သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာ တရားစြဲလို႔ Rohingya ျပႆနာ ေျပလည္မလား


ICJ တြင္ အမႈရင္ဆုိင္ေရး ရွင္းလင္းပြဲသုိ႔ တက္ေရာက္လာသည့္ ထိပ္တန္းေခါင္းေဆာင္မ်ား။
ICJ မွာ တရားစြဲလို႔ Rohingya ျပႆနာ ေျပလည္မလား
please wait

No media source currently available

0:00 0:11:11 0:00
တိုက္႐ိုက္ လင့္ခ္

Zawgyi/Unicode

႐ိုဟင္ဂ်ာျပႆနာ ေျပလည္ေရးအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ဘာမွလုပ္ေပးႏိုင္မွာ မဟုတ္ဘူးလို႔ ျမန္မာ့အေရးကို ရာစုဝက္ေက်ာ္ ေစာင့္ၾကည့္သုံးသပ္လာခဲ့သူ ပါေမာကၡ David Steinberg က ဆိုပါတယ္။ ဒါျဖင့္ရင္ ICJ မွာ တရားစြဲဆိုတဲ့အတြက္ေကာ ေသေၾကနစ္နာခဲ့ရသူေတြ ဒုကၡသည္ ေတြအတြက္ တရားမွ်တမႈ (Justice) ကို ေဖာ္ေဆာင္ႏိုင္မယ့္ အလားအလာရွိပါသလား။ George Town တကၠသိုလ္ ဂုဏ္ထူးေဆာင္ပါေမာကၡ Daivd Steinberg နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခုအခါ ျမန္မာႏုိင္ငံဟာ ႏုိင္ငံတကာမွာ တရားစြဲဆိုမႈေတြ အမ်ားႀကီးရင္ဆိုင္ေနရပါတယ္။ ICC က ဆြဲတယ္။ အာဂ်င္းတီးနား အမ်ဳိးသားေရးရံုးမွာစြဲတယ္။ ေနာက္ ICJ – International Court of Justice မွာ စြဲဆိုခံရတယ္။ ဒီဟာေတြ - အထူးသျဖင့္ ေနာက္ဆံုးျဖစ္တဲ့ ICJ မွာ ျဖစ္တဲ့ကိစၥက ဘယ္ေလာက္အေရးႀကီးတဲ့ကိစၥလို႔ ဆရာႀကီးသံုးသပ္ပါလဲ။

ေျဖ ။ ။ အေရးႀကီးပါတယ္။ ျမန္မာႏုိင္ငံရဲ ႔ ဂုဏ္သိကၡာကို ထိခိုက္ေစတဲ့အျပင္၊ ရင္းႏီွးျမဳပ္ႏံွမႈေတြနဲ႔ ႏုိင္ငံတကာအၾကား ျမန္မာႏုိင္ငံရဲ ႔ အေနအထားကို ထိခိုက္ေစပါတယ္။

ေမး ။ ။ ဂုဏ္သိကၡာအဆင့္အတန္း ထိခိုက္က်ဆင္းေစတယ္ဆိုတဲ့အျပင္ ရင္းႏီွးျမဳပ္ႏံွမႈနဲ႔ ပတ္သက္လို႔ေျပာရရင္ေတာ့ ျမန္မာႏုိင္ငံဟာ အေနာက္ႏုိင္ငံေတြကို အားကိုးတာထက္ တရုတ္အပါအဝင္၊ အာဆီယံႏုိင္ငံေတြ၊ အိမ္နီးနားခ်င္းႏုိင္ငံေတြကို ပိုၿပီးအားကိုးေနတာကို ေတြ႔ရပါတယ္။ သူတို႔နဲ႔ ပတ္သက္လို႔ ထိခိုက္ႏုိ္င္စရာ ရိွပါလား။

ေျဖ ။ ။ ဒါမွန္ပါတယ္။ တရုတ္၊ ဂ်ပန္၊ အာဆီယံ စတဲ့ အေရွ ႔တိုင္းႏိုင္ငံေတြနဲ႔ ဆက္ဆံေရးကို ရိုဟင္ဂ်ာျပႆနာက ထိခိုက္ေစမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ တႏိုင္ငံလံုးကိုေတာ့ လႊမ္းၿခံဳထိခိုက္ေစမယ္။ ေဒၚေအာင္ဆန္းစုၾကည္အတြက္လည္း ႀကီးမားတဲ့ အခက္အခဲလို႔ ထင္ပါတယ္။ သူ႔ရဲ ႔ ဂုဏ္သတင္းေက်ာ္ၾကားမႈဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ေမွးမိွန္လာခဲ့တာပါ။ ႏုိင္ငံတကာအသိုင္းအဝိုင္းနဲ႔ ဆက္ဆံေရးလည္း ထိခိုက္လာပါတယ္။ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလက ထင္ပါတယ္ - ျမန္မာႏုိင္ငံဆုိင္ရာ သံတမန္ေတြကို မိန္႔ခြန္းေျပာခဲ့ရာမွာ ဒီျပႆနာပတ္သက္ၿပီး သူေျပာသြားတာ သံတမန္ေတြအတြက္ လံုးဝလက္ခံႏုိင္စရာ မရိွပါဘူး။ ရိုဟင္ဂ်ာအေျခအေနေတြနဲ႔ ပတ္သက္ၿပီး သံတမန္ေတြက သူ႔ထက္ပိုသိေနၾကပါတယ္။ ဒီျပႆနာရဲ ႔ အေျခအေနမွန္ကို သူသိမွသိရဲ ႔လားလို႔ မေျပာတတ္ပါဘူး။

ေမး ။ ။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ ျမန္မာအာဏာပိုင္ေတြဘက္ကေတာ့ သူတုိ႔အေခၚ ‘ေနရပ္စြန္႔သြားတဲ့လူေတြ’ - ႏုိင္ငံတကာကေခၚတဲ့ ‘ရိုဟင္ဂ်ာ’ ေပါ့။ သူတုိ႔ေတြကို ျပန္လည္လက္ခံေရးအတြက္ ျမန္မာႏုိင္ငံဘက္က အတတ္ႏိုင္ဆံုး ေဆာင္ရြက္ေနတယ္လို႔ သူတုိ႔ဘက္က ေျပာေနပါတယ္။

ေျဖ ။ ။ က်ေနာ့္အျမင္မွာေတာ့ ဒါက ပုဂၢိဳလ္ေရးအျမင္ပါ အေမရိကန္ျပည္ေထာင္စုနဲ႔ လံုးဝမဆိုင္ဘဲ ေျပာရရင္၊ ဒါဟာလူမ်ဳိးတုန္းသတ္ျဖတ္မႈ Genocide လို႔ မထင္ပါဘူး။ လူမ်ဳိးစုအလိုက္ ရွင္းလင္းဖယ္ရွားမႈ Ethnic Cleansing ျဖစ္တယ္ဆိုတာကို က်ေနာ္ ျပတ္ျပတ္သားသားပဲ တကယ္ယံုၾကည္ပါတယ္။ အေျခခံအားျဖင့္ေတာ့ ျပန္လည္လက္ခံေရးအတြက္ ရွင္းလင္းျပတ္သားတဲ့ အစီအစဥ္တရပ္ရပ္ကို တင္ျပသင့္ပါတယ္။ ဒါေပမဲ့ ရိုဟင္ဂ်ာေတြကို ျပန္လည္လက္ခံခ်င္တဲ့ပံု မရပါဘူး။ ခပ္ေဝးေဝး ဖယ္ရွားခ်င္တဲ့သေဘာပဲ ေတြ႔ရပါတယ္။ သူတို႔ႏုိင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံၾကား နယ္စပ္မွာ ဗုဒၶဘာသာဝင္ေတြကို ျပန္လည္ခ်ထားၿပီး ကာကြယ္ေနပါတယ္။ သိပ္ကိုခက္ခဲတဲ့ အေျခအေနပါ။ ၂၀၁၇ ခုႏွစ္တုန္းက အျဖစ္အပ်က္မွာ တပ္မေတာ္ဘက္က အလြန္အကၽြံတုံ႔ျပန္ခဲ့တယ္ဆိုတာ ေသခ်ာတယ္လို႔ က်ေနာ္ထင္ပါတယ္။ အဲဒီလိုတုံ႔ျပန္ခဲ့တဲ့အတြက္ ဆိုးဆုိးရြားရြားအက်ဳိးဆက္ေတြ ျဖစ္ခဲ့တယ္ဆိုတာ အခုအခ်ိန္အထိ ဝန္မခံေသးပါဘူး။

ေမး ။ ။ တခ်ိန္တည္းမွာပဲ ဘဂၤလားေဒ့ရွ္ဘက္ကလည္း ႏွစ္ႏုိင္ငံသေဘာတူညီခ်က္၊ ဒါမွမဟုတ္ တရုတ္အပါအဝင္ (၃) ႏုိင္ငံ သေဘာတူညီခ်က္အတိုင္း ျပန္လည္လက္ခံေရးကို ထိထိေရာက္ေရာက္ ဘဂၤလားေဒ့ရွ္ဘက္က ကူညီအားမေပးဘူး၊ မလုပ္ဘူး။ OIC ရဲ ႔ အကူအညီနဲ႔ပဲ ျမန္မာႏိုင္ငံကို ႏုိင္ငံတကာမွာ ထိခိုက္ႏွစ္နာေအာင္ တရားစြဲဖို႔ အားထုတ္ေနတယ္လို႔ ျမန္မာဘက္က ေျပာပါတယ္။

ေျဖ ။ ။ ဘဂၤလားေဒ့ရွ္ကလည္း ဒီလူေတြကို လက္မခံခ်င္ပါဘူး။ ဘဂၤလားပင္လယ္ေအာ္ထဲက အႏၱရာယ္သိပ္မ်ားတဲ့ ကၽြန္းေပၚကို ဒီလူေတြ အမ်ားအျပားကိုပို႔ဖို႔လုပ္တာ သိတဲ့အတိုင္းပါပဲ။ ဒီျပႆနာကိုင္တြယ္ရာမွာ ဘဂၤလားေဒ့ရွ္ကို တစိတ္တပိုင္း အျပစ္တင္ရမွာပါ။ ဒါေပမဲ့ အဓိကတာဝန္ရိွတာကေတာ့ ျမန္မာစစ္တပ္နဲ႔ ျမန္မာအစိုးရပဲ ျဖစ္ပါတယ္။ ျမန္မာအစိုးရရဲ ႔ အခက္အခဲကိုလည္း က်ေနာ္ အသိအမွတ္ျပဳပါတယ္။ ဦးသိန္းစိန္အစိုးရကလည္း အျပည့္အဝ စစ္အစိုးရ မဟုတ္ခဲ့သလို၊ NLD အစိုးရကလည္း အျပည့္အဝ အရပ္သားအစိုးရ မဟုတ္ပါဘူး။ ဒီလိုတဝက္တျပတ္ေတြ ျဖစ္ေနတာဟာ ဒီျပႆနာကို ကိုင္တြယ္ေရးအတြက္ သိပ္ခက္ခဲေစပါတယ္။

ေမး ။ ။ အခု ICJ ရဲ ႔ တရားစြဲဆိုမႈကိစၥကို ျပန္ေကာက္ရမယ္ဆုိရင္ ဒါဟာ ဒီျပႆနာအရင္းအျမစ္ကို ေျပလည္ေအာင္ ေျဖရွင္းႏုိ္င္ဖို႔အတြက္ လံုေလာက္မႈ တစံုတရာ ရိွပါသလား။ အေထာက္အကူ တစံုတရာ ျဖစ္မယ္ ထင္ပါသလား။

ေျဖ ။ ။ ဒီကိစၥဟာ တကယ္ေတာ့ လူထုရဲ ႔ပံုရိပ္နဲ႔ သက္ဆိုင္ပါတယ္။ တရားဥပေဒအရ ဘာလုပ္ႏုိင္မလဲဆိုတာေတာ့ က်ေနာ္ မသိပါဘူး။

ေမး ။ ။ တဆက္ထဲမွာပဲ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ICJ က တရားစီရင္မယ္ဆိုတဲ့ကိစၥဟာ ဒုကၡသည္ေတြအတြက္ Justice တရားမွ်တမႈကို ေဖာ္ေဆာင္ေပးႏိုင္မယ္။ ေဆာင္က်ဥ္းေပးႏုိင္မယ္လို႔ ဆရာႀကီး ထင္ပါသလား။

ေျဖ ။ ။ ဒုကၡသည္ေတြအတြက္ Justice ကို ေဆာင္က်ဥ္းေပးႏိုင္မယ္လို႔ က်ေနာ္ မထင္ပါဘူး။ ေလာေလာဆယ္ ျပႆနာကို ေျပလည္မႈရရိွေစမယ့္ လုပ္ရပ္လုိ႔လည္း က်ေနာ္ မထင္ပါဘူး။ ၂၀၂၀ ေရြးေကာက္ပြဲ နီးကပ္လာခ်ိန္ ႏုိင္ငံေရးသမားေတြက ဒီကိစၥကို ကိုင္တြယ္ရဲမွာ မဟုတ္ဘူး။ တုိင္းျပည္တြင္းမွာ ရိုိဟင္ဂ်ာ ဆန္႔က်င္ေရးက ျပင္းထန္ေနဆဲ ျဖစ္ပါတယ္။

ေမး ။ ။ တခ်ဳိ ႔ကေတာ့ ရက္စက္ၾကမ္းၾကဳတ္မႈ က်ဴးလြန္ခဲ့တာ စစ္တပ္ ျဖစ္တယ္။ ဒါကို ေဒၚေအာင္ဆန္းစုၾကည္က သြားၿပီးေတာ့ ခုခံကာကြယ္မယ္ဆိုေတာ့ စစ္တပ္ကလည္း ဒါကို လက္ခံလာႏုိင္မယ့္သေဘာ ရိွတယ္။ ဒါေၾကာင့္ ျမန္မာႏုိင္ငံေရး ျပႆနာေျပလည္ေရး၊ တနည္းအားျဖင့္ သူတုိ႔ေျပာေနတဲ့ အမ်ဳိးသားရင္ၾကားေစ့ေရးအတြက္ ပိုၿပီးနီးစပ္သြားႏုိင္မယ္လို႔ ထင္စရာ ရိွပါသလား။
ေျဖ ။ ။ တိုင္းရင္းသားေတြအားလံုးနဲ႔ တပ္မေတာ္အပါအဝင္ တႏုိင္ငံလံုးမွာ အမ်ဳိးသားေရးစိတ္ဓါတ္ အထူးျပင္းထန္ေနတာပါ။ ရခိုင္မွာလည္း အမ်ဳိးသားေရးစိတ္ဓါတ္က ပိုျပင္းထန္လာေနပါတယ္။

ေမး ။ ။ OIC ရဲ ႔ သေဘာသဘာဝကိုလည္း နည္းနည္းေမးခ်င္ပါတယ္။ ႏုိင္ငံတကာအဖြဲ႔အစည္းေတြ၊ ေဒသဆိုင္ရာ ကမာၻ႔အဖြဲ႔အစည္းေတြကို ၾကည့္မယ္ဆိုရင္ သူတုိ႔ေတြက ေဒသတြင္း ႏုိင္ငံေတြရဲ ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ အေျခအေနေတြကို ျပဳျပင္ဖုိ႔ ျပင္ဆင္ေဝဖန္ဖို႔ ႀကိဳးပမ္းၾကပါတယ္။ သို႔ေသာ္လဲ OIC က သူတုိ႔ အဖြဲ႔တြင္းမွာ ျဖစ္ေနတဲ့ လူ႔အခြင့္အေရးကိစၥေတြကို တခါမွ ေဝဖန္တာ၊ ေထာက္ျပတာကို မေတြ႔ရဘူးလို႔ ပညာရွင္ေတြက သံုးသပ္ၾကပါတယ္။ ဆိုေတာ့ ဒီကိစၥနဲ႔ ပတ္သက္လို႔ ဆရာႀကီး တစံုတရာ ေျပာစရာ မရိွဘူးလား။

ေျဖ ။ ။ လူ႔အခြင့္အေရးကိစၥေတြ ႀကီးႀကီးမားမားရိွတဲ့ ႏိုင္ငံေတြ ကမာၻေပၚမွာ အမ်ားႀကီးပါ။ သမိုင္းမွာနဲ႔ မ်က္ေမွာက္ကာလမွာ အမ်ားႀကီး ရိွေနပါတယ္။ ေဆာ္ဒီအာေရးဗီးယားကို ေျပာမလား။ တရုတ္ႏုိင္ငံ ရွာက်န္မွာ လုပ္ေနတာေတြကို ေျပာမလား။ ကမာၻမွာ အမ်ားႀကီးပါ။ ျမန္မာျပည္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ျပႆနာဟာ တကယ္ရိွေနတာပါ။ ၂၀၁၀-၂၀၁၁ ေနာက္ပိုင္း တိုးတက္မႈတခ်ဳိ ႔ ရိွခဲ့ေပမယ့္ ရိုဟင္ဂ်ာျပႆနာကေတာ့ အခက္အခဲဆံုး ျပႆနာအျဖစ္ ဆက္လက္ရိွလာတာ အခု ႏုိင္ငံတကာမွာပါ နာမည္ဆိုးထြက္လာတဲ့အထိပါပဲ။ ျမန္မာျပည္ေျမာက္ပိုင္း ကခ်င္၊ ရွမ္း စတဲ့ ေဒသေတြမွာလည္း လူေတြအသတ္ခံရတာေတြ ရိွပါတယ္။ ဒါေပမဲ့ ရိုဟင္ဂ်ာေတြေပၚ ထားရိွတဲ့ မလုိမုန္းတီးမႈေတြနဲ႔ မတူပါဘူး။ ဒါဟာ ရိုဟင္ဂ်ာေတြအတြက္နဲ႔ ျမန္မာႏုိင္ငံအတြက္ပါ အိမ္နီးခ်င္းေတြနဲ႔ ဆက္ဆံေရးေတြမွာပါ ဝမ္းနည္းစရာေကာင္းတဲ့ အခ်က္တခ်က္ ျဖစ္ပါတယ္။

ေမး ။ ။ ဆိုေတာ့ ဒီျပႆနာရဲ ႔ အေျခခံအေၾကာင္းရင္းေတြ ေျပလည္ေရးအတြက္ ႏုိင္ငံတကာအသိုင္းအဝိုင္းနဲ႔ ျမန္မာႏုိင္ငံဘက္က ဘာေတြလုပ္ေပးႏုိင္ၾကမလဲ။ ဘာေတြလုပ္သင့္ၾကတယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ ႏုိင္ငံတကာအသိုင္းအဝိုင္းက ျပႆနာရဲ ႔ သေဘာသဘာဝကို နားမလည္ပါဘူး။ ရိုဟင္ဂ်ာေတြကို တုိင္းရင္းသားအုပ္စုတစုအျဖစ္ ျမန္မာႏုိင္ငံကလည္း ဝန္မခံပါဘူး။ ၁၉၈၂ ခုႏွစ္ ႏုိင္ငံသားျဖစ္ေရး ဥပေဒအရ အသိအမွတ္ မျပဳပါဘူး။ ရိုဟင္ဂ်ာေတြကေတာ့ တုိင္းရင္းသားအျဖစ္ အသိအမွတ္ျပဳၿပီး၊ ႏုိင္ငံသားအခြင့္အေရးကို လိုခ်င္ေနၾကပါတယ္။ ဒါဟာ မၾကာခင္ျဖစ္လာႏုိင္တဲ့ အလားအလာလို႔လဲ က်ေနာ္ မျမင္ပါဘူး။ တျဖည္းျဖည္း ျဖစ္လာႏိုင္မယ္ ဆိုေပမယ့္လဲ ျမန္မာႏုိင္ငံမွာ အမ်ဳိးသားေရးစိတ္ဓါတ္က သိပ္ျပင္းထန္ေနေတာ့ အစိုးရက လုပ္ေဆာင္ႏုိင္မွာ မဟုတ္ပါဘူး။ အရပ္သားအစိုးရလည္း လုပ္ႏုိင္မွာ မဟုတ္သလို၊ စစ္တပ္လည္း လုပ္ႏုိင္မွာ မဟုတ္ပါဘူး။ ဒါဟာ သိပ္ဝမ္းနည္းစရာ ေကာင္းပါတယ္။

ေမး ။ ။ က်ေနာ္ေမးခြန္းကို ျပန္ေကာက္ရမယ္ဆိုရင္ ဒီျပႆနာ အမွန္တကယ္ ေျပလည္ေရးအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ဘာလုပ္ေပးႏုိင္မယ္ ထင္ပါသလဲ။

ေျဖ ။ ။ ဒီျပႆနာ ေျပလည္ေရးအတြက္ ႏို္င္ငံတကာအေနနဲ႔ သိပ္လုပ္ေပးႏုိင္မယ္လို႔ က်ေနာ္ မထင္ပါဘူး။ ဒီျပႆနာကို ကမာၻက အာရံုစိုက္လာေအာင္ လုပ္ႏုိင္မယ္။ ဒါဟာ လုပ္သင့္တယ္ကိစၥလို႔ေတာ့ က်ေနာ္ထင္ပါတယ္။ ေရွ ႔တိုးလုပ္ႏိုင္မယ္ မထင္ပါဘူး။ ဒါဟာ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံတုိ႔ရဲ ႔ ျပႆနာပါ။ မူလအားျဖင့္ ျမန္မာႏုိင္ငံရဲ ႔ ျပႆနာ ျဖစ္ပါတယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံလည္း ဘာမွမတတ္ႏိုင္ပါဘူး။ ဗမာအမ်ဳိးသားေရးစိတ္ဓါတ္ ပိုၿပီးျပင္းထန္လာသလို၊ ရခုိင္အမ်ဳိးသားေရးစိတ္ဓါတ္နဲ႔ ဗုဒၶဝါဒီ အမ်ဳိးသားေရးစိတ္ဓါတ္ေတြလည္း ျပင္းထန္လာပါတယ္။ သိတဲ့အတုိင္းပါပဲ AA အဖြဲ႔ အင္အားႀကီးထြားလာတာလဲ ရခိုင္ျပည္နယ္အတြင္းက ရိုဟင္ဂ်ာေတြအတြက္ ျပႆနာ ျဖစ္လာႏုိင္ပါတယ္။ ဒါေတြေၾကာင့္ပဲ ဒီျပႆနာေတြအတြက္ အေျဖမေတြ႔ရဘူးလို႔ က်ေနာ္ ေျပာေနတာပါ။

ေမး ။ ။ ဆရာႀကီး တကယ္ေတာ့ က်ေနာ္ဟာ ရခိုင္တစ္ေယာက္ပါ။ ဒီလူေတြနဲ႔ က်ေနာ္ ငယ္ငယ္ကတည္းက ႀကီးျပင္းလာခဲ့ပါတယ္။ သူတုိ႔နဲ႔ အတူတူေနခဲ့တယ္၊ ကစားတယ္၊ အတူတူေက်ာင္းတက္ခဲ့ၾကတယ္။ သူတို႔အိမ္ ကိုယ့္အိမ္ အျပန္အလွန္ လည္ပတ္သြားလာေနခဲ့တယ္။ အဲဒီတုန္းက ဘာျပႆနာမွ မရိွခဲ့ပါဘူး။

ေျဖ ။ ။ မွန္ပါတယ္။ ေသခ်ာပါတယ္။ ဒါေပမဲ့ အဲဒါက အတိတ္က အေျခအေနပါ။ အခုေတာ့ ရခိုင္ေတြလည္း အစိုးရအဆက္ဆက္ အႏိွပ္ခံခဲ့ရတာပါ။ အစိုးရထဲ အဆင့္ျမင့္ရာထူးေတြအတြက္ ေရြးခ်ယ္ခံထားခံရတာ မရိွသေလာက္ပါ။ မဆိုသေလာက္ တစ္ေယာက္ႏွစ္ေယာက္ ရိွတာကို ေထာက္ျပၾကပါလိမ့္မယ္။ ဒါေပမဲ့ သူတုိ႔ခ်ဳိးႏိွမ္ခံရမႈက ရိုဟင္ဂ်ာေတြအေပၚ မလိုမုန္းတီးမႈေလာက္ေတာ့ မဆိုးပါဘူး။

ေမး ။ ။ ေက်းဇူးတင္ပါတယ္ ဆရာႀကီး။

ေျဖ ။ ။ ခင္မ်ားေမးတဲ့ ေမးခြန္းေတြအတြက္ ထိေရာက္တဲ့အေျဖ က်ေနာ္ ရွာေပးခ်င္ပါတယ္။ ဒါေပမဲ့ မေပးႏုိင္တာကို ဝမ္းနည္းပါတယ္။ ရိုဟင္ဂ်ာေတြအတြက္လည္း အေျခအေန ေကာင္းပါေစလို႔ ဆႏၵျပဳပါတယ္။ သူတုိ႔ဟာ အာရွတုိက္မွာ ဒုကၡအေရာက္ဆံုး လူေတြပါ။ ျမန္မာအစိုးရနဲ႔ ႏုိင္ငံတကာ တရားစီရင္ေရးမႈေတြလည္း ထိေရာက္မယ္လို႔ မထင္ပါဘူး။ ဒါေပမဲ့ က်ေနာ္ထပ္ေျပာရပါအံုးမယ္ - ဒါဟာ Genocide လူမ်ဳိးတုန္းသတ္ျဖတ္မႈလို႔ က်ေနာ္ မယံုၾကည္ပါဘူး။ လူမ်ဳိးစုလိုက္ ရွင္းလင္းမႈ Ethnic Cleansing မႈလိုပဲ ယံုၾကည္ပါတယ္။

==Unicode==

ရိုဟင်ဂျာပြဿနာ ပြေလည်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေးကို ရာစုဝက်ကျော် စောင့်ကြည့်သုံးသပ်လာခဲ့သူ ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါဖြင့်ရင် ICJ မှာတရားစွဲဆိုတဲ့အတွက်ကော သေကြေနစ်နာခဲ့ရသူတွေ ဒုက္ခသည် တွေအတွက် တရားမျှတမှု (Justice) ကို ဖော်ဆောင်နိုင်မယ့် အလားအလာရှိပါသလား။ George Town တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Daivd Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခုအခါ မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ တရားစွဲဆိုမှုတွေ အများကြီးရင်ဆိုင်နေရပါတယ်။ ICC က ဆွဲတယ်။ အာဂျင်းတီးနား အမျိုးသားရေးရုံးမှာစွဲတယ်။ နောက် ICJ – International Court of Justice မှာ စွဲဆိုခံရတယ်။ ဒီဟာတွေ - အထူးသဖြင့် နောက်ဆုံးဖြစ်တဲ့ ICJ မှာ ဖြစ်တဲ့ကိစ္စက ဘယ်လောက်အရေးကြီးတဲ့ကိစ္စလို့ ဆရာကြီးသုံးသပ်ပါလဲ။

ဖြေ ။ ။ အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင်၊ ရင်းနှီးမြုပ်နံှမှုတွေနဲ့ နိုင်ငံတကာအကြား မြန်မာနိုင်ငံရဲ့ အနေအထားကို ထိခိုက်စေပါတယ်။

မေး ။ ။ ဂုဏ်သိက္ခာအဆင့်အတန်း ထိခိုက်ကျဆင်းစေတယ်ဆိုတဲ့အပြင် ရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်လို့ပြောရရင်တော့ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေကို အားကိုးတာထက် တရုတ်အပါအဝင်၊ အာဆီယံနိုင်ငံတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေကို ပိုပြီးအားကိုးနေတာကို တွေ့ရပါတယ်။ သူတို့နဲ့ ပတ်သက်လို့ ထိခိုက်နိုင်စရာ ရှိပါလား။

ဖြေ ။ ။ ဒါမှန်ပါတယ်။ တရုတ်၊ ဂျပန်၊ အာဆီယံ စတဲ့ အရှေ့တိုင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ရိုဟင်ဂျာပြဿနာက ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တနိုင်ငံလုံးကိုတော့ လွှမ်းခြုံထိခိုက်စေမယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ကြီးမားတဲ့ အခက်အခဲလို့ ထင်ပါတယ်။ သူ့ရဲ့ ဂုဏ်သတင်းကျော်ကြားမှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မှေးမှိန်လာခဲ့တာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးလည်း ထိခိုက်လာပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလက ထင်ပါတယ် - မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေကို မိန့်ခွန်းပြောခဲ့ရာမှာ ဒီပြဿနာပတ်သက်ပြီး သူပြောသွားတာ သံတမန်တွေအတွက် လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ ရိုဟင်ဂျာအခြေအနေတွေနဲ့ ပတ်သက်ပြီး သံတမန်တွေက သူ့ထက်ပိုသိနေကြပါတယ်။ ဒီပြဿနာရဲ့ အခြေအနေမှန်ကို သူသိမှသိရဲ့လားလို့ မပြောတတ်ပါဘူး။

မေး ။ ။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာအာဏာပိုင်တွေဘက်ကတော့ သူတို့အခေါ် ‘နေရပ်စွန့်သွားတဲ့လူတွေ’ - နိုင်ငံတကာကခေါ်တဲ့ ‘ရိုဟင်ဂျာ’ ပေါ့။ သူတို့တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်က အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်လို့ သူတို့ဘက်က ပြောနေပါတယ်။

ဖြေ ။ ။ ကျနော့်အမြင်မှာတော့ ဒါက ပုဂ္ဂိုလ်ရေးအမြင်ပါ အမေရိကန်ပြည်ထောင်စုနဲ့ လုံးဝမဆိုင်ဘဲ ပြောရရင်၊ ဒါဟာလူမျိုးတုန်းသတ်ဖြတ်မှု Genocide လို့ မထင်ပါဘူး။ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု Ethnic Cleansing ဖြစ်တယ်ဆိုတာကို ကျနော် ပြတ်ပြတ်သားသားပဲ တကယ်ယုံကြည်ပါတယ်။ အခြေခံအားဖြင့်တော့ ပြန်လည်လက်ခံရေးအတွက် ရှင်းလင်းပြတ်သားတဲ့ အစီအစဉ်တရပ်ရပ်ကို တင်ပြသင့်ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံချင်တဲ့ပုံ မရပါဘူး။ ခပ်ဝေးဝေး ဖယ်ရှားချင်တဲ့သဘောပဲ တွေ့ရပါတယ်။ သူတို့နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား နယ်စပ်မှာ ဗုဒ္ဓဘာသာဝင်တွေကို ပြန်လည်ချထားပြီး ကာကွယ်နေပါတယ်။ သိပ်ကိုခက်ခဲတဲ့ အခြေအနေပါ။ ၂၀၁၇ ခုနှစ်တုန်းက အဖြစ်အပျက်မှာ တပ်မတော်ဘက်က အလွန်အကျွံတုံ့ပြန်ခဲ့တယ်ဆိုတာ သေချာတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီလိုတုံ့ပြန်ခဲ့တဲ့အတွက် ဆိုးဆိုးရွားရွားအကျိုးဆက်တွေ ဖြစ်ခဲ့တယ်ဆိုတာ အခုအချိန်အထိ ဝန်မခံသေးပါဘူး။

မေး ။ ။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နှစ်နိုင်ငံသဘောတူညီချက်၊ ဒါမှမဟုတ် တရုတ်အပါအဝင် (၃) နိုင်ငံ သဘောတူညီချက်အတိုင်း ပြန်လည်လက်ခံရေးကို ထိထိရောက်ရောက် ဘင်္ဂလားဒေ့ရှ်ဘက်က ကူညီအားမပေးဘူး၊ မလုပ်ဘူး။ OIC ရဲ့ အကူအညီနဲ့ပဲ မြန်မာနိုင်ငံကို နိုင်ငံတကာမှာ ထိခိုက်နှစ်နာအောင် တရားစွဲဖို့ အားထုတ်နေတယ်လို့ မြန်မာဘက်က ပြောပါတယ်။

ဖြေ ။ ။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလူတွေကို လက်မခံချင်ပါဘူး။ ဘင်္ဂလားပင်လယ်အော်ထဲက အန္တရာယ်သိပ်များတဲ့ ကျွန်းပေါ်ကို ဒီလူတွေ အများအပြားကိုပို့ဖို့လုပ်တာ သိတဲ့အတိုင်းပါပဲ။ ဒီပြဿနာကိုင်တွယ်ရာမှာ ဘင်္ဂလားဒေ့ရှ်ကို တစိတ်တပိုင်း အပြစ်တင်ရမှာပါ။ ဒါပေမဲ့ အဓိကတာဝန်ရှိတာကတော့ မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရပဲ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ အခက်အခဲကိုလည်း ကျနော် အသိအမှတ်ပြုပါတယ်။ ဦးသိန်းစိန်အစိုးရကလည်း အပြည့်အဝ စစ်အစိုးရ မဟုတ်ခဲ့သလို၊ NLD အစိုးရကလည်း အပြည့်အဝ အရပ်သားအစိုးရ မဟုတ်ပါဘူး။ ဒီလိုတဝက်တပြတ်တွေ ဖြစ်နေတာဟာ ဒီပြဿနာကို ကိုင်တွယ်ရေးအတွက် သိပ်ခက်ခဲစေပါတယ်။

မေး ။ ။ အခု ICJ ရဲ့ တရားစွဲဆိုမှုကိစ္စကို ပြန်ကောက်ရမယ်ဆိုရင် ဒါဟာ ဒီပြဿနာအရင်းအမြစ်ကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့အတွက် လုံလောက်မှု တစုံတရာ ရှိပါသလား။ အထောက်အကူ တစုံတရာ ဖြစ်မယ် ထင်ပါသလား။

ဖြေ ။ ။ ဒီကိစ္စဟာ တကယ်တော့ လူထုရဲ့ပုံရိပ်နဲ့ သက်ဆိုင်ပါတယ်။ တရားဥပဒေအရ ဘာလုပ်နိုင်မလဲဆိုတာတော့ ကျနော် မသိပါဘူး။

မေး ။ ။ တဆက်ထဲမှာပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ICJ က တရားစီရင်မယ်ဆိုတဲ့ကိစ္စဟာ ဒုက္ခသည်တွေအတွက် Justice တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မယ်။ ဆောင်ကျဉ်းပေးနိုင်မယ်လို့ ဆရာကြီး ထင်ပါသလား။

ဖြေ ။ ။ ဒုက္ခသည်တွေအတွက် Justice ကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ကျနော် မထင်ပါဘူး။ လောလောဆယ် ပြဿနာကို ပြေလည်မှုရရှိစေမယ့် လုပ်ရပ်လို့လည်း ကျနော် မထင်ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာချိန် နိုင်ငံရေးသမားတွေက ဒီကိစ္စကို ကိုင်တွယ်ရဲမှာ မဟုတ်ဘူး။ တိုင်းပြည်တွင်းမှာ ရိုဟင်ဂျာ ဆန့်ကျင်ရေးက ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

မေး ။ ။ တချို့ကတော့ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ခဲ့တာ စစ်တပ် ဖြစ်တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က သွားပြီးတော့ ခုခံကာကွယ်မယ်ဆိုတော့ စစ်တပ်ကလည်း ဒါကို လက်ခံလာနိုင်မယ့်သဘော ရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေး ပြဿနာပြေလည်ရေး၊ တနည်းအားဖြင့် သူတို့ပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ပိုပြီးနီးစပ်သွားနိုင်မယ်လို့ ထင်စရာ ရှိပါသလား။
ဖြေ ။ ။ တိုင်းရင်းသားတွေအားလုံးနဲ့ တပ်မတော်အပါအဝင် တနိုင်ငံလုံးမှာ အမျိုးသားရေးစိတ်ဓါတ် အထူးပြင်းထန်နေတာပါ။ ရခိုင်မှာလည်း အမျိုးသားရေးစိတ်ဓါတ်က ပိုပြင်းထန်လာနေပါတယ်။

မေး ။ ။ OIC ရဲ့ သဘောသဘာဝကိုလည်း နည်းနည်းမေးချင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်းတွေကို ကြည့်မယ်ဆိုရင် သူတို့တွေက ဒေသတွင်း နိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ပြုပြင်ဖို့ ပြင်ဆင်ဝေဖန်ဖို့ ကြိုးပမ်းကြပါတယ်။ သို့သော်လဲ OIC က သူတို့ အဖွဲ့တွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးကိစ္စတွေကို တခါမှ ဝေဖန်တာ၊ ထောက်ပြတာကို မတွေ့ရဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာကြီး တစုံတရာ ပြောစရာ မရှိဘူးလား။

ဖြေ ။ ။ လူ့အခွင့်အရေးကိစ္စတွေ ကြီးကြီးမားမားရှိတဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီးပါ။ သမိုင်းမှာနဲ့ မျက်မှောက်ကာလမှာ အများကြီး ရှိနေပါတယ်။ ဆော်ဒီအာရေးဗီးယားကို ပြောမလား။ တရုတ်နိုင်ငံ ရှာကျန်မှာ လုပ်နေတာတွေကို ပြောမလား။ ကမ္ဘာမှာ အများကြီးပါ။ မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာဟာ တကယ်ရှိနေတာပါ။ ၂၀၁၀-၂၀၁၁ နောက်ပိုင်း တိုးတက်မှုတချို့ ရှိခဲ့ပေမယ့် ရိုဟင်ဂျာပြဿနာကတော့ အခက်အခဲဆုံး ပြဿနာအဖြစ် ဆက်လက်ရှိလာတာ အခု နိုင်ငံတကာမှာပါ နာမည်ဆိုးထွက်လာတဲ့အထိပါပဲ။ မြန်မာပြည်မြောက်ပိုင်း ကချင်၊ ရှမ်း စတဲ့ ဒေသတွေမှာလည်း လူတွေအသတ်ခံရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေပေါ် ထားရှိတဲ့ မလိုမုန်းတီးမှုတွေနဲ့ မတူပါဘူး။ ဒါဟာ ရိုဟင်ဂျာတွေအတွက်နဲ့ မြန်မာနိုင်ငံအတွက်ပါ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးတွေမှာပါ ဝမ်းနည်းစရာကောင်းတဲ့ အချက်တချက် ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ ဒီပြဿနာရဲ့ အခြေခံအကြောင်းရင်းတွေ ပြေလည်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံဘက်က ဘာတွေလုပ်ပေးနိုင်ကြမလဲ။ ဘာတွေလုပ်သင့်ကြတယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံတကာအသိုင်းအဝိုင်းက ပြဿနာရဲ့ သဘောသဘာဝကို နားမလည်ပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအုပ်စုတစုအဖြစ် မြန်မာနိုင်ငံကလည်း ဝန်မခံပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေအရ အသိအမှတ် မပြုပါဘူး။ ရိုဟင်ဂျာတွေကတော့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး၊ နိုင်ငံသားအခွင့်အရေးကို လိုချင်နေကြပါတယ်။ ဒါဟာ မကြာခင်ဖြစ်လာနိုင်တဲ့ အလားအလာလို့လဲ ကျနော် မမြင်ပါဘူး။ တဖြည်းဖြည်း ဖြစ်လာနိုင်မယ် ဆိုပေမယ့်လဲ မြန်မာနိုင်ငံမှာ အမျိုးသားရေးစိတ်ဓါတ်က သိပ်ပြင်းထန်နေတော့ အစိုးရက လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အရပ်သားအစိုးရလည်း လုပ်နိုင်မှာ မဟုတ်သလို၊ စစ်တပ်လည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်။

မေး ။ ။ ကျနော်မေးခွန်းကို ပြန်ကောက်ရမယ်ဆိုရင် ဒီပြဿနာ အမှန်တကယ် ပြေလည်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘာလုပ်ပေးနိုင်မယ် ထင်ပါသလဲ။

ဖြေ ။ ။ ဒီပြဿနာ ပြေလည်ရေးအတွက် နိုင်ငံတကာအနေနဲ့ သိပ်လုပ်ပေးနိုင်မယ်လို့ ကျနော် မထင်ပါဘူး။ ဒီပြဿနာကို ကမ္ဘာက အာရုံစိုက်လာအောင် လုပ်နိုင်မယ်။ ဒါဟာ လုပ်သင့်တယ်ကိစ္စလို့တော့ ကျနော်ထင်ပါတယ်။ ရှေ့တိုးလုပ်နိုင်မယ် မထင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ပြဿနာပါ။ မူလအားဖြင့် မြန်မာနိုင်ငံရဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလည်း ဘာမှမတတ်နိုင်ပါဘူး။ ဗမာအမျိုးသားရေးစိတ်ဓါတ် ပိုပြီးပြင်းထန်လာသလို၊ ရခိုင်အမျိုးသားရေးစိတ်ဓါတ်နဲ့ ဗုဒ္ဓဝါဒီ အမျိုးသားရေးစိတ်ဓါတ်တွေလည်း ပြင်းထန်လာပါတယ်။ သိတဲ့အတိုင်းပါပဲ AA အဖွဲ့ အင်အားကြီးထွားလာတာလဲ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအတွက် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကြောင့်ပဲ ဒီပြဿနာတွေအတွက် အဖြေမတွေ့ရဘူးလို့ ကျနော် ပြောနေတာပါ။

မေး ။ ။ ဆရာကြီး တကယ်တော့ ကျနော်ဟာ ရခိုင်တစ်ယောက်ပါ။ ဒီလူတွေနဲ့ ကျနော် ငယ်ငယ်ကတည်းက ကြီးပြင်းလာခဲ့ပါတယ်။ သူတို့နဲ့ အတူတူနေခဲ့တယ်၊ ကစားတယ်၊ အတူတူကျောင်းတက်ခဲ့ကြတယ်။ သူတို့အိမ် ကိုယ့်အိမ် အပြန်အလှန် လည်ပတ်သွားလာနေခဲ့တယ်။ အဲဒီတုန်းက ဘာပြဿနာမှ မရှိခဲ့ပါဘူး။

ဖြေ ။ ။ မှန်ပါတယ်။ သေချာပါတယ်။ ဒါပေမဲ့ အဲဒါက အတိတ်က အခြေအနေပါ။ အခုတော့ ရခိုင်တွေလည်း အစိုးရအဆက်ဆက် အနှိပ်ခံခဲ့ရတာပါ။ အစိုးရထဲ အဆင့်မြင့်ရာထူးတွေအတွက် ရွေးချယ်ခံထားခံရတာ မရှိသလောက်ပါ။ မဆိုသလောက် တစ်ယောက်နှစ်ယောက် ရှိတာကို ထောက်ပြကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ချိုးနှိမ်ခံရမှုက ရိုဟင်ဂျာတွေအပေါ် မလိုမုန်းတီးမှုလောက်တော့ မဆိုးပါဘူး။

မေး ။ ။ ကျေးဇူးတင်ပါတယ် ဆရာကြီး။

ဖြေ ။ ။ ခင်များမေးတဲ့ မေးခွန်းတွေအတွက် ထိရောက်တဲ့အဖြေ ကျနော် ရှာပေးချင်ပါတယ်။ ဒါပေမဲ့ မပေးနိုင်တာကို ဝမ်းနည်းပါတယ်။ ရိုဟင်ဂျာတွေအတွက်လည်း အခြေအနေ ကောင်းပါစေလို့ ဆန္ဒပြုပါတယ်။ သူတို့ဟာ အာရှတိုက်မှာ ဒုက္ခအရောက်ဆုံး လူတွေပါ။ မြန်မာအစိုးရနဲ့ နိုင်ငံတကာ တရားစီရင်ရေးမှုတွေလည်း ထိရောက်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ကျနော်ထပ်ပြောရပါအုံးမယ် - ဒါဟာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုလို့ ကျနော် မယုံကြည်ပါဘူး။ လူမျိုးစုလိုက် ရှင်းလင်းမှု Ethnic Cleansing မှုလိုပဲ ယုံကြည်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG