သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ ႏုိင္ငံသားျဖစ္မႈဥပေဒသစ္ထဲ ႐ိုဟင္ဂ်ာေတြ အက်ဳံးမဝင္


အိႏိၵယ ႏုိင္ငံအတြင္းက ရိုဟင္ဂ်ာ ဒုကၡသည္မ်ား

(Zawgyi/Unicode)

၂၀၁၅ ခုႏွစ္မတိုင္ခင္က ဘာသာေရးဖိႏွိပ္မႈေတြေၾကာင့္ ပါကစၥတန္၊ အာဖဂန္နစၥတန္နဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံေတြကေန အိႏိၵယ ႏိုင္ငံကို ထြက္ေျပးလာၾကတဲ့ ဗုဒၶဘာသာဝင္ေတြ၊ ခရစ္ယာန္ဘာသာဝင္ေတြ၊ ဟိႏိၵဴဘာသာဝင္ေတြ၊ ဂ်ိမ္းဘာသာဝင္ေတြ၊ Parsi ဘာသာဝင္ေတြနဲ႔ ဆစ္ခ္ဘာသာဝင္ေတြဟာ အိႏိၵယဥပေဒသစ္အရ ႏုိင္ငံသားျဖစ္ခြင့္ ရေတာ့မွာျဖစ္ပါတယ္။

ႏုိင္ငံသားျဖစ္ခြင့္ဥပေဒသစ္ကို အိႏိၵယသမၼတ Ram Nath Kovind က ၾကာသပေတးေန႔ေႏွာင္းပိုင္းမွာ လက္္မွတ္ေရးထိုး အတည္ျပဳျပဌာန္းထားၿပီးျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီလိုႏိုင္ငံသားျဖစ္ခြင့္ ရမယ့္သူေတြထဲမွာ ျမန္မာႏုိင္ငံက ထြက္ေျပးသြားတဲ့ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြေတာ့ မပါပါဘူး။ ျမန္မာႏုိင္ငံမွာေတာ့ သူတို႔ကို ႐ိုဟင္ဂ်ာအျဖစ္ အသိအမွတ္ျပဳမထားပါဘူး။

ဒီဥပေဒဟာ အိႏိၵယႏုိင္ငံရဲ႕ ဘာသာေရးနဲ႔ကင္းလြတ္တဲ့ အေျခခံဥပေဒကို ခ်ဳိးေဖာက္တယ္လုိ႔ ေဝဖန္ထားၾကပါတယ္။

ေသာၾကာေန႔ကဆိုရင္ အာသမ္ျပည္နယ္ၿမိဳ႕ေတာ္ Guwahati မွာ ဆႏၵျပသူ ၁၀,၀၀၀ နီးပါး တရက္ၾကာ အစာငတ္ခံ ကန္႔ကြက္ ဆႏၵျပၾကပါတယ္။ ညမထြက္ရအမိန္႔ ထုတ္ထားတာကို ဆႏၵျပသူေတြက အံတုတာေၾကာင့္ ရဲတပ္ဖြဲ႔က ပစ္ခတ္ၿဖိဳခြဲတဲ့အတြက္ ဆႏၵျပသူ ၂၄ ထက္မနည္း ဒဏ္ရာရအၿပီး ေနာက္တရက္မွာပဲ အခုလို အစာငတ္ခံ ဆႏၵျပၾကတာျဖစ္ပါတယ္။

ဒီလိုမတည္မၿငိမ္အေျခအေနေၾကာင့္ အာသမ္နဲ႔ မဏိပူရျပည္နယ္ေတြကို တနဂၤေႏြေန႔မွာသြားေရာက္မယ့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe ရဲ႕ သံုးရက္ၾကာ ခရီးစဥ္ကိုလည္း ေရႊ႕ဆိုင္းလိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Abe ဟာ အိႏိၵယဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ေတြ႔ဆံုၿပီး ႏွစ္ႏုိင္ငံၾကား လံုျခံဳေရးနဲ႔ စီးပြားေရးဆိုင္ရာ ကိစၥရပ္ေတြကို ေဆြးေႏြးဖို႔ စီစဥ္ထားတာပါ။

တိုက္႐ိုက္ လင့္ခ္


.................

အိန္ဒိယ နိုင်ငံသားဖြစ်မှုဥပဒေသစ်ထဲ ရိုဟင်ဂျာတွေ အကျုံးမဝင်

(Unicode)

၂၀၁၅ ခုနှစ်မတိုင်ခင်က ဘာသာရေးဖိနှိပ်မှုတွေကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ အိန္ဒိယ နိုင်ငံကို ထွက်ပြေးလာကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒိူဘာသာဝင်တွေ၊ ဂျိမ်းဘာသာဝင်တွေ၊ Parsi ဘာသာဝင်တွေနဲ့ ဆစ်ခ်ဘာသာဝင်တွေဟာ အိန္ဒိယဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့် ရတော့မှာဖြစ်ပါတယ်။

နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အိန္ဒိယသမ္မတ Ram Nath Kovind က ကြာသပတေးနေ့နှောင်းပိုင်းမှာ လက်မှတ်ရေးထိုး အတည်ပြုပြဌာန်းထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီလိုနိုင်ငံသားဖြစ်ခွင့် ရမယ့်သူတွေထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေတော့ မပါပါဘူး။ မြန်မာနိုင်ငံမှာတော့ သူတို့ကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုမထားပါဘူး။

ဒီဥပဒေဟာ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးနဲ့ကင်းလွတ်တဲ့ အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ဝေဖန်ထားကြပါတယ်။

သောကြာနေ့ကဆိုရင် အာသမ်ပြည်နယ်မြို့တော် Guwahati မှာ ဆန္ဒပြသူ ၁၀,၀၀၀ နီးပါး တရက်ကြာ အစာငတ်ခံ ကန့်ကွက် ဆန္ဒပြကြပါတယ်။ ညမထွက်ရအမိန့် ထုတ်ထားတာကို ဆန္ဒပြသူတွေက အံတုတာကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲတဲ့အတွက် ဆန္ဒပြသူ ၂၄ ထက်မနည်း ဒဏ်ရာရအပြီး နောက်တရက်မှာပဲ အခုလို အစာငတ်ခံ ဆန္ဒပြကြတာဖြစ်ပါတယ်။

ဒီလိုမတည်မငြိမ်အခြေအနေကြောင့် အာသမ်နဲ့ မဏိပူရပြည်နယ်တွေကို တနင်္ဂနွေနေ့မှာသွားရောက်မယ့် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ သုံးရက်ကြာ ခရီးစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

ဝန်ကြီးချုပ် Abe ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြား လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားတာပါ။

XS
SM
MD
LG