(Zawgyi/Unicode)
ဥေရာပသမဂၢ (EU) လႊတ္ေတာ္အမတ္ေတြဟာ အိႏၵိယပိုင္ Kashmir ေဒသကို အဂၤါေန႔က သြားေရာက္ခဲ့ၾကပါတယ္။ ဒါဟာ အိႏၵိယအစိုးရက ၾသဂုတ္လထဲမွာ ဒီေဒသအတြက္ေပးထားတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ျပန္႐ုပ္သိမ္းၿပီး ဆႏၵျပသူေတြကို ျပင္းျပင္းထန္ထန္ ေခ်မႈန္းခဲ့ခ်ိန္ကစၿပီး ႏုိင္ငံရပ္ျခား ကိုယ္စားလွယ္အဖြဲ႔တဖြဲ႔ ပထမဆံုး လာေရာက္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။
ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံကိုယ္စားျပဳ အီးယူလႊတ္ေတာ္အမတ္ေတြဟာ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ ေတြ႔ဆံုအၿပီးမွာေတာ့ သူတို႔ဟာ Kashmir ေဒသအေျခအေနကို အကဲျဖတ္ဖို႔ စီစဥ္ေနတယ္လို႔ အိႏၵိယအစိုးရ အရာရွိေတြက ေျပာပါတယ္။
မြတ္ဆလင္အမ်ားစုေနထုိင္ရာ အဲဒီေဒသရဲ႕ ဖြဲ႔စည္းပံုအေျခခံဥပေဒပါ ရပိုင္ခြင့္ျဖစ္တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ ေျမပိုင္ဆိုင္ခြင့္ ေပးထားတာေတြကို အိႏၵိယအစိုးရက ႐ုတ္တရက္ ျပန္႐ုတ္သိမ္းခဲ့သလို စစ္တပ္အမ်ားအျပားခ်ထားတဲ့ အဲဒီေဒသမွာ တပ္သား ေသာင္းနဲ႔ခ်ီ ထပ္မံတိုးခ်လိုက္ၿပီး ဆႏၵျပသူေတြကို ရက္စက္စြာ ေခ်မႈန္းခဲ့တာ ျဖစ္ပါတယ္။ စစ္တပ္က ညမထြက္ရအမိန္႔ေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထုတ္ျပန္ခဲ့သလို ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြကို ဖမ္းဆီးၿပီး လူမႈအသို္င္းဝို္င္း အားလံုးနီးပါးကို အဆက္သြယ္ ျဖတ္ထားခဲ့တာပါ။
ေနာက္ပိုင္း အစိုးရအာဏာပိုင္ေတြက ဆက္သြယ္ေရးဝန္ေဆာင္မႈတခ်ဳိ႕ ျပန္ရေအာင္လုပ္ေပးခဲ့သလို ေက်ာင္သားေတြ ေက်ာင္းျပန္တက္ၾကဖို႔နဲ႔ စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္ဖို႔ တိုက္တြန္းခဲ့ေပမယ့္ ေဒသခံေတြက အာခံေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဏာပိုင္ေတြကေတာ့ ဒီေဒသမွာ ပံုမွန္အေနထား ျပန္ေရာက္ေနၿပီဆိုတာကို အခုလာေရာက္ၾကတဲ့ အီးယူကိုယ္စားလွယ္ေတြကို ျပသဖို႔ ႀကိဳးစားေနပါတယ္။
ေႏြရာသီၿမိဳ႕ေတာ္ Srinagar အပါအဝင္ ဒီေဒသက ေနရာ ၄၀ ေလာက္မွာ ဆႏၵျပပြဲေတြလုပ္ဖို႔ ရွိေနတယ္လုိ႔ အမည္မေဖာ္လုိတဲ့ အစိုးရအရာရွိတဦးနဲ႔ ရဲအရာရွိတဦးက ေျပာပါတယ္။ အခု အီးယူကိုယ္စားလွယ္ေတြ မလာခင္က အိႏၵိယအစိုးရကေန ကုလသမဂၢ အထူးကိုယ္စားလွယ္ေတြ၊ အေမရိကန္ လႊတ္ေတာ္အမတ္ေတြ၊ ႏိုင္ငံျခား သတင္းေထာက္ေတြအျပင္ တခ်ဳိ႕ အိႏၵိယအမတ္ေတြကိုယ္တိုင္ကို ဒီေဒသတြင္း မသြားေရာက္ဖုိ႔ တားျမစ္ထားတာ ျဖစ္ပါတယ္။
....................
EU လွှတ်တော်အမတ်တွေ ကက်ရှ်မီးယားဒေသ သွားရောက်
(Unicode)
ဥရောပသမဂ္ဂ (EU) လွှတ်တော်အမတ်တွေဟာ အိန္ဒိယပိုင် Kashmir ဒေသကို အင်္ဂါနေ့က သွားရောက်ခဲ့ကြပါတယ်။ ဒါဟာ အိန္ဒိယအစိုးရက သြဂုတ်လထဲမှာ ဒီဒေသအတွက်ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ရုပ်သိမ်းပြီး ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့ချိန်ကစပြီး နိုင်ငံရပ်ခြား ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ပထမဆုံး လာရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၁ နိုင်ငံကိုယ်စားပြု အီးယူလွှတ်တော်အမတ်တွေဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံအပြီးမှာတော့ သူတို့ဟာ Kashmir ဒေသအခြေအနေကို အကဲဖြတ်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယအစိုးရ အရာရှိတွေက ပြောပါတယ်။
မွတ်ဆလင်အများစုနေထိုင်ရာ အဲဒီဒေသရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရပိုင်ခွင့်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မြေပိုင်ဆိုင်ခွင့် ပေးထားတာတွေကို အိန္ဒိယအစိုးရက ရုတ်တရက် ပြန်ရုတ်သိမ်းခဲ့သလို စစ်တပ်အများအပြားချထားတဲ့ အဲဒီဒေသမှာ တပ်သား သောင်းနဲ့ချီ ထပ်မံတိုးချလိုက်ပြီး ဆန္ဒပြသူတွေကို ရက်စက်စွာ ချေမှုန်းခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်က ညမထွက်ရအမိန့်တွေ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ခဲ့သလို ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီး လူမှုအသိုင်းဝိုင်း အားလုံးနီးပါးကို အဆက်သွယ် ဖြတ်ထားခဲ့တာပါ။
နောက်ပိုင်း အစိုးရအာဏာပိုင်တွေက ဆက်သွယ်ရေးဝန်ဆောင်မှုတချို့ ပြန်ရအောင်လုပ်ပေးခဲ့သလို ကျောင်သားတွေ ကျောင်းပြန်တက်ကြဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ တိုက်တွန်းခဲ့ပေမယ့် ဒေသခံတွေက အာခံနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေကတော့ ဒီဒေသမှာ ပုံမှန်အနေထား ပြန်ရောက်နေပြီဆိုတာကို အခုလာရောက်ကြတဲ့ အီးယူကိုယ်စားလှယ်တွေကို ပြသဖို့ ကြိုးစားနေပါတယ်။
နွေရာသီမြို့တော် Srinagar အပါအဝင် ဒီဒေသက နေရာ ၄၀ လောက်မှာ ဆန္ဒပြပွဲတွေလုပ်ဖို့ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတဦးနဲ့ ရဲအရာရှိတဦးက ပြောပါတယ်။ အခု အီးယူကိုယ်စားလှယ်တွေ မလာခင်က အိန္ဒိယအစိုးရကနေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ၊ အမေရိကန် လွှတ်တော်အမတ်တွေ၊ နိုင်ငံခြား သတင်းထောက်တွေအပြင် တချို့ အိန္ဒိယအမတ်တွေကိုယ်တိုင်ကို ဒီဒေသတွင်း မသွားရောက်ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။