သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္လက္ခံေရး အစီအစဥ္ၾကန႔္ၾကာမႈ ဘဂၤလားေဒ့ရွ္ကို အျပစ္တင္


လွဖိုးေခါင္ ၾကားစခန္း

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ေရာက္ေနတဲ့ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရးလုပ္ငန္းေတြ ေႏွာင့္ေႏွးၾကန႔္ၾကာေနရတာေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ပ်က္ကြက္မႈေၾကာင့္ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံျခားေရးအႀကီးတန္အရာရွိတဦးက ေဝဖန္လိုက္ပါတယ္။

တဘက္မွာေတာ့ ဒုကၡသည္ျပန္ေခၚေရးမွာ ဒုကၡသည္ေတြဘက္က ယုံၾကည္အားကိုးေလာက္တဲ့ လုပ္ရပ္မ်ိဳးေတြကို ျမန္မာဘက္က လုပ္ေဆာင္ဖို႔လိုမယ္လို႔ အႀကံျပဳၾကပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးအစီအစဥ္ ေနာက္ဆုံးအေျခအေနေတြကို ေမခ စုံစမ္းေမးျမန္းထားပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးအစီအစဥ္အတြက္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အတိုင္း ဘဂၤလားေဒ့ရွ္က လိုအပ္တဲ့အခ်က္အလက္ေတြကိုေပးဖို႔ ပ်က္ကြက္တာ၊ အေၾကာင္းျပန္ၾကားဖို႔ ပ်က္ကြက္တာေတြေၾကာင့္ အစီအစဥ္ေတြ ၾကန႔္ၾကာေနရတယ္လို႔ ျမန္မာႏိုင္ငံျခားေရးအႀကီးတန္အရာရွိတဦးက ေျပာတာပါ။ လက္ရွိအားျဖင့္ေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကေန ျမန္မာႏိုင္ငံဘက္ကို ျပန္လည္လက္ခံဖို႔ ေပးပို႔ထားတဲ့ ဒုကၡသည္လူဦးေရ စာရင္းဟာ လူဦးေရ ၁သိန္းခန႔္ ရွိၿပီး၊ အဲဒီအထဲ ျပန္လည္ေခၚယူဖို႔ ျမန္မာက စီစစ္လက္ခံထားတာ ေလးေသာင္း ခန႔္ ရွိတယ္လို႔ဆိုပါတယ္။ လက္ခံေရးစာခ်ဳပ္အရ သတ္မွတ္ထားတဲ့ အခ်က္အလက္ေတြ လိုအပ္ေနေသးတာေၾကာင့္ အခ်က္အလက္ေတြ ျပန္လည္ေတာင္းခံထားတာကို ဘဂၤလားေဒ့ရွ္ဘက္က ျပန္လည္ပို႔ေပးတာမရွိေသးလို႔ ေျပာပါတယ္။

ျပန္လည္လက္ခံေရးပိုင္းအတြက္ စိစစ္လုပ္ေဆာင္ေနတာနဲ႔ပတ္သတ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းမ်ားနဲ႔ ေစ့စပ္ေဆြးေႏြးေရးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအး က အခုလို ေျပာပါတယ္။

“သူတို႔အားလံုး ၁ သိန္းနီးပါေလာက္ က်ေနာ္တို႔ဘက္ကို ပို႔တယ္။ က်ေနာ္တို႔က စိစစ္ထားတာက ၃ ေသာင္းနဲ႔ ၄ ေသာင္းၾကားပဲ ရွိတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ေလာေလာဆည္ လက္ခံရရွိထားတာက သူတို႔ ေဖာင္ေတြက လက္ခံသေဘာတူထားတဲ့အတိုင္း ျဖစ္မလာဘူး။ အခ်က္ ၂ ခ်က္ က်န္ေသးတယ္။ အခ်က္ ၂ ခ်က္ကို ဘာလဲဆိုေတာ့ ခုနက သူတို႔ေျပာတဲ့ မိမိဆႏၵအေလ်ာက္ ျပန္ျခင္းျဖစ္ပါတယ္ဆိုတဲ့ အခ်က္ရယ္၊ ေနာက္ၿပီးရင္ ျမန္မာႏိုင္ငံရဲ႕ တည္ဆဲဥပေဒကို ေလးစားလိုက္နာပါမယ္ဆိုတဲ့ အခ်က္ ၂ ခ်က္မပါဘူ။ ဒါေပမယ့္လည္း က်ေနာ္တို႔က ဒါကို ၾကန္႔ၾကာေနမွာစိုးလို႔ အဲဒီအခ်က္ ၂ ခ်က္မပါေပမယ့္လည့္ လက္ခံေပးဖို႔ စိစစ္ေနတယ္။ ျမန္မာႏို္င္ငံမွာ ေနခဲ့ဘူးလား၊ မေနခဲ့ဘူးလား ဆိုတာကို ။ဓ

ၿပီးခဲ့တဲ့ ႏွစ္ေလာက္ထဲက စတင္အေကာင္အထည္ေဖာ္ေနတဲ့ ဒုကၡသည္ျပန္လည္ လက္ခံေရးက ၂ႀကိမ္တိုင္တိုင္ စီစဥ္ေဆာင္ ႐ြက္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ၂ႏိုင္ငံစလုံးကလည္း တဘက္နဲ႔တဘက္ အျပန္အလွန္ အျပစ္တင္ေနၾကပါတယ္။ ဒုကၡသည္ ေနရပ္ရင္း ျပန္ေရးအတြက္ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ၂ ႏိုင္ငံၾကား နားလည္မႈစာခြၽန္လႊာ ခ်ဳပ္ဆိုခဲ့တာ အခုဆို တႏွစ္ေက်ာ္ ၂ႏွစ္နီးပါး ရွိပါေတာ့မယ္။

လက္ခံႏိုင္ေရးအတြက္ စီစဥ္ထားတဲ့ သေဘာတူညီခ်က္ေတြနဲ႔ပတ္သတ္လို႔ အားနည္းခ်က္ေတြ ရွိလို႔ အခုလို လုပ္ငန္းေတြမေအာင္ မျမင္ျဖစ္ရတယ္လို႔ ေဝဖန္မႈေတြ ရွိေနပါတယ္။ ဒါေပမယ့္လည္း ျပန္လည္လက္ခံေရးပိုင္းနဲ႔ ပတ္သက္လို႔ အစိုးရဘက္က လုပ္ငန္းစဥ္တခုလုံးကို ျပန္သုံးသပ္ဖို႔လုပ္သြားဖို႔မရွိဘဲ ဒီနည္းအတိုင္းသာ ဆက္လက္ လုပ္ေဆာင္ မယ္လို႔ဆိုပါတယ္။

“အဓိကေတာ့ ၂ ႏိုင္ငံ ၾကားထဲပဲ၊ ကုလသမဂၢဆိုတာ က်ေနာ္တို႔ လိုအပ္မွပဲ အကူအညီေတာင္းတာေလ။ သူတို႔နဲ႔ က်ေနာ္တို႔ သေဘာတူညီခ်က္အတိုင္းကို သူတို႔ လိုက္ေဆာင္ရြက္ဖို႔ပဲ လိုတယ္ နံပတ္ ၁ ကေတာ့ ။ ဒါေပမယ့္လည္း ခုနေျပာသလို ဘဂၤလားေဒ့ရွ္က ေျပာေနတယ္၊ ျမန္မာႏိုင္ငံက conducive environment ကို မဖန္တီးေပးထား ဘူးလို႔ ေျပာေနတယ္။ သူတို႔ေတာင္းဆိုတာေတြရွိတယ္၊ Protection ထားေပးဖို႔တို႔ Citizenship ကိစၥတို႔ Accountability တို႔ အဲဒါေတြက ရွင္းရွင္းေျပာရရင္ တခ်ိဳ႕ဟာေတြက ဆက္သြားေနတာ ၊ ေနာက္ၿပီးေတာ့ Parallel သြားေနတာ တခ်ိဳ႕ဟာေတြက ဒါနဲ႔ လာခ်ိတ္တဲ့အခါမွာ ခုနက ျပႆနာ တက္သြားတာပဲ။ အဲဒီေတာ့ ဘဂၤလားေဒ့ရွ္ လုပ္ရပ္ကို ၾကည့္မယ္ဆိုရင္ ခန္႔မွန္းလို႔ ရတယ္။ Bilateral သိပ္ စိတ္မ၀င္စားဘူးလို႔ multilateral မွာ က်ေနာ္တို႔ကို ဖိအားေပးမယ္ဆိုတာမ်ိဳး ဒါအားလံုးသိတဲ့အတိုင္းပဲ သူ႔လုပ္ရပ္ေတြက ေဖာ္ျပေနတယ္။”

႐ိုဟင္ဂ်ာဒုကၡသည္ေတြကို စိစစ္ လက္ခံသြားဖို႔ ျမန္မာအစိုးရက ဘဂၤလားေဒ့ရ္ွႏိုင္ငံနဲ႔ေရာ ကုလသမဂၢ နဲ႔ပါ သေဘာတူစာခ်ဳပ္ေတြ ထိုးခဲ့ေပမယ့္ ႏိုဝင္ဘာလ ျပန္လည္ လက္ခံေရး အစီအစဥ္မွာေတာ့ ျမန္မာဘက္က ကုလသမဂၢနဲ႔ ညွိႏႈိင္းမႈ မရွိခဲ့သလို၊ ဒုကၡသည္ေတြ ေနရပ္ျပန္ေလာက္တဲ့အေျခအေနမျဖစ္ေသးဘူးလို႔ ကုလသမဂၢက အဲဒီတုန္းက တံု႔ျပန္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ အရ ျပန္လည္ဝင္ေရာက္လာသူေတြကို လက္ခံဖို႔အတြက္ ေတာင္ၿပိဳလက္ဝဲစခန္းနဲ႔ ငါးခူရ စခန္း တို႔ကို ထားရွိၿပီး လွဖိုးေခါင္ၾကားစခန္းကေန တဆင့္ သူတို႔ကို ျပန္လည္ေနရာခ် ထားေပး ဖို႔ လုပ္ေဆာင္ ေနပါတယ္။ ၂ႏိုင္ငံ သေဘာတူညီခ်က္နဲ႔ ျပန္လာႏိုင္မယ့္ အစီအစဥ္မေအာင္ျမင္ေပမယ့္ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္လာသူ ၄၀၀ ေက်ာ္အထိ ရွိသြားၿပီျဖစ္တာေၾကာင့္ ဒုကၡသည္လက္ခံေရးနဲ႔ပတ္သတ္လို႔ ဘယ္သူေတြက ပ်က္ကြက္ေနလဲဆိုတာ သိႏိုင္တယ္လို႔ ျမန္မာအစိုးရဘက္က ျပန္ေထာက္ျပ ေနပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၃၀ရက္ေန႔တုန္းက ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ဒုကၡသည္ လက္တဆုပ္စာေလာက္ ျပန္လာတာနဲ႔ ရခိုင္ျပည္နယ္ထဲမွာ အေျခအေနေတြ တိုးတက္မႈရွိလာၿပီလို႔ မေျပာႏိုင္ေၾကာင္း ေဖာ္ျပထားသလိုဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ကလည္း ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ႏိုင္ဖို႔ ႀကိဳးပမ္းရာမွာ ယုံၾကည္စိတ္ခ်ေအာင္ ျမန္မာအစိုးရက ေဆာင္႐ြက္ႏိုင္တာ မေတြ႕ရေၾကာင္း ဘဂၤလားေဒ့ရွ္ လႊတ္ေတာ္ကို ေျပာဆိုခဲ့ဖူးပါတယ္။

ကိုဖီအာနန္ ဦးေဆာင္ခဲ့တဲ့ ရခိုင္ျပည္နယ္ အႀကံေပးအဖြဲ႕ရဲ႕ အဖြဲ႕ဝင္ ဦးေအးလြင္ကေတာ့ အခုလို ျပန္လည္လက္ခံေရးပိုင္း မေအာင္မျမင္ ျဖစ္ေနရတာနဲ႔ ပတ္သတ္လို႔ အခုလို အႀကံေပးပါတယ္။

တိုက္႐ိုက္ လင့္ခ္


........................

ဒုက္ခသည်လက်ခံရေး အစီအစဉ်ကြန့်ကြာမှု ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနေရတာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပျက်ကွက်မှုကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးအကြီးတန်အရာရှိတဦးက ဝေဖန်လိုက်ပါတယ်။ တဘက်မှာတော့ ဒုက္ခသည်ပြန်ခေါ်ရေးမှာ ဒုက္ခသည်တွေဘက်က ယုံကြည်အားကိုးလောက်တဲ့ လုပ်ရပ်မျိုးတွေကို မြန်မာဘက်က လုပ်ဆောင်ဖို့လိုမယ်လို့ အကြံပြုကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ် နောက်ဆုံးအခြေအနေတွေကို မေခ စုံစမ်းမေးမြန်းထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်အတွက် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဘင်္ဂလားဒေ့ရှ်က လိုအပ်တဲ့အချက်အလက်တွေကိုပေးဖို့ ပျက်ကွက်တာ၊ အကြောင်းပြန်ကြားဖို့ ပျက်ကွက်တာတွေကြောင့် အစီအစဉ်တွေ ကြန့်ကြာနေရတယ်လို့ မြန်မာနိုင်ငံခြားရေးအကြီးတန်အရာရှိတဦးက ပြောတာပါ။ လက်ရှိအားဖြင့်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်လည်လက်ခံဖို့ ပေးပို့ထားတဲ့ ဒုက္ခသည်လူဦးရေ စာရင်းဟာ လူဦးရေ ၁သိန်းခန့် ရှိပြီး၊ အဲဒီအထဲ ပြန်လည်ခေါ်ယူဖို့ မြန်မာက စီစစ်လက်ခံထားတာ လေးသောင်း ခန့် ရှိတယ်လို့ဆိုပါတယ်။ လက်ခံရေးစာချုပ်အရ သတ်မှတ်ထားတဲ့ အချက်အလက်တွေ လိုအပ်နေသေးတာကြောင့် အချက်အလက်တွေ ပြန်လည်တောင်းခံထားတာကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လည်ပို့ပေးတာမရှိသေးလို့ ပြောပါတယ်။

ပြန်လည်လက်ခံရေးပိုင်းအတွက် စိစစ်လုပ်ဆောင်နေတာနဲ့ပတ်သတ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က အခုလို ပြောပါတယ်။

“သူတို့အားလုံး ၁ သိန်းနီးပါလောက် ကျနော်တို့ဘက်ကို ပို့တယ်။ ကျနော်တို့က စိစစ်ထားတာက ၃ သောင်းနဲ့ ၄ သောင်းကြားပဲ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လောလောဆည် လက်ခံရရှိထားတာက သူတို့ ဖောင်တွေက လက်ခံသဘောတူထားတဲ့အတိုင်း ဖြစ်မလာဘူး။ အချက် ၂ ချက် ကျန်သေးတယ်။ အချက် ၂ ချက်ကို ဘာလဲဆိုတော့ ခုနက သူတို့ပြောတဲ့ မိမိဆန္ဒအလျောက် ပြန်ခြင်းဖြစ်ပါတယ်ဆိုတဲ့ အချက်ရယ်၊ နောက်ပြီးရင် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကို လေးစားလိုက်နာပါမယ်ဆိုတဲ့ အချက် ၂ ချက်မပါဘူ။ ဒါပေမယ့်လည်း ကျနော်တို့က ဒါကို ကြန့်ကြာနေမှာစိုးလို့ အဲဒီအချက် ၂ ချက်မပါပေမယ့်လည့် လက်ခံပေးဖို့ စိစစ်နေတယ်။ မြန်မာနိုင်ငံမှာ နေခဲ့ဘူးလား၊ မနေခဲ့ဘူးလား ဆိုတာကို ။ဓ

ပြီးခဲ့တဲ့ နှစ်လောက်ထဲက စတင်အကောင်အထည်ဖော်နေတဲ့ ဒုက္ခသည်ပြန်လည် လက်ခံရေးက ၂ကြိမ်တိုင်တိုင် စီစဉ်ဆောင် ရွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၂နိုင်ငံစလုံးကလည်း တဘက်နဲ့တဘက် အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ဒုက္ခသည် နေရပ်ရင်း ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့တာ အခုဆို တနှစ်ကျော် ၂နှစ်နီးပါး ရှိပါတော့မယ်။

လက်ခံနိုင်ရေးအတွက် စီစဉ်ထားတဲ့ သဘောတူညီချက်တွေနဲ့ပတ်သတ်လို့ အားနည်းချက်တွေ ရှိလို့ အခုလို လုပ်ငန်းတွေမအောင် မမြင်ဖြစ်ရတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ပြန်လည်လက်ခံရေးပိုင်းနဲ့ ပတ်သက်လို့ အစိုးရဘက်က လုပ်ငန်းစဉ်တခုလုံးကို ပြန်သုံးသပ်ဖို့လုပ်သွားဖို့မရှိဘဲ ဒီနည်းအတိုင်းသာ ဆက်လက် လုပ်ဆောင် မယ်လို့ဆိုပါတယ်။

“အဓိကတော့ ၂ နိုင်ငံ ကြားထဲပဲ၊ ကုလသမဂ္ဂဆိုတာ ကျနော်တို့ လိုအပ်မှပဲ အကူအညီတောင်းတာလေ။ သူတို့နဲ့ ကျနော်တို့ သဘောတူညီချက်အတိုင်းကို သူတို့ လိုက်ဆောင်ရွက်ဖို့ပဲ လိုတယ် နံပတ် ၁ ကတော့ ။ ဒါပေမယ့်လည်း ခုနပြောသလို ဘင်္ဂလားဒေ့ရှ်က ပြောနေတယ်၊ မြန်မာနိုင်ငံက conducive environment ကို မဖန်တီးပေးထား ဘူးလို့ ပြောနေတယ်။ သူတို့တောင်းဆိုတာတွေရှိတယ်၊ Protection ထားပေးဖို့တို့ Citizenship ကိစ္စတို့ Accountability တို့ အဲဒါတွေက ရှင်းရှင်းပြောရရင် တချို့ဟာတွေက ဆက်သွားနေတာ ၊ နောက်ပြီးတော့ Parallel သွားနေတာ တချို့ဟာတွေက ဒါနဲ့ လာချိတ်တဲ့အခါမှာ ခုနက ပြဿနာ တက်သွားတာပဲ။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ် လုပ်ရပ်ကို ကြည့်မယ်ဆိုရင် ခန့်မှန်းလို့ ရတယ်။ Bilateral သိပ် စိတ်မဝင်စားဘူးလို့ multilateral မှာ ကျနော်တို့ကို ဖိအားပေးမယ်ဆိုတာမျိုး ဒါအားလုံးသိတဲ့အတိုင်းပဲ သူ့လုပ်ရပ်တွေက ဖော်ပြနေတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေကို စိစစ် လက်ခံသွားဖို့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ရော ကုလသမဂ္ဂ နဲ့ပါ သဘောတူစာချုပ်တွေ ထိုးခဲ့ပေမယ့် နိုဝင်ဘာလ ပြန်လည် လက်ခံရေး အစီအစဉ်မှာတော့ မြန်မာဘက်က ကုလသမဂ္ဂနဲ့ ညှိနှိုင်းမှု မရှိခဲ့သလို၊ ဒုက္ခသည်တွေ နေရပ်ပြန်လောက်တဲ့အခြေအနေမဖြစ်သေးဘူးလို့ ကုလသမဂ္ဂက အဲဒီတုန်းက တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက် အရ ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံဖို့အတွက် တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရ စခန်း တို့ကို ထားရှိပြီး လှဖိုးခေါင်ကြားစခန်းကနေ တဆင့် သူတို့ကို ပြန်လည်နေရာချ ထားပေး ဖို့ လုပ်ဆောင် နေပါတယ်။ ၂နိုင်ငံ သဘောတူညီချက်နဲ့ ပြန်လာနိုင်မယ့် အစီအစဉ်မအောင်မြင်ပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာသူ ၄၀၀ ကျော်အထိ ရှိသွားပြီဖြစ်တာကြောင့် ဒုက္ခသည်လက်ခံရေးနဲ့ပတ်သတ်လို့ ဘယ်သူတွေက ပျက်ကွက်နေလဲဆိုတာ သိနိုင်တယ်လို့ မြန်မာအစိုးရဘက်က ပြန်ထောက်ပြ နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဒုက္ခသည် လက်တဆုပ်စာလောက် ပြန်လာတာနဲ့ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေတွေ တိုးတက်မှုရှိလာပြီလို့ မပြောနိုင်ကြောင်း ဖော်ပြထားသလိုဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းရာမှာ ယုံကြည်စိတ်ချအောင် မြန်မာအစိုးရက ဆောင်ရွက်နိုင်တာ မတွေ့ရကြောင်း ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကို ပြောဆိုခဲ့ဖူးပါတယ်။

ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ် အကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင် ဦးအေးလွင်ကတော့ အခုလို ပြန်လည်လက်ခံရေးပိုင်း မအောင်မမြင် ဖြစ်နေရတာနဲ့ ပတ်သတ်လို့ အခုလို အကြံပေးပါတယ်။

XS
SM
MD
LG