သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံသားျဖစ္မႈဆိုင္ရာ အိႏၵိယဥပေဒ ေဝဖန္ခံရ


အိႏၵိယရဲ႕ ႏုိင္ငံသားျဖစ္မႈဆိုင္ရာ ဥပေဒကို ဆန္႔က်င္ ဆႏၵျပပြဲ။

အိႏၵိယႏိုင္ငံ လႊတ္ေတာ္က ႏိုင္ငံသားျဖစ္ေရးနဲ႔ဆိုင္တဲ့ ဥပေဒမူၾကမ္းကို အတည္ျပဳလိုက္တာဟာ ဖြဲ႕စည္းပုံနဲ႔ မညီၫြတ္ဘူး၊ အိမ္နီးခ်င္း သုံးႏိုင္ငံက ေရာက္ေနၾကတဲ့ လူနည္းစု မြတ္ဆလင္ေတြ ႏိုင္ငံသားျဖစ္ခြင့္မရေအာင္ တမင္ရည္႐ြယ္ျပဌာန္းတဲ့ ဥပေဒျဖစ္တယ္ဆိုၿပီး ျပစ္တင္ေဝဖန္မႈေတြ ထြက္ေပၚခဲ့ပါတယ္။

သူတို႔ျပည္နယ္ေတြမွာ တရားမဝင္ လာေရာက္ေနထိုင္ေနတဲ့ ဟိႏၵဴဘာသာဝင္ေတြကို ႏိုင္ငံသားျဖစ္ခြင့္ေပးတဲ့ဥပေဒ ျဖစ္တယ္ ဆိုၿပီး တိုင္းျပည္အေရွ႕ေျမာက္ေဒသမွာရွိတဲ့ ျပည္နယ္ေတြက ဒီဥပေဒကို အျပင္းအထန္ ကန႔္ကြက္ေနၾကပါတယ္။

ဒါဟာ အိႏၵိယႏိုင္ငံအေနနဲ႔ ဘာသာေရးကို အေျခခံတဲ့ ႏိုင္ငံသားျဖစ္ေရးဆိုင္ရာ ဥပေဒကို ပထမဆုံးအႀကိမ္ ျပဌာန္းလိုက္တာ လည္း ျဖစ္ပါတယ္။ ဒီဥပေဒသစ္အရ ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္နဲ႔ အာဖဂန္နစၥတန္ႏိုင္ငံေတြကေန အိႏၵိယႏိုင္ငံထဲကို ၂၀၁၅ ခုႏွစ္မတိုင္ခင္မွာ ေရာက္လာၾကတဲ့ ဟိႏၵဴ၊ ဆစ္ခ္၊ ခရစ္ယာန္၊ ဂ်ိန္း၊ ပါဆီနဲ႔ ဗုဒၶဘာသာဝင္ေတြအေနနဲ႔ ႏိုင္ငံသားအျဖစ္ ေလွ်ာက္ထားခြင့္ရွိမွာ ျဖစ္ပါတယ္။

ႏိုင္ငံသားမ်ားဆိုင္ရာဥပေဒကို ျပင္ဆင္ေရးဆြဲထားတဲ့ မူၾကမ္းကို အထက္လႊတ္ေတာ္က ေထာက္ခံမဲ ၁၂၅ မဲ၊ ကန႔္ကြက္မဲ ၁၀၅ မဲနဲ႔ ဗုဒၶဟူးေန႔မွာ အတည္ျပဳလိုက္တာျဖစ္ပါတယ္။ ဒီဥပေဒမူၾကမ္းကို ေအာက္လႊတ္ေတာ္က အတည္ျပဳထားၿပီး ျဖစ္တာေၾကာင့္ သမၼတက လက္မွတ္ထိုးၿပီးရင္ ဥပေဒအျဖစ္ တည္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

ဒါဟာ ကြၽႏု္ပ္တို႔တိုင္းျပည္အေနနဲ႔ သနားၾကင္နာစိတ္ရွိမႈ၊ ညီအကိုေတာ္ျခင္း ခ်စ္ခင္စိတ္ထားရွိမႈ စတဲ့ တမူထူးျခားတဲ့ ဝိေသသကို ျပလိုက္တဲ့ ထူးျခားတဲ့ေန႔တေန႔ျဖစ္ေၾကာင္း ဥပေဒၾကမ္းကို အတည္ျပဳၿပီး မၾကာခင္မွာဘဲ ဝန္ႀကီးခ်ဳပ္ Narendra Modi က Twitter လူမႈကြန္ရက္ကေန ေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နိုင်ငံသားဖြစ်မှုဆိုင်ရာ အိန္ဒိယဥပဒေ ဝေဖန်ခံရ

အိန္ဒိယနိုင်ငံ လွှတ်တော်က နိုင်ငံသားဖြစ်ရေးနဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းကို အတည်ပြုလိုက်တာဟာ ဖွဲ့စည်းပုံနဲ့ မညီညွတ်ဘူး၊ အိမ်နီးချင်း သုံးနိုင်ငံက ရောက်နေကြတဲ့ လူနည်းစု မွတ်ဆလင်တွေ နိုင်ငံသားဖြစ်ခွင့်မရအောင် တမင်ရည်ရွယ်ပြဌာန်းတဲ့ ဥပဒေဖြစ်တယ်ဆိုပြီး ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

သူတို့ပြည်နယ်တွေမှာ တရားမဝင် လာရောက်နေထိုင်နေတဲ့ ဟိန္ဒူဘာသာဝင်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးတဲ့ဥပဒေ ဖြစ်တယ် ဆိုပြီး တိုင်းပြည်အရှေ့မြောက်ဒေသမှာရှိတဲ့ ပြည်နယ်တွေက ဒီဥပဒေကို အပြင်းအထန် ကန့်ကွက်နေကြပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံအနေနဲ့ ဘာသာရေးကို အခြေခံတဲ့ နိုင်ငံသားဖြစ်ရေးဆိုင်ရာ ဥပဒေကို ပထမဆုံးအကြိမ် ပြဌာန်းလိုက်တာ လည်း ဖြစ်ပါတယ်။ ဒီဥပဒေသစ်အရ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကနေ အိန္ဒိယနိုင်ငံထဲကို ၂၀၁၅ ခုနှစ်မတိုင်ခင်မှာ ရောက်လာကြတဲ့ ဟိန္ဒူ၊ ဆစ်ခ်၊ ခရစ်ယာန်၊ ဂျိန်း၊ ပါဆီနဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိမှာ ဖြစ်ပါတယ်။

နိုင်ငံသားများဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲထားတဲ့ မူကြမ်းကို အထက်လွှတ်တော်က ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၁၀၅ မဲနဲ့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြုထားပြီး ဖြစ်တာကြောင့် သမ္မတက လက်မှတ်ထိုးပြီးရင် ဥပဒေအဖြစ် တည်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒါဟာ ကျွနု်ပ်တို့တိုင်းပြည်အနေနဲ့ သနားကြင်နာစိတ်ရှိမှု၊ ညီအကိုတော်ခြင်း ချစ်ခင်စိတ်ထားရှိမှု စတဲ့ တမူထူးခြားတဲ့ ဝိသေသကို ပြလိုက်တဲ့ ထူးခြားတဲ့နေ့တနေ့ဖြစ်ကြောင်း ဥပဒေကြမ်းကို အတည်ပြုပြီး မကြာခင်မှာဘဲ ဝန်ကြီးချုပ် Narendra Modi က Twitter လူမှုကွန်ရက်ကနေ ရေးသားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG