သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Indira Gandhi ရုပ်ရှင်ကား အိန္ဒိယ ပိတ်ပင်


လုပ်ကြံခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Indira Gandhi ။
လုပ်ကြံခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Indira Gandhi ။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Indira Gandhi လုပ်ကြံခံရတဲ့ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ဖြန့်ချီခွင့် အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။ ရုပ်ရှင်ထဲမှာ လုပ်ကြံသူကို အမွှမ်းတင်ရိုက်ကူးထားတဲ့အတွက် လူထုကြား အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တာကြောင့် အခုလိုပိတ်ပင်လိုက်တာပါ။ ရုပ်ရှင်ထုတ်ဝေဖြန့်ချီခွင့်ဘုတ်အဖွဲ့က ဒီရုပ်ရှင်ဟာ လူထုအကြား ဥပဒေစိုးမိုးရေး အပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့် အခုလိုဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ဘုတ်အဖွဲ့ ဥက္ကဌ Leela Samson ဆိုပါတယ်။

Kaum De Heere လို့အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကို ဒီကနေ့သောကြာနေ့မှာ စတင်ပြသဖို့ အစောပိုင်းတုန်း စီစဉ်ထားခဲ့တာပါ။ လုပ်ကြံခံခဲ့ရတဲ့ Ms. Gandhi ကို သူ့ရဲ့ ကိုယ်ရေး လုံခြုံရေးအရာရှိတဦးက ၁၉၈၄ ခုနှစ်မှာ လုပ်ကြံခဲ့တာပါ။ Sikhs လူမျိုးတွေကို နှိမ်နင်းမှုကြောင့် မစ္စ ဂန္ဒီ ကို အခုလို လက်စားချေတုန့်ပြန်ခဲ့တာပါ။

Sikhs သီးခြားပြည်ထူထောင်ဖို့ ကြိုးပမ်းနေသူတွေ ခိုအောင်းနေတဲ့ Amritsar မြို့က Sikhs လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ရွှေကျောင်းကို စစ်တပ်နဲ့ ဝင်ရောက်စီးနင်း နှိမ်နင်းဖို့ မစ္စ ဂန္ဒီက ၁၉၈၄ ခုနှစ် အစောပိုင်းမှာ အမိန့်ပေးခဲ့တာပါ။

အဲဒီနှိမ်နင်းမှုအတွင်း Sikh လူမျိုးရာပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ အဲဒီနောက် လအနည်းငယ် အကြာမှာတော့ သူ့ရဲ့ ကိုယ်ရေး လုံခြုံရေး အရာရှိ Sikh လူမျိုး ၂ ဦးက မစ္စ ဂန္ဒီကို ပစ်ခတ်လုပ်ကြံခဲ့တာပါ။ ဒီလုပ်ကြံမှုကြောင့် လူမှု အသိုင်းအဝိုင်းကြား အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့ပြီး လူပေါင်း ၃၀၀၀ သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG