သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်း ပဋိပက္ခ အရပ်သားလုံခြုံရေး ကုလတောင်းဆို


မှတ်တမ်းဓာတ်ပုံ- မြစ်ကြီးနား Trinity Baptist ခရစ်ယာန် ဘုရားကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်အမျိုးသမီးနဲ့ ကလေးငယ်။ မေ ၆ ၂၀၁၈
မှတ်တမ်းဓာတ်ပုံ- မြစ်ကြီးနား Trinity Baptist ခရစ်ယာန် ဘုရားကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်အမျိုးသမီးနဲ့ ကလေးငယ်။ မေ ၆ ၂၀၁၈

ရခိုင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်နဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ ဘေးဒဏ် သင့်ရတာဟာ သိပ်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာရောက်နေပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။

“ပဋိပက္ခမှာ ပါဝင်နေသူအားလုံး အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားကြဖို့၊ နိုင်ငံတကာ လူသားစာနာမှုဆိုင်ရာ ဥပဒေကို လိုက်နာကြဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လိုအပ်နေသူတွေကို အကူအညီပေးနိုင်ရေး လမ်းဖွင့်ပေးကြဖို့ ကျနော်တို့ ဆက်ပြီး တောင်းဆိုပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်းလင်းပွဲ အတွင်း ပြောသွားပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ လက်ရှိ အိုးအိမ်စွန့် ထွက်ပြေးနေရသူပေါင်း ၄၀,၀၀၀ ကျော်ရှိြ့ပီး ဒီအရေအတွက်ဟာ အောက်တိုဘာ လကုန်ပိုင်း ကတည်းကဆိုရင် ၈,၀၀၀ ထက်မနည်း တိုးလာတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ဒီဒေသခံတွေ အပြင် ရခိုင်ပြည် နယ်မှာ ရိုဟင်ဂျာ အများစုပါဝင်တဲ့ လူပေါင်း ၁၂၈,၀၀၀ ဟာလည်း စခန်းတွေမှာ နေထိုင်နေကြရပြီး သူတို့ထဲက အတော်များများ ဟာ စခန်းတွေထဲမှာ နေနေရတာ ၇ နှစ်ကျော်သွားပြီလို့လည်း ပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးနှုန်း တာကို လက်မခံပါဘူး။

လိုအပ်နေသူတွေကို ကုလသမဂ္ဂနဲ့ တခြား လက်တွဲလုပ်ဆောင်နေတဲ့ လူသားစာနာမှု အကူအညီပေး အဖွဲ့တွေ သွားရောက် ကူညီ နိုင်ရေးဟာ လုံခြုံမှုမရှိတာနဲ့ ရခိုင်ပြည်နယ်မှာ ကန့်သတ်ထားတာတွေကြောင့် အခက်အခဲ တွေ့နေရတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဒီနှစ်အတွင်း ပဋိပက္ခတွေကြောင့် လူပေါင်း ၂၅,၀၀၀ နီးပါး ယာယီ အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပြီး အရင်နှစ် က ၂၂,၀၀၀ နီးပါး အိုးအိမ်စွန့် ထွက်ပြေးခဲ့ရတာနဲ့စာရင် ပိုများလာတယ်လို့လည်း ကုလသမဂ္ဂကပြောပါတယ်။

မြန်မာပြည်တွင်း ပဋိပက္ခ အရပ်သားလုံခြုံရေး ကုလတောင်းဆို
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG