သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နမ့္ဆန္တိုက္ပြဲ စစ္ေရွာင္ ၁၀၀၀ ေက်ာ္ထိ တိုးလာ


(သတင္းဓာတ္ပံု - ဦးေအာင္ျမင့္)

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆမ္ျမိဳ႕နယ္အတြင္းမွာ တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းမႈေတြ လုပ္ေဆာင္ေနတာမွာ တေအာန္းလက္နက္ကိုင္ TNLA နဲ႔ ႏွစ္ဘက္ပစ္ခတ္မႈေတြ ရွိတဲ့အေၾကာင္း တပ္မေတာ္ဘက္က အတည္ျပဳ ေျပာဆုိပါတယ္။ လက္နက္ၾကီးထိမွန္လို႔ ဒဏ္ရာရသူေတြ ရွိသလို အနီးနားေက်းရြာေတြကို ထြက္ေျပးလာတဲ့ စစ္ေရွာင္အေရအတြက္ဟာ ရက္ပိုင္းအတြင္း ၁,၀၀၀ ေက်ာ္သြားျပီလို႔ ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနသူေတြက ေျပာပါတယ္။ နမ့္ဆန္ျမိဳ႕တိုက္ပြဲ ေနာက္ဆုံးအေျခအေနကို ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္း ေပးပို႔ထားပါတယ္။

နမ့္ဆန္ျမိဳ႕ ေတာင္ရိုးေစတီတဝိုက္မွာ ဒီေန႔လည္း ပစ္ခတ္မႈေတြရွိျပီး တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းတဲ့အခ်ိန္မွာ လက္နက္ၾကီးေတြ ရဟတ္ယာဥ္ေတြ သံုးစြဲခဲ့တယ္ဆိုတာ ဟုတ္မွန္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ နမ့္ဆန္ျမိဳ႕ကို အေပၚစီးက လႊမ္းမိုးထားတဲ့ေနရာမွာ TNLA တပ္ဖြဲ႔ေတြက ဝင္ေရာက္ေနရာယူထားတဲ့အတြက္ အခုလိုတိုက္ခိုက္မႈေတြ ျဖစ္လာတာလို႔ သူကေျပာပါတယ္။

“က်ေနာ္တို႔ဆီကေတာ့ ေတာင္ရိုးေစတီမွာရွိတဲ့ TNLA ေနရာကိုပဲ ပစ္ခတ္တာျဖစ္တယ္။ အျပန္အလွန္ ပစ္ခတ္မႈေတာ့ရွိတယ္။ ဒဏ္ရာရရွိမႈနဲ႔ ပတ္သက္လို႔ကေတာ့ တေယာက္ေသဆံုးတယ္ဆိုတာ သတင္းအရေတာ့သိရတယ္။ ဒါေတာ့ ဘယ္သူ႔ၾကားထဲမွာ ျဖစ္တယ္ဆိုတာေတာ့ က်ေနာ္တို႔ မသိပါဘူး။ ဒီနယ္ေျမသည္ နမ့္ဆန္မွာရွိေနတဲ့ ေတာင္ရိုးေစတီဆိုတာ နမ့္ဆန္နဲ႔ မီတာ ၅,၀၀၀ ေလာက္ပဲကြာတယ္။ နမ့္ဆန္ျမိဳ႕ကို ေႏွာက္ယွက္ပစ္ခတ္ႏုိင္တဲ့ေနရာျဖစ္တယ္။ အစိုးရရဲ႕အုပ္ခ်ဳပ္မႈအဆင့္ဆင့္ကို မထိခိုက္ေအာင္ ေဆာင္ရြက္ဖို႔ က်ေနာ္တို႔ ေျပာျပီးသားပါ။ နယ္ေျမတိုးခ်ဲ႕တာေတြ အင္အားတိုးခ်ဲ႕တာေတြ မလုပ္ပါနဲ႔လို႔ က်ေနာ္တို႔ ေျပာထားျပီးသား ျဖစ္တယ္။ ဒါေတြလုပ္လာရင္ လိုအပ္တဲ့အေရးယူေဆာက္ရြက္မႈ ျပဳလုပ္မယ္လို႔ က်ေနာ္တို႔ ေၾကညာေျပာထားျပီးျဖစ္တယ္။”

TNLA တေအာန္း လက္နက္ကိုင္တပ္ေတြဟာ ေတာင္ရိုးေစတီရဲ႕ ေတာင္ကုန္းေတြေပၚမွာ တပ္စြဲထားတဲ့အတြက္ နယ္ေျမရွင္းလင္းတဲ့အေနနဲ႔ အခုလိုပစ္တာလို႔ တပ္မေတာ္ဘက္က အတည္ျပဳထားျပီး၊ TNLA ကေတာ့ တပ္မေတာ္က နမ့္ဆန္ျမိဳ႕တပ္စခန္းကေန ရြာထဲကို စက္တင္ဘာ လက္နက္ၾကီးနဲ႔ အၾကိမ္မ်ားစြာ ပစ္ခတ္ခဲ့တယ္လို႔ သတင္း ထုတ္ျပန္ခဲ့ပါတယ္။ ဒီလိုႏွစ္ဘက္ ပစ္ခတ္မႈေတြေၾကာင့္ ထိခိုက္ ဒဏ္ရာရသူတခ်ိဳ႕လည္း ရွိခဲ့တာပါ။

တပ္မေတာ္ဘက္က နမ့္ဆန္ျမိဳ႕တပ္စခန္း၊ ဇယန္းၾကီးျမသပိတ္နဲ႔ ပန္ေလာ ပတၱျမားေစတီကေန နမ့္ဆန္ျမိဳ႕ ေျမာက္ဘက္ေက်းရြာေတြကို လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္ခဲ့ျပီး ရဟတ္ယာဥ္ႏွစ္စင္းနဲ႔ တိုက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တုိက္ပြဲေတြေၾကာင့္ ဇယန္းၾကီးရြာ၊ ကယားၾကီးရြာအုပ္စုနဲ႔ ပန္စရီေက်းရြာ အဲဒီ သံုးရြာမွာ စစ္ေရွာင္လာတဲ့သူက ရက္ပိုင္းအတြင္းအေယာက္ ၁,၀၀၀ ေက်ာ္ရွိေနျပီး ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြလည္း လံုျခံဳေရးအေျခအေနေတြေၾကာင့္ မေရာက္ေသးေၾကာင္း တေအာန္း အမ်ိဳးသမီးမ်ားအဖြဲ႔ (နမ့္ဆန္) က ေလြးေအးမိုင္က ဗြီအိုေအကုိေျပာပါတယ္။

“ရက္ပိုင္းလိုလိုပါပဲ ျပင္းထန္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပထမေန႔ ၁၃ရက္ေန႔ သူတို႔စပစ္ကတည္းက မနက္နည္းနည္းပါးပါးပစ္တယ္ ညေနရဟတ္ယာဥ္နဲ႔ လာတယ္ ဒုတိယေန႔လည္းအဲဒီလိုပါပဲ မနက္ပိုင္းသူတို႔ကပစ္တယ္ လက္နက္ၾကီး၊ လက္နက္ငယ္နဲ႔ ပစ္ၾကတယ္၊ ညေနပိုင္းရဟတ္ယာဥ္နဲ႔ လာတယ္။ အေရးေပၚ အေျခအေနက အဲဒီ ကယားၾကီးရယ္၊ ပန္စရီရယ္ အဲဒီႏွစ္ရြာကေတာ့ တကယ့္အေရးေပၚ လိုအပ္ခ်က္ေတြရွိတယ္။ တကယ္လည္း လိုအပ္ေနတယ္ သူတို႔ဆီမွာ တကယ္အလွဴရွင္လည္း မရွိေသးဘူး ဘယ္အဖြဲ႔မွလည္း မေရာက္ႏိုင္ေသးဘူး။”

ကြတ္ခိုင္ျမိဳ႕က ကယ္ဆယ္ေရးအဖြဲ႔တခ်ိဳ႕လည္း နမ့္ဆန္ျမိဳ႕ကိုေရာက္ေနပါတယ္။ ျဗဟၼစိုရ္ႏွလံုးသား အဖြဲ႔က ဦးတင္ဝင္းက အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ အခုမ်က္လံုးအျမင္နဲ႔ဆိုရင္ ဇယန္းၾကီးေက်ာင္းမွာတင္ လူ ၁,၀၀၀ နီးပါးေလာက္ရွိတယ္ဗ်။ သူတို႔ အဲဒီတပ္ကုန္းကလည္း ပစ္ေနတဲ့အသံေတြ ၾကားေနရေသးတယ္ အခုထိ။ ဆန္၊ ဆီ၊ ဆား၊ စားစရာ ေသာက္စရာ အျပည့္အစံုနဲ႔ ဒီမွာလာျပီး အကူအညီေပးေနတာေပါ႔ က်ေနာ္တို႔ တတ္ႏိုင္သေလာက္။”

တရုတ္ျပည္သူ႔ သမၼတႏုိင္ငံရဲ႕ ၾကားဝင္ေစ႔စပ္ေပးမႈနဲ႔ စက္တင္ဘာ ၁၇ ရက္ တပ္မေတာ္နဲ႔ TNLA, MNDAA, AA မဟာမိတ္သံုးဖြဲ႔ ဒုတိယ အၾကိမ္ က်ိဳင္းတံုေတြ႔ဆံုပြဲ မတိုင္ခင္မွာ ျမန္မာစစ္တပ္က စစ္ေရးလႈပ္ရွားတာေတြ ေၾကညာထားတဲ့အတိုင္း မလိုက္နာတာဟာ ရွိထားတဲ့တည္ျငိမ္မႈကို ပိုျပီး ဆိုးသြားႏုိင္တယ္လို႔ မဟာမိတ္သံုးဖြဲ႔က စက္တင္ဘာ ၁၄ေန႔စြဲနဲ႔ သတင္းထုတ္ျပန္ထားတာလည္း ျဖစ္ပါတယ္။

ဒီေန႔ ေန႔လည္ ၂ နာရီခြဲေလာက္ကလည္း TNLA တေအာန္း လက္နက္ကိုင္တပ္ဖြဲ႔နဲ႔ RCSS ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီတုိ႔ တုိက္ပြဲျဖစ္ပြားခဲ့ေၾကာင္း TNLA က ဒီကေန႔ညေနပုိင္းမွာ သတင္းထုတ္ျပန္ပါတယ္။

[Unicode Version]

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆမ်မြို့နယ်အတွင်းမှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတာမှာ တအောန်းလက်နက်ကိုင် TNLA နဲ့ နှစ်ဘက်ပစ်ခတ်မှုတွေ ရှိတဲ့အကြောင်း တပ်မတော်ဘက်က အတည်ပြု ပြောဆိုပါတယ်။ လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရသူတွေ ရှိသလို အနီးနားကျေးရွာတွေကို ထွက်ပြေးလာတဲ့ စစ်ရှောင်အရေအတွက်ဟာ ရက်ပိုင်းအတွင်း ၁,၀၀၀ ကျော်သွားပြီလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ နမ့်ဆန်မြို့တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က မေးမြန်း ပေးပို့ထားပါတယ်။

နမ့်ဆန်မြို့ တောင်ရိုးစေတီတဝိုက်မှာ ဒီနေ့လည်း ပစ်ခတ်မှုတွေရှိပြီး တပ်မတော်ဘက်က နယ်မြေရှင်းလင်းတဲ့အချိန်မှာ လက်နက်ကြီးတွေ ရဟတ်ယာဉ်တွေ သုံးစွဲခဲ့တယ်ဆိုတာ ဟုတ်မှန်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ နမ့်ဆန်မြို့ကို အပေါ်စီးက လွှမ်းမိုးထားတဲ့နေရာမှာ TNLA တပ်ဖွဲ့တွေက ဝင်ရောက်နေရာယူထားတဲ့အတွက် အခုလိုတိုက်ခိုက်မှုတွေ ဖြစ်လာတာလို့ သူကပြောပါတယ်။

“ကျနော်တို့ဆီကတော့ တောင်ရိုးစေတီမှာရှိတဲ့ TNLA နေရာကိုပဲ ပစ်ခတ်တာဖြစ်တယ်။ အပြန်အလှန် ပစ်ခတ်မှုတော့ရှိတယ်။ ဒဏ်ရာရရှိမှုနဲ့ ပတ်သက်လို့ကတော့ တယောက်သေဆုံးတယ်ဆိုတာ သတင်းအရတော့သိရတယ်။ ဒါတော့ ဘယ်သူ့ကြားထဲမှာ ဖြစ်တယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒီနယ်မြေသည် နမ့်ဆန်မှာရှိနေတဲ့ တောင်ရိုးစေတီဆိုတာ နမ့်ဆန်နဲ့ မီတာ ၅,၀၀၀ လောက်ပဲကွာတယ်။ နမ့်ဆန်မြို့ကို နှောက်ယှက်ပစ်ခတ်နိုင်တဲ့နေရာဖြစ်တယ်။ အစိုးရရဲ့အုပ်ချုပ်မှုအဆင့်ဆင့်ကို မထိခိုက်အောင် ဆောင်ရွက်ဖို့ ကျနော်တို့ ပြောပြီးသားပါ။ နယ်မြေတိုးချဲ့တာတွေ အင်အားတိုးချဲ့တာတွေ မလုပ်ပါနဲ့လို့ ကျနော်တို့ ပြောထားပြီးသား ဖြစ်တယ်။ ဒါတွေလုပ်လာရင် လိုအပ်တဲ့အရေးယူဆောက်ရွက်မှု ပြုလုပ်မယ်လို့ ကျနော်တို့ ကြေညာပြောထားပြီးဖြစ်တယ်။”

TNLA တအောန်း လက်နက်ကိုင်တပ်တွေဟာ တောင်ရိုးစေတီရဲ့ တောင်ကုန်းတွေပေါ်မှာ တပ်စွဲထားတဲ့အတွက် နယ်မြေရှင်းလင်းတဲ့အနေနဲ့ အခုလိုပစ်တာလို့ တပ်မတော်ဘက်က အတည်ပြုထားပြီး၊ TNLA ကတော့ တပ်မတော်က နမ့်ဆန်မြို့တပ်စခန်းကနေ ရွာထဲကို စက်တင်ဘာ လက်နက်ကြီးနဲ့ အကြိမ်များစွာ ပစ်ခတ်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုနှစ်ဘက် ပစ်ခတ်မှုတွေကြောင့် ထိခိုက် ဒဏ်ရာရသူတချို့လည်း ရှိခဲ့တာပါ။

တပ်မတော်ဘက်က နမ့်ဆန်မြို့တပ်စခန်း၊ ဇယန်းကြီးမြသပိတ်နဲ့ ပန်လော ပတ္တမြားစေတီကနေ နမ့်ဆန်မြို့ မြောက်ဘက်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်နှစ်စင်းနဲ့ တိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဇယန်းကြီးရွာ၊ ကယားကြီးရွာအုပ်စုနဲ့ ပန်စရီကျေးရွာ အဲဒီ သုံးရွာမှာ စစ်ရှောင်လာတဲ့သူက ရက်ပိုင်းအတွင်းအယောက် ၁,၀၀၀ ကျော်ရှိနေပြီး ကူညီကယ်ဆယ်ရေး အဖွဲ့တွေလည်း လုံခြုံရေးအခြေအနေတွေကြောင့် မရောက်သေးကြောင်း တအောန်း အမျိုးသမီးများအဖွဲ့ (နမ့်ဆန်) က လွေးအေးမိုင်က ဗွီအိုအေကိုပြောပါတယ်။

“ရက်ပိုင်းလိုလိုပါပဲ ပြင်းထန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမနေ့ ၁၃ရက်နေ့ သူတို့စပစ်ကတည်းက မနက်နည်းနည်းပါးပါးပစ်တယ် ညနေရဟတ်ယာဉ်နဲ့ လာတယ် ဒုတိယနေ့လည်းအဲဒီလိုပါပဲ မနက်ပိုင်းသူတို့ကပစ်တယ် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ကြတယ်၊ ညနေပိုင်းရဟတ်ယာဉ်နဲ့ လာတယ်။ အရေးပေါ် အခြေအနေက အဲဒီ ကယားကြီးရယ်၊ ပန်စရီရယ် အဲဒီနှစ်ရွာကတော့ တကယ့်အရေးပေါ် လိုအပ်ချက်တွေရှိတယ်။ တကယ်လည်း လိုအပ်နေတယ် သူတို့ဆီမှာ တကယ်အလှူရှင်လည်း မရှိသေးဘူး ဘယ်အဖွဲ့မှလည်း မရောက်နိုင်သေးဘူး။”

ကွတ်ခိုင်မြို့က ကယ်ဆယ်ရေးအဖွဲ့တချို့လည်း နမ့်ဆန်မြို့ကိုရောက်နေပါတယ်။ ဗြဟ္မစိုရ်နှလုံးသား အဖွဲ့က ဦးတင်ဝင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ အခုမျက်လုံးအမြင်နဲ့ဆိုရင် ဇယန်းကြီးကျောင်းမှာတင် လူ ၁,၀၀၀ နီးပါးလောက်ရှိတယ်ဗျ။ သူတို့ အဲဒီတပ်ကုန်းကလည်း ပစ်နေတဲ့အသံတွေ ကြားနေရသေးတယ် အခုထိ။ ဆန်၊ ဆီ၊ ဆား၊ စားစရာ သောက်စရာ အပြည့်အစုံနဲ့ ဒီမှာလာပြီး အကူအညီပေးနေတာပေါ့ ကျနော်တို့ တတ်နိုင်သလောက်။”

တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ စက်တင်ဘာ ၁၇ ရက် တပ်မတော်နဲ့ TNLA, MNDAA, AA မဟာမိတ်သုံးဖွဲ့ ဒုတိယ အကြိမ် ကျိုင်းတုံတွေ့ဆုံပွဲ မတိုင်ခင်မှာ မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားတာတွေ ကြေညာထားတဲ့အတိုင်း မလိုက်နာတာဟာ ရှိထားတဲ့တည်ငြိမ်မှုကို ပိုပြီး ဆိုးသွားနိုင်တယ်လို့ မဟာမိတ်သုံးဖွဲ့က စက်တင်ဘာ ၁၄နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်ကလည်း TNLA တအောန်း လက်နက်ကိုင်တပ်ဖွဲ့နဲ့ RCSS ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ဒီကနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG