သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sikh ဘုရားဖူးတွေအတွက် အိန္ဒိယ-ပါကစ္စတန် နယ်စပ်လမ်းဖွင့်


Sikh ဘုရားဖူးများ
Sikh ဘုရားဖူးများ

အိန္ဒိယနိုင်ငံက လူနည်းစု Sikh ဘာသာဝင်တွေအနေနဲ့ ပါကစ္စတန်နိုင်ငံအတွင်းက သမိုင်းဝင် Sikh ကျောင်းတော်ကို အလည်အပတ်လာနိုင်အောင်လို့ နယ်စပ်ဂိတ်အသစ်တခု ဖွင့်လှစ်ပေးဖို့ အိန္ဒိယနဲ့ ပါကစ္စတန် ၂နိုင်ငံအကြားသဘောတူညီ ခဲ့ကြပါတယ်။

အခုလိုသဘောတူညီချက်ရှိလာတာဟာ ၂နိုင်ငံအကြားရေရှေရှိလာနေ နယ်စပ်တင်းမာမှုတွေကိုပြေလျှော့ ရေး ဖန်တီးပေးရာရောက်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ Sikh ဝါဒ ကိုထူထောင်သူ Guru Nanak ရဲ့ နှစ်ပေါင်းင ါးရာ့ငါးဆယ်ပြည့်နှစ်ဟာ အခုလာမယ့်နှစ်သစ်အတွင်းကျရောက်မှာဖြစ်ပြီး ဒီမွေးနေ့အထိမ်းအမှတ်အဖြစ် Kartarpur နယ်စပ်လမ်းကိုဖွင့်ပေးဖို့ ပါကစ္စတန်ဘက်ကဆုံးဖြတ်ထားတဲ့အကြောင်း အိန္ဒိယ ဘက်က အသိပေးပြီးပြီလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က မနေ့ကပဲ ပြောပါတယ်။

Sikh ဘာသာဝင်တွေအတွက် မင်္ဂလာရှိ စေမယ့်လုပ်ရပ်အတွက် ပါကစ္စတန်ဘက်ကကြိုဆိုတယ်လို့လည်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ကပြောပါ တယ်။

နယ်စပ်ဂိတ်အသစ်ဖွင့်လှစ်ရေး ပါကစ္စတန်ဘက်က ဆောက်လုပ်မယ့် နယ်စပ်ဂိတ်အဆောက်အဦးကို ပါကစ္စ တန်ဝန်ကြီးချုပ် Imran Khanကိုယ်တိုင် လာမယ့်ဗုဒ္ဓဟူးနေ့ကျရင် အုတ်မြစ်ချလိမ့်မယ်လို့လည်းဆိုပါတယ်။ အိန္ဒိယ ဘက်က နယ်စပ် ဂိတ်သစ်ဖွင့်လှစ်တည်ဆောက်ဖို့ဆုံးဖြတ်ထားကြောင်းကြေညာခဲ့ပြီးနာရီပိုင်းအကြာမှာပဲ ပါကစ္စတန် ဘက်က အခုလိုကြေ ညာခဲ့တာပါ။

Sikh ဘာသာဝင်လူမှုအသိုင်းအဝိုင်းအတွက် ပါကစ္စတန်ဘက်မှာရှိတဲ့ သမိုင်းဝင် ဘာသာရေးကျောင်းတော် ကိုသွားရောက်လည်ပတ်နိုင်ရေး နားလည်အသိအမှတ်ပြုပေးဖို့နဲ့ Kartarpur နယ်စပ်လမ်းမှာ သင့်တော်တဲ့အဆောက်အဦးတွေ တည်ဆောက်ဖို့အိန္ဒိယရဲ့ တိုက်တွန်းတဲ့ကမ်းလှမ်းချက်ကို နယူး ဒေလီမြို့တော်က ပါကစ္စတန်သံရုံးကတဆင့်ပေးပို့ခဲ့တာပါ။ ဒီကမ်းလှမ်းမှုရဲ့ရည်ရွယ်ချက်ကတော့ အိန္ဒိယဘက်မှာရှိတဲ့ Sikh ဘုရားကျောင်း တော်နဲ့ ပါကစ္စတန်ဘက်က Sikhကျောင်းတော်ကို နယ်စပ်လမ်းကတဆင့် ဆက်စပ်ချိတ်ဆက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

Sikh ဘုရားဖူးတွေအတွက် အိန္ဒိယ-ပါကစ္စတန် နယ်စပ်လမ်းဖွင့်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG