သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကတ္ရွ္မီးယားကို အိႏၵိယႏိုင္ငံ ျပည္နယ္အဆင့္႐ုပ္သိမ္း


(Zawgyi/ Unicode)

လက္နက္ကုိင္ ပုန္ကန္မႈေတြ ႀကံဳေနရတဲ့ အိႏၵိယပုိင္ ဂ်မူး၊ ကက္ရွ္မီးယား ျပည္နယ္ကုိ ဒီကေန႔ပဲ အစုိးရက ျပည္နယ္အဆင့္ကေန ဖ်က္သိမ္းၿပီး ေဒသ ၂ ခုအျဖစ္ ခဲြျခား သတ္မွတ္လုိက္ပါတယ္။

ဟိမ၀ႏၱာေတာင္တန္းေဒသျဖစ္တဲ့ ဂ်မူး၊ ကက္ရွ္မီးယား ျပည္နယ္ကုိ ဗဟုိအစိုးရက တုိက္႐ုိက္အုပ္ခ်ဳပ္မယ့္ ေဒသ ၂ ခု အျဖစ္ ၀န္ႀကီးခ်ဳပ္ Narendra Modi အစိုးရက တရား၀င္ သတ္မွတ္လုိက္တာပါ။

မတည္မၿငိမ္ အေျခအေနေတြ ႀကံဳေနရတဲ့ မြတ္ဆလင္ အမ်ားစုရွိရာ ကက္ရွ္မီးယား ေတာင္ၾကားေဒသနဲ႔ ဟိႏၵဴအမ်ားစုရွိရာ ဂ်မူးေဒသတုိ႔ကုိ ဂ်မူး၊ ကက္ရွ္မီးယား ေဒသအျဖစ္ သတ္မွတ္လုိက္ၿပီး၊ ဗုဒၶဘာသာ၀င္ေတြရဲ႕ ေတာင္ေပၚေဒသ Ladakh အပါအ၀င္ ေနာက္ထပ္ ေဒသတခုကုိလည္း သီးျခားသတ္မွတ္လုိက္ပါတယ္။

တစိတ္တပုိင္း ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ျပည္နယ္အျဖစ္ကေန အိႏၵိယအစုိးရက ပယ္ဖ်က္လုိက္ၿပီး လပုိင္းအၾကာမွာပဲ ဗဟုိအစုိးရ လက္ေအာက္ခံ ေဒသေတြအျဖစ္ သတ္မွတ္လုိက္တာပါ။

၀န္ႀကီးခ်ဳပ္ Modi ကေတာ့ အထူးအုပ္ခ်ဳပ္ခြင့္ရ ျပည္နယ္တခုအျဖစ္ အခြင့္အေရး ေပးခဲ့တဲ့အတြက္ ေဒသတြင္း ဖြံ႔ၿဖိဳးမႈေတြ ေနာက္က်က်န္ခဲ့သလုိ၊ အၾကမ္းဖက္၀ါဒ အားေကာင္းလာၿပီး အိႏၵိယနဲ႔ မသင့္မျမတ္ျဖစ္ေနတဲ့ ပါကစၥတန္ ႏုိင္ငံက တခ်ဳိ႕လူေတြကုိ ေသြးထုိးလႈံ႔ေဆာ္ဖုိ႔ လက္နက္တခုလုိ အသုံးခ်ခဲ့တာေတြ ရွိတယ္ဆုိၿပီး သူ႔အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကုိ ကာကြယ္ေျပာဆုိ ထားပါတယ္။

ကက္ရွ္မီးယား ေဒသမွာ ခဲြထြက္ဖုိ႔ ႀကိဳးပမ္းေနတဲ့ လက္နက္ကုိင္ေတြကုိ ပါကစၥတန္ႏုိင္ငံက အားေပးကူညီေနသလုိ၊ ေလ့က်င့္ သင္တန္းေပးတာေတြလည္း ရွိေနတယ္ဆုိၿပီး အိႏၵိယက တေလွ်ာက္လုံး စြပ္စဲြခဲ့ေပမဲ့ ပါကစၥတန္ကေတာ့ စြပ္စဲြခ်က္ကုိ ျငင္းဆန္ထားတာပါ။

အိႏၵိယ၀န္ႀကီးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ကုိ ေထာက္ခံသူေတြကေတာ့ ကက္ရွ္မီးယားေဒသ အေနနဲ႔ တသီးတျခား ျဖစ္ေနတဲ့ အေျခအေနကုိ ေက်ာ္လႊားၿပီး က်န္ေဒသေတြနဲ႔ ေပါင္းစည္းႏုိင္မယ့္ အစီအစဥ္အျဖစ္နဲ႔ အားေပးခဲ့ၾကပါတယ္။

ေ၀ဖန္သူေတြကေတာ့ ဆုံးျဖတ္ခ်က္ေၾကာင့္ အိႏၵိယအစုိးရအေပၚ ဆန္႔က်င္မႈေတြ ပုိမိုႀကီးထြားလာၿပီး ပုန္ကန္မႈေတြဟာ ႏုိင္ငံအႏွံ႔ပ်ံ႕ႏွံ႔လာမွာ စုိးရိမ္ရတယ္လုိ႔လည္း သတိေပးေနၾကပါတယ္။

[Unicode Version]

လက်နက်ကိုင် ပုန်ကန်မှုတွေ ကြုံနေရတဲ့ အိန္ဒိယပိုင် ဂျမူး၊ ကက်ရှ်မီးယား ပြည်နယ်ကို ဒီကနေ့ပဲ အစိုးရက ပြည်နယ်အဆင့်ကနေ ဖျက်သိမ်းပြီး ဒေသ ၂ ခုအဖြစ် ခွဲခြား သတ်မှတ်လိုက်ပါတယ်။

ဟိမဝန္တာတောင်တန်းဒေသဖြစ်တဲ့ ဂျမူး၊ ကက်ရှ်မီးယား ပြည်နယ်ကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်မယ့် ဒေသ ၂ ခု အဖြစ် ဝန်ကြီးချုပ် Narendra Modi အစိုးရက တရားဝင် သတ်မှတ်လိုက်တာပါ။

မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ မွတ်ဆလင် အများစုရှိရာ ကက်ရှ်မီးယား တောင်ကြားဒေသနဲ့ ဟိန္ဒူအများစုရှိရာ ဂျမူးဒေသတို့ကို ဂျမူး၊ ကက်ရှ်မီးယား ဒေသအဖြစ် သတ်မှတ်လိုက်ပြီး၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ တောင်ပေါ်ဒေသ Ladakh အပါအဝင် နောက်ထပ် ဒေသတခုကိုလည်း သီးခြားသတ်မှတ်လိုက်ပါတယ်။

တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ်ကနေ အိန္ဒိယအစိုးရက ပယ်ဖျက်လိုက်ပြီး လပိုင်းအကြာမှာပဲ ဗဟိုအစိုးရ လက်အောက်ခံ ဒေသတွေအဖြစ် သတ်မှတ်လိုက်တာပါ။

ဝန်ကြီးချုပ် Modi ကတော့ အထူးအုပ်ချုပ်ခွင့်ရ ပြည်နယ်တခုအဖြစ် အခွင့်အရေး ပေးခဲ့တဲ့အတွက် ဒေသတွင်း ဖွံ့ဖြိုးမှုတွေ နောက်ကျကျန်ခဲ့သလို၊ အကြမ်းဖက်ဝါဒ အားကောင်းလာပြီး အိန္ဒိယနဲ့ မသင့်မမြတ်ဖြစ်နေတဲ့ ပါကစ္စတန် နိုင်ငံက တချို့လူတွေကို သွေးထိုးလှုံ့ဆော်ဖို့ လက်နက်တခုလို အသုံးချခဲ့တာတွေ ရှိတယ်ဆိုပြီး သူ့အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆို ထားပါတယ်။

ကက်ရှ်မီးယား ဒေသမှာ ခွဲထွက်ဖို့ ကြိုးပမ်းနေတဲ့ လက်နက်ကိုင်တွေကို ပါကစ္စတန်နိုင်ငံက အားပေးကူညီနေသလို၊ လေ့ကျင့် သင်တန်းပေးတာတွေလည်း ရှိနေတယ်ဆိုပြီး အိန္ဒိယက တလျှောက်လုံး စွပ်စွဲခဲ့ပေမဲ့ ပါကစ္စတန်ကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားတာပါ။

အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေကတော့ ကက်ရှ်မီးယားဒေသ အနေနဲ့ တသီးတခြား ဖြစ်နေတဲ့ အခြေအနေကို ကျော်လွှားပြီး ကျန်ဒေသတွေနဲ့ ပေါင်းစည်းနိုင်မယ့် အစီအစဉ်အဖြစ်နဲ့ အားပေးခဲ့ကြပါတယ်။

ဝေဖန်သူတွေကတော့ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယအစိုးရအပေါ် ဆန့်ကျင်မှုတွေ ပိုမိုကြီးထွားလာပြီး ပုန်ကန်မှုတွေဟာ နိုင်ငံအနှံ့ပျံ့နှံ့လာမှာ စိုးရိမ်ရတယ်လို့လည်း သတိပေးနေကြပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG