သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Kashmir မွာ မိုဘိုင္းဖုန္း ျပန္ဖြင္႔ေပးၿပီ


Mobile Phone Service in Kashmir

အိႏၵိယႏိုင္ငံဟာ အိႏၵိယထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားနယ္ေျမအတြင္း ေနထိုင္သူ လူ ၄ သန္းအတြက္ မိုဘိုင္းဖုန္းလိုင္းေတြ တနလၤာေန႔ကျပန္လည္ဖြင့္ေပးခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၀ ပတ္ေလာက္က အဲဒီေဒသကို တစိတ္တပိုင္းလြတ္လပ္တဲ့ ေဒသကေန အဆင့္ေလွ်ာခ်အျပီး လုံျခံဳေရးကို တင္းတင္းက်ပ္က်ပ္ခ်လို႔ ဆက္သြယ္ေရးေတြကို ပိတ္ဆို႔ထားခဲ့ျပီးေနာက္ပိုင္း အခုလို မိုဘိုင္းဖုန္းလိုင္းေတြ ျပန္လည္ ဖြင့္ေပးတာဟာ ပုံမွန္အေနအထား ျပန္ရဖို႔ ၾကဳိးပမ္းတဲ့ ပထမဆုံးေျခလွမ္းတရပ္လို႔ ဆိုပါတယ္။

အခုလို ဆက္သြယ္ေရးစနစ္ ျပန္လည္ရရွိျပီဆိုေပမဲ့လည္း ေဒသတြင္းလုပ္ငန္း လည္ပတ္မႈ ပုံမွန္အတိုင္း ျပန္ေရာက္မေရာက္ကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

အာဏာဖီဆန္ေရး လံႈ႔ဆာ္ေဆာင္ရြက္ခ်က္အရ အဲဒီေဒသအတြင္းလမ္းေတြနဲ႔ ေစ်းေတြ အေတာ္မ်ားမ်ား ေျခာက္ကပ္ကပ္ျဖစ္ေနခဲ့ပါတယ္။ ဒါေပမဲ့ ကက္ရွ္မီးယားက ဟုိတယ္ ပိုင္ရွင္တဦးျဖစ္သူ Wasim Chaya ကေတာ့ တနာရီအတြင္း ဖုန္း ေျခာက္ၾကိမ္ ေခၚဆိုလက္ခံခဲ့ရလို႔ သိပ္ ေပ်ာ္ရႊင္မိတယ္လို႔လည္း ေျပာပါတယ္။

ေဒသတြင္း မိုဘိုင္းဖုန္း ၂ သန္း၀န္းက်င္ေလာက္ကေတာ့ လိုင္းေတြ ျပန္လည္ မပြင့္ေသးသလို အင္တာနက္လိုင္းေတြကိုလည္း ဆက္လက္ပိတ္ပင္ထားဆဲျဖစ္ပါတယ္။

အာဏာပိုင္ေတြကေတာ့ မိုဘိုင္းဖုန္းလိုင္းေတြ တစိတ္တပိုင္း ျပန္လည္ဖြင့္လွစ္ေပးတာဟာ ပုံမွန္ အေနအထားကို ျပန္လည္ ေရာက္ရွိလာတာကို ျပသတာလို႔ ေျပာေနစဥ္မွာပဲ ေဒသခံ ႏုိ္င္ငံေရးသမားအမ်ားအျပားကို ထိန္းသိမ္းထားသလို ေထာင္ေပါင္းမ်ားစြာေသာ အိႏိၵယတပ္ဖြဲ႔ ေတြကိုလည္း လမ္းေတြေပၚ တပ္စြဲခ်ထားေနဆဲျဖစ္ပါတယ္။

Unicode

အိန္ဒိယနိုင်ငံဟာ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေအတွင်း နေထိုင်သူ လူ ၄ သန်းအတွက် မိုဘိုင်းဖုန်းလိုင်းတွေ တနင်္လာနေ့ကပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ ပတ်လောက်က အဲဒီဒေသကို တစိတ်တပိုင်းလွတ်လပ်တဲ့ ဒေသကနေ အဆင့်လျှောချအပြီး လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချလို့ ဆက်သွယ်ရေးတွေကို ပိတ်ဆို့ထားခဲ့ပြီးနောက်ပိုင်း အခုလို မိုဘိုင်းဖုန်းလိုင်းတွေ ပြန်လည် ဖွင့်ပေးတာဟာ ပုံမှန်အနေအထား ပြန်ရဖို့ ကြိုးပမ်းတဲ့ ပထမဆုံးခြေလှမ်းတရပ်လို့ ဆိုပါတယ်။

အခုလို ဆက်သွယ်ရေးစနစ် ပြန်လည်ရရှိပြီဆိုပေမဲ့လည်း ဒေသတွင်းလုပ်ငန်း လည်ပတ်မှု ပုံမှန်အတိုင်း ပြန်ရောက်မရောက်ကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အာဏာဖီဆန်ရေး လှုံ့ဆာ်ဆောင်ရွက်ချက်အရ အဲဒီဒေသအတွင်းလမ်းတွေနဲ့ ဈေးတွေ အတော်များများ ခြောက်ကပ်ကပ်ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ကက်ရှ်မီးယားက ဟိုတယ် ပိုင်ရှင်တဦးဖြစ်သူ Wasim Chaya ကတော့ တနာရီအတွင်း ဖုန်း ခြောက်ကြိမ် ခေါ်ဆိုလက်ခံခဲ့ရလို့ သိပ် ပျော်ရွှင်မိတယ်လို့လည်း ပြောပါတယ်။

ဒေသတွင်း မိုဘိုင်းဖုန်း ၂ သန်းဝန်းကျင်လောက်ကတော့ လိုင်းတွေ ပြန်လည် မပွင့်သေးသလို အင်တာနက်လိုင်းတွေကိုလည်း ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ မိုဘိုင်းဖုန်းလိုင်းတွေ တစိတ်တပိုင်း ပြန်လည်ဖွင့်လှစ်ပေးတာဟာ ပုံမှန် အနေအထားကို ပြန်လည် ရောက်ရှိလာတာကို ပြသတာလို့ ပြောနေစဉ်မှာပဲ ဒေသခံ နိုင်ငံရေးသမားအများအပြားကို ထိန်းသိမ်းထားသလို ထောင်ပေါင်းများစွာသော အိန္ဒိယတပ်ဖွဲ့ တွေကိုလည်း လမ်းတွေပေါ် တပ်စွဲချထားနေဆဲဖြစ်ပါတယ်။

Kashmir မွာ မိုဘိုင္းဖုန္း ျပန္ဖြင္႔ေပးၿပီ
please wait

No media source currently available

0:00 0:00:50 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG