သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္ ျပန္လည္ေနရာခ်ထားေရး ကုလအဖြဲ႔အစည္းေတြနဲ႔ ျမန္မာေဆြးေႏြး


ဒုကၡသည္အေရး ကုလ တာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးေနသည့္ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး။ (ဓာတ္ပုံ - MOI, ဒီဇင္ဘာ ၁၊ ၂၀၁၉)

(Zawgyi / Unicode)

ရခုိင္နဲ႔ ကခ်င္ျပည္နယ္တြင္းက ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကရသူေတြ ျပန္လည္ ေနရာခ်ထားေရးအတြက္ တနဂၤေႏြေန႔က အစိုးရနဲ႔ ကုလသမဂၢ အဖြဲ႔အစည္းေတြ ေဆြးေႏြးခဲ့ေၾကာင္း အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

လူမႈ၀န္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအးနဲ႔ ကုလသမဂၢ ဌာေန ညႇိႏိႈင္းေရးမွဴးနဲ႔အတူ ကုလသမဂၢ အဖြဲ႔အစည္းေတြ၊ ႏုိင္ငံတကာ အကူအညီေပးေရး အဖြဲ႔အစည္းေတြက ဌာေနကိုယ္စားလွယ္ေတြ ရန္ကုန္မွာ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ျပည္တြင္း ဒုကၡသည္စခန္းေတြ ပိတ္သိမ္းေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးအတြက္ အစိုးရက ဦးေဆာင္ၿပီး ပညာရွင္ ပါေမာကၡ Walter Kaelin ရဲ႕ အကူအညီနဲ႔ မဟာဗ်ဴဟာ ေရးဆြဲ ေဆာင္ရြက္ႏုိင္ခဲ့တဲ့အေပၚ ကုလသမဂၢ ဌာေနကိုယ္စားလွယ္ေတြက ဂုဏ္ျပဳေျပာဆိုခဲ့ၿပီး ဒီမဟာဗ်ဴဟာနဲ႔အညီ အေကာင္အထည္ေဖာ္တာမွာ ပူးေပါင္းေဆာင္ရြက္ဖို႔လည္း ေျပာဆိုခဲ့ေၾကာင္း သတင္းက ေဖာ္ျပပါတယ္။

ေနရပ္စြန္႔ခြာ ထြက္ေျပးရသူေတြ ျပန္လည္ေနရာခ်ထားေရးနဲ႔ ဒုကၡသည္စခန္းေတြ ပိတ္သိမ္းေရးအတြက္ မဟာဗ်ဴဟာကိုေတာ့ ႏို၀င္ဘာလ ၁၉ ရက္ေန႔က တရား၀င္ မိတ္ဆက္ခဲ့ၿပီလို႔လည္း ၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအးက ေျပာဆိုခဲ့ပါတယ္။

ကခ်င္ျပည္နယ္တြင္းက IDP စခန္းေတြ ပိတ္သိမ္းေရးအတြက္ ကခ်င္ျပည္နယ္အစိုးရ၊ ကခ်င္လူမႈအဖြဲ႔အစည္း KHCC တို႔နဲ႔ ညႇိႏႈိင္းေဆာင္ရြက္ေနတယ္လို႔လည္း ၀န္ႀကီးက ေျပာပါတယ္။

ရခုိင္ျပည္နယ္တြင္းမွာေတာ့ မြတ္စလင္ ဒုကၡသည္စခန္းေတြ ရွိေနၿပီး ကခ်င္ျပည္နယ္တြင္းမွာေတာ့ စစ္ေရွာင္စခန္းေတြ ရွိေနတာ ျဖစ္ပါတယ္။

----------------------------------

(Unicode)

ဒုက္ခသည် ပြန်လည်နေရာချထားရေး ကုလအဖွဲ့အစည်းတွေနဲ့ မြန်မာဆွေးနွေး

ရခိုင်နဲ့ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေ ပြန်လည် နေရာချထားရေးအတွက် တနင်္ဂနွေနေ့က အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့အတူ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ဌာနေကိုယ်စားလှယ်တွေ ရန်ကုန်မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်တွင်း ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် အစိုးရက ဦးဆောင်ပြီး ပညာရှင် ပါမောက္ခ Walter Kaelin ရဲ့ အကူအညီနဲ့ မဟာဗျူဟာ ရေးဆွဲ ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တွေက ဂုဏ်ပြုပြောဆိုခဲ့ပြီး ဒီမဟာဗျူဟာနဲ့အညီ အကောင်အထည်ဖော်တာမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့ကြောင်း သတင်းက ဖော်ပြပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ပြန်လည်နေရာချထားရေးနဲ့ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေးအတွက် မဟာဗျူဟာကိုတော့ နိုဝင်ဘာလ ၁၉ ရက်နေ့က တရားဝင် မိတ်ဆက်ခဲ့ပြီလို့လည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်တွင်းက IDP စခန်းတွေ ပိတ်သိမ်းရေးအတွက် ကချင်ပြည်နယ်အစိုးရ၊ ကချင်လူမှုအဖွဲ့အစည်း KHCC တို့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာတော့ မွတ်စလင် ဒုက္ခသည်စခန်းတွေ ရှိနေပြီး ကချင်ပြည်နယ်တွင်းမှာတော့ စစ်ရှောင်စခန်းတွေ ရှိနေတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG