလ။ က်န္တာေတာ့ မရွိပါဘူး။ အမ်ားအလိုက္ ျပန္ဝင္လာရင္ေတာ့ သူတို႔ေနရာခ်ဖို႔ ျမန္တာေပါ့ဗ်ာ။ သူတို႔ဟာနဲ႔ သူတို႔ျပန္ဝင္လာေတာ့ က်ေနာ္လည္း ျပန္ေနရာခ်ဖို႔က နည္းနည္း စီစဥ္ရခက္တာေပါ့။ က်န္တာေတာ့ သိပ္အခက္အခဲ မရွိပါဘူး။ သူတို႔လည္း ဒီတိုင္းေအးေအးခ်မ္းခ်မ္း ေနၾကတာပဲ။ ဒီက ၿမိဳ႕ေပၚမွာရွိတဲ့ တိုင္းရင္းသားကလည္း ဘာမွျပႆနာ မရွာပါဘူး။”
အစိုးရက ျပန္လည္ ဝင္ေရာက္လာသူေတြကို စားနပ္ရိကၡာ ေထာက္ပံ့ေပးေနၿပီး သူတို႔ကိုယ္တိုင္ကလည္း ရွာေဖြစားေသာက္ေနတယ္လို႔ ဦးစိုးေအာင္က အခုလို ဆက္ေျပာပါတယ္။
“အဓိကေတာ့ သူတို႔က အရင္ကေတာ့ ႐ြာေတြကဆိုေတာ့ စိုက္ပ်ိဳးေရးေပါ့ဗ်ာ။ စိုက္ပ်ိဳးေရးတို႔၊ ပုစြန္ကန္ေတြ ေမြးျမဴေရးေပါ့။ ဒါေပမဲ့ ခုကက်ေတာ့လည္း ဘယ္လိုေျပာမလဲ နီးစပ္ရာ နီးစပ္ရာေပါ့။ သူတို႔ေဆြမ်ိဳးေတြနဲ႔ ေပါင္းလုပ္တာေတြ ရွိမယ္။ ေနာက္ ေန႔စားလုပ္တာေတြ ရွိတာေပါ့ေနာ္။”
ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္ဝင္လာသူေတြကို ျမန္မာအစိုးရက ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ ကူညီေထာက္ပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရးနဲ႔ ဖြံ႕ၿဖိဳးေရးစီမံကိန္း (UEHRD) အစီအစဥ္နဲ႔ ျပန္လည္လက္ခံေနတာပါ။
တဘက္ႏိုင္ငံကို ထြက္ေျပးသြားၾကသူေတြကို ႐ိုဟင္ဂ်ာလို႔ ေခၚဆိုမႈအေပၚ ျမန္မာအစိုးရက လက္မခံေပမဲ့ ဒုကၡသည္ေတြေနရပ္ ျပန္ႏိုင္ေရးအတြက္ကိုေတာ့ အာစီယံအဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနသလို၊ UNDP ၊ UNHCR အဖြဲ႕ေတြနဲ႔လည္း MOU လက္မွတ္ေရးထိုးၿပီး ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။
[Unicode Version]
ရိုဟင်ဂျာဒုက္ခသည်များနေရပ်ပြန်ရေး နောက်ဆုံးအခြေအနေ
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက် အစိုးရတာဝန်ရှိသူတွေက အစီအစဉ် ဆွဲဆောင်ရွက်နေကြပေမယ့်လို့ နှစ်ဘက် သဘောတူညီချက် အစီအစဉ်အရ ပြန်လည်ဝင်ရောက်သူတွေ ဒီနေ့အထိ မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာကြတဲ့ ဒုက္ခသည် အရေအတွက်ကတော့ ၄၀၀ ကျော်လာပါပြီ။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အခြေအနေနဲ့ ပတ်သက်လို့ စုစု မေးမြန်းသတင်းပေးပို့ထားပါတယ်။
နေရပ်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့လာတဲ့ ဒုက္ခသည် ၂၂,၄၃၂ ဦးထဲက ၂၁,၂၄၃ ဦးကို စိစစ်ဆောင်ရွက်ပြီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက ၃,၄၅၀ ဦးစာရင်းကို နှစ်ဘက်အစီအစဉ်နဲ့ လက်ခံရေးဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပေးပို့ထားတယ်လို့လည်း နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမဲ့ စိစစ်တဲ့နေရာမှာ ဘယ်နှစ်ဦးက ငြင်းပယ်တယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိပါဘူး။
နေရပ်ပြန်သူတွေကို စိစစ်ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းက လူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေးမှူး ဦးအောင်ဖြိုးဟန်က ပြောပါတယ်။
“အသုတ်လိုက် ခွဲစစ်တယ် ကျနော်တို့။ ခွဲစစ်တယ်ဆိုတာ ကျနော်တို့ဘက်ကတော့ ဒီမှာ အမှန်တကယ် နေထိုင်ခဲ့ဖူးသူ ဟုတ်၊ မဟုတ် ကျနော်တို့ စစ်တာပေါ့နော်။ ပြည်ထဲရေးဘက်ကတော့ သူတို့ပြစ်မှုဆိုင်ရာ တစုံတရာ ငြိစွန်းမှုရှိ၊ မရှိပေါ့နော်။ အဲဒါနဲ့ စစ်တယ်ပေါ့။ အဲနှစ်ခု ကျနော်တို့ ပေါင်းပြီးတော့မှ စိစစ်ပြီးတဲ့ အချက်တွေပေါ့။ သူတို့ဝင်လာရင် ဒီအဖွဲ့တွေထဲက ပြန်ပြီးတော့မှ Check (စစ်ဆေး) လုပ်ပြီးမှ ဒါကိုခွင့်ပြုပြီးပြီဆိုတော့မှ G to G (အစိုးရချင်း) ပေါ့နော်။ အဲလိုမျိုးစိစစ်ပေးထားတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ၄၀၀ ကျော်ကတော့ UEHRD အစီအစဉ်နဲ့ မိမိဆန္ဒသဘောအလျောက် ဒါ ကျနော်တို့ G to G မဟုတ်ဘဲနဲ့ သူတို့ပြန်ဝင်လာတဲ့ အဖွဲ့တွေပေါ့နော်။”
ဒုက္ခသည်ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး နှစ်ဘက် အစိုးရအကြား အပြန်အလှန်စာရင်း ပို့ဆောင်တာတွေ ရှိနေပေမယ့်လည်း နှစ်ဘက် အစိုးရပူးတွဲ အစီအစဉ်အရ ပြန်ဝင်လာတဲ့ ဒုက္ခသည်တွေတော့ အခုထိ မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဝင်လာတဲ့ ဒုက္ခသည်တွေကို မြန်မာဘက်က သီးခြား စီစစ်ဖို့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတို့မှာ လက်ခံနေရာချထားပေးနေပါတယ်။ ဒါပေမဲ့လည်း ပြန်လည် ဝင်ရောက်လာသူအများစုက လုံခြုံရေးအခြေအနေကြောင့် သူတို့တွေရဲ့ ဆွေမျိုးနီးစပ်အိမ်မှာသာ နေထိုင်ကြတာ များတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
“လုံခြုံရေး အခြေအနေအရပေါ့။ မသွားချင်သေးဘူးဆိုတာ သူတို့ပြန်ဝင်လာတည်းက ဟိုဘက်မှာက ပြန်သွားရင်သတ်မယ်၊ ပြုမယ်နဲ့ ခြိမ်းခြောက်မှုတွေရှိတာကို ဘင်္ဂလားဒေ့ရှ်ဘက်မှာလေ။ ကျန်တာတော့ မရှိပါဘူး။ အများအလိုက် ပြန်ဝင်လာရင်တော့ သူတို့နေရာချဖို့ မြန်တာပေါ့ဗျာ။ သူတို့ဟာနဲ့ သူတို့ပြန်ဝင်လာတော့ ကျနော်လည်း ပြန်နေရာချဖို့က နည်းနည်း စီစဉ်ရခက်တာပေါ့။ ကျန်တာတော့ သိပ်အခက်အခဲ မရှိပါဘူး။ သူတို့လည်း ဒီတိုင်းအေးအေးချမ်းချမ်း နေကြတာပဲ။ ဒီက မြို့ပေါ်မှာရှိတဲ့ တိုင်းရင်းသားကလည်း ဘာမှပြဿနာ မရှာပါဘူး။”
အစိုးရက ပြန်လည် ဝင်ရောက်လာသူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေပြီး သူတို့ကိုယ်တိုင်ကလည်း ရှာဖွေစားသောက်နေတယ်လို့ ဦးစိုးအောင်က အခုလို ဆက်ပြောပါတယ်။
“အဓိကတော့ သူတို့က အရင်ကတော့ ရွာတွေကဆိုတော့ စိုက်ပျိုးရေးပေါ့ဗျာ။ စိုက်ပျိုးရေးတို့၊ ပုစွန်ကန်တွေ မွေးမြူရေးပေါ့။ ဒါပေမဲ့ ခုကကျတော့လည်း ဘယ်လိုပြောမလဲ နီးစပ်ရာ နီးစပ်ရာပေါ့။ သူတို့ဆွေမျိုးတွေနဲ့ ပေါင်းလုပ်တာတွေ ရှိမယ်။ နောက် နေ့စားလုပ်တာတွေ ရှိတာပေါ့နော်။”
ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဝင်လာသူတွေကို မြန်မာအစိုးရက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အစီအစဉ်နဲ့ ပြန်လည်လက်ခံနေတာပါ။
တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုမှုအပေါ် မြန်မာအစိုးရက လက်မခံပေမဲ့ ဒုက္ခသည်တွေနေရပ် ပြန်နိုင်ရေးအတွက်ကိုတော့ အာစီယံအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသလို၊ UNDP ၊ UNHCR အဖွဲ့တွေနဲ့လည်း MOU လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။