(Unicode)
နိုင်ငံတကာ ခုံရုံးတွေမှာ တရားစွဲခံရတဲ့ အတွက် မြန်မာ့စီးပွားရေး အပေါ် ရိုက်ခတ်လာနိုင်ခြေ
မြန်မာနိုင်ငံတွင်းက လူနည်းစုတွေ အပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ အမှုဖွင့်ခံရတဲ့ အပြင် အာဂျင်တီးနား နိုင်ငံမှာလည်း မြန်မာ့ ခေါင်းဆောင်တွေကို အမှုဖွင့်လိုက်တာကြောင့် အမေရိကန် အပါအဝင် အထူးသဖြင့် အနောက် နိုင်ငံတွေရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်စေပါသလား။ အမေရိကန် လုပ်ငန်းတွေ အတွက် မြန်မာနိုင်ငံမှာ ဥပဒေ အကျိုးဆောင် လုပ်ငန်းတခု ထူထောင်လုပ်ကိုင်ခဲ့ဖူးသူ ဥပဒေ ပညာရှင် ဒေါက်တာ ဆလိုင်းငုံကျုံးလျန်နဲ့ ဆွေးနွေးမေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။