သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ႏိုင္ငံသားျဖစ္မႈ ဥပေဒၾကမ္း ဆႏၵျပမႈ အၾကမ္းဖက္မႈ အသြင္ေျပာင္း


(Zawgyi/Unicode)

အိႏၵိယႏုိင္ငံမွာ အျငင္းပြားစရာျဖစ္ေနတဲ့ ႏုိင္ငံသားျဖစ္ခြင့္ ဥပေဒၾကမ္းနဲ႔ ပတ္သက္ၿပီး ႏုိင္ငံအေရွ႕ေျမာက္ပိုင္းမွာ ဆႏၵျပတာေတြ အၾကမ္းဖက္တဲ့အထိ ျဖစ္လာေနတာကို ထိန္းခ်ဳပ္ႏုိင္ဖို႔ အိႏၵိယအစုိးရက လုံၿခဳံေရး တပ္ဖဲြ႔၀င္ ေထာင္နဲ႔ခ်ီၿပီး အာသံျပည္နယ္ကို ေစလႊတ္လိုက္ပါတယ္။ အဲဒီ ဥပေဒၾကမ္းက အိႏၵိယႏုိင္ငံရဲ႕ အိမ္နီးခ်င္းႏုိင္ငံေတြက မြတ္စလင္ မဟုတ္တဲ့သူေတြကို ႏုိင္ငံသားျဖစ္ေစဖုိ႔ ပိုၿပီးေတာ့ လြယ္ကူေစမွာျဖစ္ပါတယ္။

အာသံျပည္နယ္ ၿမိဳ႕ေတာ္ Guwahati နဲ႔ ျပည္နယ္ တ၀ွမ္းက ေဒါသထြက္ေနတဲ့ ဆႏၵျပတဲ့သူေတြဟာ ညမထြက္ရ အမိန္႔ကို ဖီဆန္ၿပီး လမ္းေတြေပၚထြက္ ဆႏၵျပခဲ့ၾကသလို၊ ကားေတြ၊ တာယာေတြကို မီးရႈိ႕ခဲ့ၾကပါတယ္။

အဲဒီလူေတြကို လုံၿခံဳေရးတပ္ဖဲြ႔ေတြက ေနာက္ပိုင္းမွာ ႏွိမ္ႏွင္းၿပီး လူစု ခဲြခဲ့ပါတယ္။ ဆႏၵျပတဲ့သူေတြဟာ အာဏာရ BJP ပါတီ၀င္ေတြရဲ႕ ေနအိမ္ေတြကိုလည္း တုိက္ခုိက္ခဲ့ၾကပါတယ္။

ႏုိင္ငံသားျဖစ္ခြင့္ကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို အိႏၵိယပါလီမန္ရဲ႕ အထက္လႊတ္ေတာ္က ဗုဒၶဟူးေန႔မွာ အတည္ျပဳခဲ့တာျဖစ္ၿပီး ေ၀ဖန္သူေတြကေတာ့ ဒီဥပေဒၾကမ္းေၾကာင့္ ေရႊ႕ေျပာင္း အေျခခ်ေနထုိင္သူေတြဟာ အာသံျပည္နယ္နဲ႔ တျခားအေရွ႕ေျမာက္ပိုင္းက ျပည္နယ္ေတြကို ၀င္ေရာက္လာၿပီးေတာ့ အိႏၵိယႏုိင္ငံက လူနည္းစုမြတ္စလင္ေတြကို ၀ိုင္းပယ္ခံရတာမ်ိဳးျဖစ္လာႏိုင္ၿပီး ဒါက ၀န္ႀကီးခ်ဳပ္ နရင္ဒရာမိုဒီ နဲ႔ သူ႔ရဲ႕ ဟိႏၵိဴအမ်ိဳးသားေရး အစုိးရရဲ႕ ရည္မွန္းခ်က္ျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယနိုင်ငံမှာ အငြင်းပွားစရာဖြစ်နေတဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး၊ နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဆန္ဒပြတာတွေ အကြမ်းဖက်တဲ့အထိ ဖြစ်လာနေတာကို ထိန်းချုပ်နိုင်ဖို့ အိန္ဒိယအစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး အာသံပြည်နယ်ကို စေလွှတ်လိုက်ပါတယ်။ အဲဒီ ဥပဒေကြမ်းက အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက မွတ်စလင် မဟုတ်တဲ့သူတွေကို နိုင်ငံသားဖြစ်စေဖို့ ပိုပြီးတော့ လွယ်ကူစေမှာဖြစ်ပါတယ်။

အာသံပြည်နယ် မြို့တော် Guwahati နဲ့ ပြည်နယ်တဝှမ်းက ဒေါသထွက်နေတဲ့ ဆန္ဒပြတဲ့သူတွေဟာ ညမထွက်ရအမိန့်ကို ဖီဆန်ပြီး လမ်းတွေပေါ်ထွက်ဆန္ဒပြခဲ့ကြသလို၊ ကားတွေ ၊ တာယာတွေကို မီးရှို့ခဲ့ကြပါတယ်။ အဲဒီလူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နောက်ပိုင်းမှာ နှိမ်နှင်းပြီး လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ အာဏာရ BJP ပါတီဝင်တွေရဲ့ နေအိမ်တွေကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။

နိုင်ငံသားဖြစ်ခွင့်ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အိန္ဒိယပါလီမန်ရဲ့ အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့တာဖြစ်ပြီး ဝေဖန်သူတွေကတော့ ဒီဥပဒေကြမ်းကြောင့် ရွှေ့ပြောင်း အခြေချနေထိုင်သူတွေဟာ အာသံပြည်နယ်နဲ့ တခြားအရှေ့မြောက်ပိုင်းက ပြည်နယ်တွေကို ဝင်ရောက်လာပြီးတော့ အိန္ဒိယနိုင်ငံက လူနည်းစုမွတ်စလင်တွေကို ဝိုင်းပယ်ခံရတာမျိုးဖြစ်လာနိုင်ပြီး ဒါက ဝန်ကြီးချုပ် နရင်ဒရာမိုဒီ နဲ့ သူ့ရဲ့ ဟိန္ဒိူအမျိုးသားရေး အစိုးရရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG