သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Jammu Kashmir ျပည္နယ္ကို အိႏၵိယဗဟိုအစိုးရ တိုက္႐ိုက္အုပ္ခ်ဳပ္မည္


အျငင္းပြါးနယ္ေျမ ျဖစ္တဲ့ Jammu - Kashmir ျပည္နယ္ကို အိႏၵိယအစိုးရက ျပည္ေထာင္စုနယ္ေျမ ၂ ခု အျဖစ္ ၾကာသပေတးေန႔မွာ တရားဝင္ ခြဲျခား သတ္မွတ္လိုက္ေၾကာင္း Reuters သတင္းက ေဖာ္ျပပါတယ္။

ဒါဟာ ၃ လနီးပါးေလာက္ လံုၿခံဳေရးအရ တင္းတင္းၾကပ္ၾကပ္ ေခ်မႈန္းခဲ့တဲ့ မတည္ၿငိမ္တဲ့ ေဒသကို ပိုတင္းၾကပ္စြာ ခ်ဳပ္ကိုင္ႏုိင္ဖုိ႔ ရည္ရြယ္ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ အိႏၵိယ ဗဟိုအစိုးရက တိုက္ရိုက္အုပ္ခ်ဳပ္မယ့္ နယ္ေျမ ၂ ခုကေတာ့ Jammu – Kashmir နယ္ေျမနဲ႔ ဗုဒၶဘာသာဝင္ အမ်ားစု ေနထိုင္တဲ့ Ladakh နယ္ေျမ တို႔ ျဖစ္ပါတယ္။

အဲဒီေဒသမွာ အစိုးရရဲ့ ထိန္းခ်ဳပ္မႈကို ဆန္႔က်င္တဲ့ လမ္းေပၚထြက္ လူထုဆႏၵျပမႈေတြ ႀကိဳၾကား ျဖစ္ပြါးေနတာ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ့ ဟိႏၵဴအမ်ိဳးသားေရး ဝါဒီေတြက Kashmir ေဒသအတြက္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ေပးထားတာကို ၾသဂုတ္လ ထဲမွာ ျပန္ရုပ္သိမ္းခဲ့တာ ျဖစ္သလို အခု အိႏၵိယ ဗဟိုအစိုးရက တိုက္ရိုက္အုပ္ခ်ဳပ္တဲ့ နယ္ေျမ ၂ ခု အျဖစ္ ခြဲလိုက္တာ ျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ မူစလင္အမ်ားစုေနထိုင္ရာ အဲဒီေဒသမွာ အၾကမ္းဖက္မႈေတြ ထပ္မျဖစ္ပြါးေအာင္ ကာကြယ္တဲ့ အေနနဲ႔ တပ္သား ေထာင္နဲ႔ ခ်ီၿပီးခ်ထားခဲ့ပါတယ္။ အဲဒီေဒသမွာ ခြဲထြက္ေရးသမားေတြက အိႏၵိယအစိုးရ အုပ္ခ်ဳပ္မႈကို ဆယ္စုႏွစ္နဲ႔ ခ်ီၿပီး ဆန္႔က်င္တိုက္ခိုက္ေနၾကတာ ျဖစ္ပါတယ္။

အစိုးရက အဲဒီေဒသအတြက္ ခရီးသြားလာမႈေတြ ျပင္းျပင္းထန္ထန္ ကန္႔သတ္ထားသလို တယ္လီဖံုးနဲ႔ အင္တာနက္ လိုင္းေတြကိုလည္း ျဖတ္ေတာက္ထားပါတယ္။ ေက်ာင္းေတြ၊ ေကာလိပ္ေတြမွာ ေက်ာင္းသားေတြ ေက်ာင္းလာမတက္ၾကသလို ေစ်းဆိုင္ေတြ၊ ေဟာ္တယ္ေတြနဲ႔ စားေသာက္ဆိုင္ အမ်ားစုဟာလည္း ပိတ္ထားတာပါ။ ႏုိင္ငံေရး ေခါင္းေဆာင္ေတြ၊ ခြဲထြက္ေရးအတြက္ တိုက္ခိုက္ေနသူေတြ အပါအဝင္ ရာနဲ႔ ခ်ီတဲ့ လူေတြလည္း အခုထိ အဖမ္းခံေနရဆဲ ျဖစ္ပါတယ္။
ဒီသီတင္းပတ္ထဲမွာပဲ Kashmir ေဒသ ၿမိဳ႕ေတာ္ Srinagar နဲ႔ ေနရာအမ်ားအျပားမွာ ဆႏၵျပလူစုက လံုၿခံဳေရး ရဲေတြကို ခဲေတြနဲ႔ ပစ္ေပါက္ခဲ့ၿပီး ဆႏၵျပခဲ့ၾကတာပါ။

(Unicode)

Jammu Kashmir ပြည်နယ်ကို အိန္ဒိယဗဟိုအစိုးရ တိုက်ရိုက်အုပ်ချုပ်မည်

အငြင်းပွါးနယ်မြေ ဖြစ်တဲ့ Jammu - Kashmir ပြည်နယ်ကို အိန္ဒိယအစိုးရက ပြည်ထောင်စုနယ်မြေ ၂ခု အဖြစ် ကြာသပတေးနေ့မှာ တရားဝင် ခွဲခြား သတ်မှတ်လိုက်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ဒါဟာ ၃ လနီးပါးလောက် လုံခြုံရေးအရ တင်းတင်းကြပ်ကြပ် ချေမှုန်းခဲ့တဲ့ မတည်ငြိမ်တဲ့ ဒေသကို ပိုတင်းကြပ်စွာ ချုပ်ကိုင်နိုင်ဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်မယ့် နယ်မြေ ၂ ခုကတော့ Jammu – Kashmir နယ်မြေနဲ့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ Ladakh နယ်မြေ တို့ ဖြစ်ပါတယ်။

အဲဒီဒေသမှာ အစိုးရရဲ့ ထိန်းချုပ်မှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် လူထုဆန္ဒပြမှုတွေ ကြိုကြား ဖြစ်ပွါးနေတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူအမျိုးသားရေး ဝါဒီတွေက Kashmir ဒေသအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးထားတာကို သြဂုတ်လ ထဲမှာ ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်သလို အခု အိန္ဒိယ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ နယ်မြေ ၂ ခု အဖြစ် ခွဲလိုက်တာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ မူစလင်အများစုနေထိုင်ရာ အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ ထပ်မဖြစ်ပွါးအောင် ကာကွယ်တဲ့ အနေနဲ့ တပ်သား ထောင်နဲ့ ချီပြီးချထားခဲ့ပါတယ်။ အဲဒီဒေသမှာ ခွဲထွက်ရေးသမားတွေက အိန္ဒိယအစိုးရ အုပ်ချုပ်မှုကို ဆယ်စုနှစ်နဲ့ ချီပြီး ဆန့်ကျင်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

အစိုးရက အဲဒီဒေသအတွက် ခရီးသွားလာမှုတွေ ပြင်းပြင်းထန်ထန် ကန့်သတ်ထားသလို တယ်လီဖုံးနဲ့ အင်တာနက် လိုင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်။ ကျောင်းတွေ၊ ကောလိပ်တွေမှာ ကျောင်းသားတွေ ကျောင်းလာမတက်ကြသလို ဈေးဆိုင်တွေ၊ ဟော်တယ်တွေနဲ့ စားသောက်ဆိုင် အများစုဟာလည်း ပိတ်ထားတာပါ။ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ခွဲထွက်ရေးအတွက် တိုက်ခိုက်နေသူတွေ အပါအဝင် ရာနဲ့ ချီတဲ့ လူတွေလည်း အခုထိ အဖမ်းခံနေရဆဲ ဖြစ်ပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ Kashmir ဒေသ မြို့တော် Srinagar နဲ့ နေရာအများအပြားမှာ ဆန္ဒပြလူစုက လုံခြုံရေး ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး ဆန္ဒပြခဲ့ကြတာပါ။

XS
SM
MD
LG