သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Kashmir ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးျပန္ေပးဖို႔ ကုလေတာင္းဆို


Kashmir ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ဆႏၵျပေနသူမ်ား

(Zawgyi/Unicode)

အိႏၵိယ ထိန္းခ်ဳပ္ထားတဲ့ Kashmir နယ္ထဲမွာ ဖိႏွိပ္မႈေတြ ဆက္ၿပီးရွိေနတဲ့အတြက္ ကုလသမဂၢ လူ႔အခြင့္ေရးရံုးက ရႈတ္ခ်လိုက္ၿပီး ဒီေဒသတြင္းေနထုိင္တဲ့ သန္းနဲ႔ခ်ီတဲ့ မြတ္ဆလင္ေဒသခံေတြ ဆီက ၾသဂုတ္လထဲမွာ ရုပ္သိမ္းခဲ့တဲ့ အခြင့္ေရးေတြကို ျပန္လည္ေပးအပ္ဖို႔ အိႏၵိယအစိုးရကို တိုက္တြန္းလိုက္ပါတယ္။

ကုလသမဂၢ လူ႔အခြင့္ေရး ဌာနခ်ဳပ္ရွိရာ ဂ်နီဗာကေန Lisa Schlein ေပးပို႔ထားတဲ့ သတင္းကို ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

အိႏၵိယႏုိင္ငံရဲ့ မြတ္စလင္အမ်ားဆံုး ေနထိုင္ရာ Jammu – Kashmir ေဒသဟာ ျပည္နယ္တခု အျဖစ္ တရားဝင္ မရွိေတာ့ပါဘူး။ ဒီေဒသအတြက္ ဖြဲ႔စည္းပံုဥပေဒအရ ျပဌာန္းထားတဲ့ တစိတ္တပိုင္း ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ကိုလည္း ၿပီးခဲ့တဲ့ ၾသဂုတ္လ ၅ ရက္ေန႔တုန္းက အိႏၵိယအစိုးရက ရုပ္သိမ္းခဲ့တာ ျဖစ္ပါတယ္။

ဒီလို လုပ္ေဆာင္လိုက္တာအတြက္ ရလဒ္ကေတာ့ ဒီေဒသဟာ ျပည္ေထာင္စုအစိုးရက တုိက္ရုိက္ အုပ္ခ်ဳပ္တဲ့ နယ္ေျမ ၂ ခု အျဖစ္ ကြဲသြားတာပါ။ တခုကေတာ့ မြတ္စလင္ အမ်ားစုေနထုိင္ရာ မၿငိမ္မသက္ျဖစ္ေနတဲ့ Kashmir ေတာင္ၾကားေဒသနဲ႔ ဟိႏၵဴအမ်ားစုေနထိုင္ရာ Jammu တို႔ပါဝင္ၿပီး ဒုတိယနယ္ေျမကေတာ့ ဗုဒၶဘာသာဝင္ေတြ ေနထုိင္ရာ Ladakh ကုန္းျမင့္ေဒသ ျဖစ္ပါတယ္။

ဒီလိုနယ္ေျမ ပိုင္းျခားမႈဟာ ၾကာသပေတးေန႔မွာ စတင္အသက္ဝင္ခဲ့ၿပီး ဒီေဒသရဲ့ ႏွစ္ေပါင္း ၇၀ ၾကာ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးဟာလည္း ဆံုးခန္းတိုင္သြားပါၿပီ။

ဒီလုိ တင္းၾကပ္္တဲ့ လုပ္ရပ္ေတြကို ကုလသမဂၢလူ႔အခြင့္အေရး ဆိုင္ရာ မဟာမင္းႀကီး ရံုးက ရႈတ္ခ်လုိက္ၿပီး ဒါဟာ ၾသဂုတ္လကတည္းက ဆက္တိုက္ျဖစ္လာခဲ့တဲ့ က်ယ္ျပန္႔တဲ့ အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ျဖစ္တယ္လို႔ ေခၚဆိုလိုက္ပါတယ္။

Kashmir ေတာင္ၾကားက နယ္ေျမေတာ္ေတာ္မ်ားမ်ားမွာ လူေတြရဲ့ လြတ္လပ္စြာ သြားလာခြင့္ကို တားျမစ္တဲ့ တရား၀င္ ေၾကညာ မထားတဲ့ curfew ထုတ္ျပန္ထား သလို ေဒသခံျပည္သူေတြရဲ့ က်န္းမာေရး၊ ပညာေရးနဲ႔ ဘာသာေရးလြတ္လပ္စြာ ယံုၾကည္ကိုးကြယ္ခြင့္ကိုလည္း ကန္႔သတ္ထားပါတယ္။

ဒီေဒသတြင္း ႀကိဳၾကားႀကိဳၾကား ျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြအတြင္း လံုၿခံဳေရးတပ္ေတြက အင္အားအလြန္အကၽြံသံုး ႏွိမ္နင္းတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ၾကားရေၾကာင္း OHCHR က ကုလသမဂၢ လူ႔အခြင့္ေရးရံုးေျပာခြင့္ရ Rupert Colville ကေျပာပါတယ္။ ဒါ့အျပင္ ဒီေဒသကို နယ္ေျမ ၂ ခုခြဲလိုက္ၿပီးခ်ိန္ကစၿပီး အခင္းျဖစ္ပြားမႈေတြမွာ ေသဆံုးသူ ၆ ဦးရွိေနၿပီး ဒဏ္ရာရသူက အမ်ားအျပား ရွိေနတယ္လုိ႔ သတင္းေတြ ထြက္ေနေၾကာင္းလည္း ေျပာပါတယ္။

“အိႏၵိယ အုပ္ခ်ဳပ္ေနတဲ့ Kashmir ေဒသမွာ ပံုမွန္စီးပြါးေရးလုပ္ဖို႔ျဖစ္ေစ ေက်ာင္းတက္ဖို႔ျဖစ္ေစ ႀကိဳးစားေနတဲ့ ေဒသခံေတြကို လက္နက္ကိုင္ အဖြဲ႔ေတြက ၿခိမ္းေျခာက္တယ္ဆိုတဲ့ သတင္းေတြ၊ ဒီလက္နက္ကိုင္အဖြဲ႔ေတြ ေျပာတဲ့အတိုင္းမလုပ္တဲ့ သူေတြအေပၚ အၾကမ္းဖက္မႈေတြ ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္ အေတာ္မ်ားမ်ားလည္း က်ေနာ္တို႔ရခဲ့သလို Jammu နဲ႔ Kashmir က ဝန္ႀကီးခ်ဳပ္ေဟာင္း ၃ ဦး အပါအဝင္ ရာနဲ႔ခ်ီတဲ့ ႏိုင္ငံေရးနဲ႔ လူမႈအသိုင္းဝိုင္း ေခါင္းေဆာင္ေတြကိုလည္း အကာကြယ္ေပးဖို႔ဆိုၿပီး ဖမ္းဆီးထားပါတယ္။”

အဖမ္းဆီးခံေနရတဲ့ သူေတြကုိ ညွဥ္းပမ္းႏွိပ္စက္တာနဲ႔ ေကာင္းေကာင္းမဆက္ဆံဘူး ဆိုတဲ့ စြပ္စြဲခ်က္ေတြလည္း ကုလလူ႔အခြင့္ေရးရံုးက ရထားတယ္လို႔ Colville က ေျပာပါတယ္။ အခုလို ညွဥ္းပမ္းႏွိပ္စက္မႈကို ႏုိင္ငံတကာဥပေဒအရ တားျမစ္ထားတာ ျဖစ္ၿပီး အခုရထားတဲ့ ဒီစြပ္စြဲမႈေတြ အတြက္ သီးျခားလြတ္လပ္ၿပီး တရားမွ်တတဲ့ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ ေျမျပင္ တယ္လီဖံုးလိုင္း ဆက္သြယ္မႈအတြက္ ကန္႔သတ္ထားတာေတြကို ဖယ္ရွား ေပးခဲ့ေပမယ့္ Kashmir ေတာင္ၾကားေဒသ တြင္း အင္တာနက္ဆက္သြယ္မႈ ကိုေတာ့ ပိတ္ပင္ထားဆဲ ျဖစ္ေၾကာင္း ေတြ႔ရတယ္လို႔ Colville ကေျပာပါတယ္။ တခ်ိန္ထဲမွာပဲ သတင္းမီဒီယာ ထုတ္ျပန္မႈေတြ အတြက္ ကန္႔သတ္မႈေတြနဲ႔ ရင္ဆိုင္ေနရသလို သတင္းသမား အမ်ားအျပားဟာလည္း လြန္ခဲ့တဲ့ ၃ လအတြင္း အဖမ္းဆီး ခံၾကရေၾကာင္း ေျပာပါတယ္။

Kashmir ေဒသခံေတြဟာ အစိုးရ ျဖစ္ေစခ်င္တာေတြကိုပဲ လုပ္ေနရဆဲျဖစ္ၿပီး Jammu – Kashmir ေဒသရဲ႕ အနာဂတ္နဲ႔ ပတ္သက္တဲ့ အေျခအေနလို အေရးပါတဲ့ ႏိုင္ငံေရး ဆံုးျဖတ္ခ်က္ေတြ အတြက္ဆို ေဘးဖယ္ထားတာ ခံေနရတယ္ လို႔လည္း Coville ကေျပာပါတယ္။ အခု ေဒသတြင္း ေခါင္းေဆာင္ေတြဟာ အဖမ္းခံေနရတဲ့အျပင္ သူတို႔ရဲ့ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္နဲ႔ ႏုိင္ငံေရးလုပ္ေဆာင္မႈေတြ ဟာလည္း အထိပါးခံေနရတယ္လို႔ ေျပာပါတယ္။

အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ကေတာ့ အခုလို ေဒသ ပိုင္းျခားလိုက္တာအတြက္ ခုခံေျပာဆိုခဲ့တာပါ။ ဒီေဒသကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ေပးထားတာဟာ ေဒသရဲ႕ တုိးတက္ဖြံ႔ၿဖိဳးေရးကို ထိခိုက္ေစသလို အၾကမ္းဖက္ဝါဒ ေပၚေပါက္လာေစၿပီး ဒီေဒသခံ တခ်ိဳ႕ကို ၿပိဳင္ဘက္ ပါကစၥတန္က လက္နက္သဖြယ္အသံုးခ် လာေစတယ္လို႔ ေျပာပါတယ္။

ပါကစၥတန္ဟာ Kashmir ေဒသက ခြဲထြက္ေရးအတြက္ ပုန္ကန္တဲ့ စစ္ေသြးၾကြေတြကို သင္တန္းေတြ ေပးၿပီး ေထာက္ခံပံ့ပိုးေနတယ္လို႔ အိႏၵိယက စြပ္စြဲေနတာ ၾကပါၿပီ။ ဒါေပမယ့္ ဒီစြပ္စြဲမႈကို ပါကစၥတန္က ျငင္းဆိုပါတယ္။

..............

Kashmir ကိုယ်ပိုင်အုပ်ချုပ်ရေးပြန်ပေးဖို့ ကုလတောင်းဆို

(Unicode)

အိန္ဒိယ ထိန်းချုပ်ထားတဲ့ Kashmir နယ်ထဲမှာ ဖိနှိပ်မှုတွေ ဆက်ပြီးရှိနေတဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက ရှုတ်ချလိုက်ပြီး ဒီဒေသတွင်းနေထိုင်တဲ့ သန်းနဲ့ချီတဲ့ မွတ်ဆလင်ဒေသခံတွေ ဆီက သြဂုတ်လထဲမှာ ရုပ်သိမ်းခဲ့တဲ့ အခွင့်ရေးတွေကို ပြန်လည်ပေးအပ်ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေး ဌာနချုပ်ရှိရာ ဂျနီဗာကနေ Lisa Schlein ပေးပို့ထားတဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အိန္ဒိယနိုင်ငံရဲ့ မွတ်စလင်အများဆုံး နေထိုင်ရာ Jammu – Kashmir ဒေသဟာ ပြည်နယ်တခု အဖြစ် တရားဝင် မရှိတော့ပါဘူး။ ဒီဒေသအတွက် ဖွဲ့စည်းပုံဥပဒေအရ ပြဌာန်းထားတဲ့ တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့တုန်းက အိန္ဒိယအစိုးရက ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်လိုက်တာအတွက် ရလဒ်ကတော့ ဒီဒေသဟာ ပြည်ထောင်စုအစိုးရက တိုက်ရိုက် အုပ်ချုပ်တဲ့ နယ်မြေ ၂ ခု အဖြစ် ကွဲသွားတာပါ။ တခုကတော့ မွတ်စလင် အများစုနေထိုင်ရာ မငြိမ်မသက်ဖြစ်နေတဲ့ Kashmir တောင်ကြားဒေသနဲ့ ဟိန္ဒူအများစုနေထိုင်ရာ Jammu တို့ပါဝင်ပြီး ဒုတိယနယ်မြေကတော့ ဗုဒ္ဓဘာသာဝင်တွေ နေထိုင်ရာ Ladakh ကုန်းမြင့်ဒေသ ဖြစ်ပါတယ်။

ဒီလိုနယ်မြေ ပိုင်းခြားမှုဟာ ကြာသပတေးနေ့မှာ စတင်အသက်ဝင်ခဲ့ပြီး ဒီဒေသရဲ့ နှစ်ပေါင်း ၇၀ ကြာ ကိုယ်ပိုင်အုပ်ချုပ်ရေးဟာလည်း ဆုံးခန်းတိုင်သွားပါပြီ။

ဒီလို တင်းကြပ်တဲ့ လုပ်ရပ်တွေကို ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ရုံးက ရှုတ်ချလိုက်ပြီး ဒါဟာ သြဂုတ်လကတည်းက ဆက်တိုက်ဖြစ်လာခဲ့တဲ့ ကျယ်ပြန့်တဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ်လို့ ခေါ်ဆိုလိုက်ပါတယ်။ Kashmir တောင်ကြားက နယ်မြေတော်တော်များများမှာ လူတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို တားမြစ်တဲ့ တရားဝင် ကြေညာ မထားတဲ့ curfew ထုတ်ပြန်ထား သလို ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဘာသာရေးလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။

ဒီဒေသတွင်း ကြိုကြားကြိုကြား ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်တွေက အင်အားအလွန်အကျွံသုံး နှိမ်နင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကြားရကြောင်း OHCHR က ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးပြောခွင့်ရ Rupert Colville ကပြောပါတယ်။ ဒါ့အပြင် ဒီဒေသကို နယ်မြေ ၂ ခုခွဲလိုက်ပြီးချိန်ကစပြီး အခင်းဖြစ်ပွားမှုတွေမှာ သေဆုံးသူ ၆ ဦးရှိနေပြီး ဒဏ်ရာရသူက အများအပြား ရှိနေတယ်လို့ သတင်းတွေ ထွက်နေကြောင်းလည်း ပြောပါတယ်။

“အိန္ဒိယ အုပ်ချုပ်နေတဲ့ Kashmir ဒေသမှာ ပုံမှန်စီးပွါးရေးလုပ်ဖို့ဖြစ်စေ ကျောင်းတက်ဖို့ဖြစ်စေ ကြိုးစားနေတဲ့ ဒေသခံတွေကို လက်နက်ကိုင် အဖွဲ့တွေက ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ၊ ဒီလက်နက်ကိုင်အဖွဲ့တွေ ပြောတဲ့အတိုင်းမလုပ်တဲ့ သူတွေအပေါ် အကြမ်းဖက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက် အတော်များများလည်း ကျနော်တို့ရခဲ့သလို Jammu နဲ့ Kashmir က ဝန်ကြီးချုပ်ဟောင်း ၃ ဦး အပါအဝင် ရာနဲ့ချီတဲ့ နိုင်ငံရေးနဲ့ လူမှုအသိုင်းဝိုင်း ခေါင်းဆောင်တွေကိုလည်း အကာကွယ်ပေးဖို့ဆိုပြီး ဖမ်းဆီးထားပါတယ်။”

အဖမ်းဆီးခံနေရတဲ့ သူတွေကို ညှဉ်းပမ်းနှိပ်စက်တာနဲ့ ကောင်းကောင်းမဆက်ဆံဘူး ဆိုတဲ့ စွပ်စွဲချက်တွေလည်း ကုလလူ့အခွင့်ရေးရုံးက ရထားတယ်လို့ Colville က ပြောပါတယ်။ အခုလို ညှဉ်းပမ်းနှိပ်စက်မှုကို နိုင်ငံတကာဥပဒေအရ တားမြစ်ထားတာ ဖြစ်ပြီး အခုရထားတဲ့ ဒီစွပ်စွဲမှုတွေ အတွက် သီးခြားလွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် မြေပြင် တယ်လီဖုံးလိုင်း ဆက်သွယ်မှုအတွက် ကန့်သတ်ထားတာတွေကို ဖယ်ရှား ပေးခဲ့ပေမယ့် Kashmir တောင်ကြားဒေသ တွင်း အင်တာနက်ဆက်သွယ်မှု ကိုတော့ ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း တွေ့ရတယ်လို့ Colville ကပြောပါတယ်။ တချိန်ထဲမှာပဲ သတင်းမီဒီယာ ထုတ်ပြန်မှုတွေ အတွက် ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရသလို သတင်းသမား အများအပြားဟာလည်း လွန်ခဲ့တဲ့ ၃ လအတွင်း အဖမ်းဆီး ခံကြရကြောင်း ပြောပါတယ်။

Kashmir ဒေသခံတွေဟာ အစိုးရ ဖြစ်စေချင်တာတွေကိုပဲ လုပ်နေရဆဲဖြစ်ပြီး Jammu – Kashmir ဒေသရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ အခြေအနေလို အရေးပါတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ အတွက်ဆို ဘေးဖယ်ထားတာ ခံနေရတယ် လို့လည်း Coville ကပြောပါတယ်။ အခု ဒေသတွင်း ခေါင်းဆောင်တွေဟာ အဖမ်းခံနေရတဲ့အပြင် သူတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေ ဟာလည်း အထိပါးခံနေရတယ်လို့ ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတော့ အခုလို ဒေသ ပိုင်းခြားလိုက်တာအတွက် ခုခံပြောဆိုခဲ့တာပါ။ ဒီဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာဟာ ဒေသရဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ထိခိုက်စေသလို အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာစေပြီး ဒီဒေသခံ တချို့ကို ပြိုင်ဘက် ပါကစ္စတန်က လက်နက်သဖွယ်အသုံးချ လာစေတယ်လို့ ပြောပါတယ်။

ပါကစ္စတန်ဟာ Kashmir ဒေသက ခွဲထွက်ရေးအတွက် ပုန်ကန်တဲ့ စစ်သွေးကြွတွေကို သင်တန်းတွေ ပေးပြီး ထောက်ခံပံ့ပိုးနေတယ်လို့ အိန္ဒိယက စွပ်စွဲနေတာ ကြပါပြီ။ ဒါပေမယ့် ဒီစွပ်စွဲမှုကို ပါကစ္စတန်က ငြင်းဆိုပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG