(Zawgyi / Unicode)
အိႏိၵယႏုိင္ငံက ဆစ္ခ္လူနည္းစု ရာေပါင္းမ်ားစြာဟာ ပါကစၥတန္ဘက္မွာရွိတဲ့ သူတို႔ရဲ႕ ဘာသာေရး အထြတ္အျမတ္ ဘုရားေက်ာင္းတခုမွာ သြားေရာက္ဝတ္ျပဳဖို႔အတြက္ ႏွစ္ေပါင္း ၇၂ ႏွစ္အတြင္း ပထမဆံုးအႀကိမ္အျဖစ္ ျပည္ဝင္ခြင့္ဗီဇာမလိုဘဲ နယ္စပ္ကိုျဖတ္ၿပီး ပါကစၥတန္ႏုိ္င္ငံထဲကို သြားခြင့္ရခဲ့ၾကပါတယ္။
နယ္စပ္ဂိတ္ကို ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Imran Khan က စေနေန႔မွာ ဖြင့္ေပးခဲ့ၿပီး ဆစ္ခ္ ဘာသာေရးခရီးသြား ပထမအစုကို ႀကိဳဆို ႏႈတ္ခြန္းဆက္ပါတယ္။
ပိုင္ဆို္င္မႈအျငင္းပြားေနတဲ့ ကက္ရွ္မီးယားေဒသနဲ႔ ပတ္သက္ၿပီး အိႏိၵယရဲ႕ မၾကာေသးခင္က လုပ္ေဆာင္ခ်က္ေၾကာင့္ ႏွစ္ႏုိ္င္ငံၾကား ဆက္ဆံေရး ယိုယြင္းက်ဆင္းေနခ်ိန္မွာပဲ ရွားရွားပါးပါး ပူးေပါင္းေဆာင္ရြက္မႈတခုကေန အခုလို ဆစ္ခ္ဘာသာဝင္ေတြ သြားခြင့္ရတာပါ။
အခုလို နယ္စပ္ဖြင့္ေပးတဲ့အတြက္ အိႏိၵယဝန္ႀကီးခ်ဳပ္ Narendra Modi က ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Imran Khan ကို ေက်းဇူးတင္စကား ေျပာပါတယ္။
အိႏိၵယႏုိင္ငံက အႀကီးတန္း ႏုိင္ငံေရးသမားေတြနဲ႔ တာဝန္ရွိသူေတြ အပါအဝင္ ဘာသာေရးခရီးသြားေတြဟာ အသစ္လုပ္ထားတဲ့ ၄.၁ ကီလိုမီတာအရွည္ နယ္စပ္ျဖတ္လမ္းကေန ဘုရားေက်ာင္းကို သြားခဲ့ၾကပါတယ္။
အခုသြားၾကတဲ့ Kartarpur ဘုရားေက်ာင္းဟာ ဆစ္ခ္ဘာသာေရးမွာ ဒုတိယ အထြတ္အျမတ္အထားဆံုး ဘုရားေက်ာင္းျဖစ္ပါတယ္။ ဒီဘုရားေက်ာင္းမွာ ဆစ္ခ္ဝါဒကို ထူေထာင္ခဲ့သူ ဂု႐ု Nanak Dev ေနာက္ဆံုးေခါင္းခ်သြားတာ ျဖစ္ပါတယ္။
----------------------------------
(Unicode)
အိန္ဒိယ ဆစ်ခ်ဘာသာဝင်တွေ ပါကစ္စတန်ဘက် ဘုရားကျောင်း နယ်စပ်ကတဆင့် သွားခွင့်ရ
အိန္ဒိယနိုင်ငံက ဆစ်ခ်လူနည်းစု ရာပေါင်းများစွာဟာ ပါကစ္စတန်ဘက်မှာရှိတဲ့ သူတို့ရဲ့ ဘာသာရေး အထွတ်အမြတ် ဘုရားကျောင်းတခုမှာ သွားရောက်ဝတ်ပြုဖို့အတွက် နှစ်ပေါင်း ၇၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ နယ်စပ်ကိုဖြတ်ပြီး ပါကစ္စတန်နိုင်ငံထဲကို သွားခွင့်ရခဲ့ကြပါတယ်။
နယ်စပ်ဂိတ်ကို ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က စနေနေ့မှာ ဖွင့်ပေးခဲ့ပြီး ဆစ်ခ် ဘာသာရေးခရီးသွား ပထမအစုကို ကြိုဆို နှုတ်ခွန်းဆက်ပါတယ်။
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ မကြာသေးခင်က လုပ်ဆောင်ချက်ကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းကျဆင်းနေချိန်မှာပဲ ရှားရှားပါးပါး ပူးပေါင်းဆောင်ရွက်မှုတခုကနေ အခုလို ဆစ်ခ်ဘာသာဝင်တွေ သွားခွင့်ရတာပါ။
အခုလို နယ်စပ်ဖွင့်ပေးတဲ့အတွက် အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကို ကျေးဇူးတင်စကား ပြောပါတယ်။
အိန္ဒိယနိုင်ငံက အကြီးတန်း နိုင်ငံရေးသမားတွေနဲ့ တာဝန်ရှိသူတွေ အပါအဝင် ဘာသာရေးခရီးသွားတွေဟာ အသစ်လုပ်ထားတဲ့ ၄.၁ ကီလိုမီတာအရှည် နယ်စပ်ဖြတ်လမ်းကနေ ဘုရားကျောင်းကို သွားခဲ့ကြပါတယ်။
အခုသွားကြတဲ့ Kartarpur ဘုရားကျောင်းဟာ ဆစ်ခ်ဘာသာရေးမှာ ဒုတိယ အထွတ်အမြတ်အထားဆုံး ဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းမှာ ဆစ်ခ်ဝါဒကို ထူထောင်ခဲ့သူ ဂုရု Nanak Dev နောက်ဆုံးခေါင်းချသွားတာ ဖြစ်ပါတယ်။