သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ အမႈအတြက္ The Hague ကုိ ရုိဟင္ဂ်ာအေရးေဆာင္ရြက္သူေတြေရာက္


HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔က ႏုိင္ငံတကာတရား တရားမွ်မႈဆုိင္ရာ ပူးတြဲညြန္ၾကားေရးမွဴး Param Preet-Singh

(Zawgyi/Unicode)

ျမန္မာႏုိင္ငံအေနနဲ႔ လူမ်ဳိးတုံးသတ္ျဖတ္မႈ ျဖစ္ေပၚေနေတာကုိ ဟန္႔တားဖုိ႔ ပ်က္ကြက္ခဲ့တဲ့တြက္ေၾကာင့္ဆုိၿပီး ဂမ္ဘီယာႏုိင္ငံက နယ္သာလန္ႏိုင္ငံ၊ The Hague ၿမိဳ႕က ႏုိင္ငံတကာတရားရုံးမွာ စြဲဆုိထားတဲ့အမႈကုိ ဒီကေန႔ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ စတင္ ၾကားနာေတာ့မွာပါ။

၃ ရက္ၾကာ ျပဳလုပ္မယ့္ ဒီအမႈကုိ ရင္ဆုိင္ဖုိ႔အတြက္ ႏွစ္ဘက္ႏုိင္ငံက ကုိယ္စားလွယ္ေတြအျပင္ သူ႔ဘက္၊ ကုိယ့္ဘက္ ေထာက္ခံမယ့္သူေတြလည္း The Hague ၿမိဳ႕မွာ ေရာက္ေနၾကပါတယ္။ ဒီအမႈကုိ ျမန္မာႏုိင္ငံကုိယ္စား ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ ရင္ဆုိင္သြားမွာ ျဖစ္ပါတယ္။ ဒီအေၾကာင္း ရုိက္တာသတင္းကုိ အေျခခံၿပီး ကုိေဇာ္၀င္းလႈိင္က စတင္ျပေပးထားပါတယ္။

ICJ ႏုိင္ငံတကာတရားရုံးမွာ အဂၤါေန႔မွာ ၾကားနာမယ့္ အထင္ကရအမႈႀကီး မစခင္ ရုိဟင္ဂ်ာလူနည္းစုေတြအတြက္ ေဆာင္ရြက္ေပးေနတဲ့ လူ႔အခြင့္အေရးအဖြဲ႔ေတြ နယ္သာလန္ႏုိင္ငံ၊ The Hague ၿမိဳ႕ကုိ ႀကိဳေရာက္ေနၾကတာမွာ နယူးေယာက္အေျခစုိက္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔က ႏုိင္ငံတကာတရား တရားမွ်မႈဆုိင္ရာ ပူးတြဲညြန္ၾကားေရးမွဴး Param Preet-Singh လည္း ပါ၀င္ပါတယ္။

“ျမန္မာစစ္တပ္က ရုိဟင္ဂ်ာ မြတ္ဆလင္ေတြကုိ သတ္ျဖတ္ခဲ့တယ္၊ အဓမၼျပဳက်င့္ခဲ့တယ္၊ ၂၀၁၂ ခုႏွစ္ေလာက္ကတည္းက ရြာေတြကုိ မီးရႈိ႕ ဖ်က္ဆီးခဲ့တယ္ဆုိတဲ့ HRW က ျပဳစုထားတဲ့ မေရတြက္ႏုိင္တဲ့ မွတ္တမ္းျပဳစုထားတာေတြ ရွိပါတယ္။ အဲဒီလုိ လူသားမ်ဳိးႏြယ္အေပၚ ဆန္႔က်င္တဲ့ ျပစ္မႈေတြအျပင္ ၂၀၁၇ ခုႏွစ္အတြင္း နယ္ေျမရွင္းလင္းေရးလုပ္တုန္းက ရုိဟင္ဂ်ာေတြအေပၚ လူမဆန္တဲ့ ျပစ္မႈေတြ က်ဴးလြန္ခဲ့တဲ့ အေထာက္အထားေတြလည္း ရွိပါတယ္။”

ဂမ္ဘီယာႏုိင္ငံက ဦးေဆာင္ တင္သြင္းထားၿပီး ၃ ရက္ၾကာ ၾကားနာစစ္ေဆးမယ့္ ဒီအမႈကုိ ဦးေဆာင္ရင္ဆုိင္ဖုိ႔ ျမန္မာအစုိးရအဖြဲ႔ ေခါင္းေဆာင္လည္းျဖစ္၊ ႏုိဘဲၿငိမ္းခ်မ္းေရးဆုရွင္လည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာလည္း နယ္သာလန္ႏုိင္ငံကုိ တနဂၤေႏြေန႔က ေရာက္လာခဲ့ပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းမွာ ျမန္မာစစ္တပ္က ၂၀၁၇ ခုႏွစ္အတြင္း နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ခဲ့တာရဲ႕ ေနာက္ဆက္တြဲအျဖစ္နဲ႔ ရုိဟင္ဂ်ာ ၇ သိန္းေက်ာ္ တဘက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးခဲ့ၾကတယ္လုိ႔ ႏုိင္ငံတကာအသုိင္း၀ုိင္းက ခန္႔မွန္းထားတာပါ။ ဒီျဖစ္စဥ္မွာ လုံၿခံဳေရးတပ္ဖြဲ႔ေတြဘက္က လူမ်ဳိးတုံးသတ္ျဖတ္ေရးဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ကုလသမဂၢက ေျပာထားပါတယ္။ အမႈအသြားအလာနဲ႔ ပတ္သက္လုိ႔ Param Preet-Singh ကဘဲ အခုလုိ ဆက္ေျပာပါတယ္။

“ဒီအမႈရဲ႕ အႏွစ္သာရကေတာ့ ထင္ျမင္ခ်က္တခုထဲနဲ႔ လုပ္ေနတာပါ။ ဒါေပမယ့္ အဆုံးသတ္မွာေတာ့ လူမ်ဳိးတုံးသတ္ျဖတ္မႈဆုိတာ မျဖစ္ခဲ့ဘူး၊ ဒီလူမ်ဳိးစုကုိ ဖ်က္ဆီးပစ္ဖုိ႔ ရည္ရြယ္လုပ္ေဆာင္ခဲ့ျခင္း မရွိဘူးဆုိတဲ့ အခ်က္ကုိဘဲ ခုခံ ေခ်ပမွာျဖစ္တဲ့အတြက္ လူမ်ဳိးသတ္ျဖတ္မႈကုိ ဟန္႔တားတဲ့ ႏုိင္ငံတကာသေဘာတူညီခ်က္ကုိ ခ်ဳိးေဖာက္ခဲ့ျခင္း မရွိဘူးဆုိတဲ့ ရလဒ္ဘဲ ထြက္လာမွာပါ။”

ျမန္မာအာဏာပုိင္ေတြကေတာ့ ရုိဟင္ဂ်ာ စစ္ေသြးႂကြေတြရဲ႕ တုိက္ခုိက္မႈကုိ ျပန္လည္ တုန္႔ျပန္တဲ့အေနနဲ႔ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ကုလသမဂၢကေျပာသလုိ လူမ်ဳိးတုံး သတ္ျဖတ္ဖုိ႔ ရည္ရြယ္လုပ္ေဆာင္ျခင္းမဟုတ္ဘူးဆုိၿပီး ျငင္းဆုိထားပါတယ္။

၃ ရက္တာ ၾကားနာမယ့္ကာလအတြင္း ဒီအမႈကုိ အျပည့္အ၀ ၾကားနာ စစ္ေဆးျခင္း မစတင္ခင္ Provisional Measures လို႔ ေခၚတဲ့ ၾကားကာလ အစီအစဥ္ ခ်မွတ္ေဆာင္ရြက္ေပးဖို႔ ဂမ္ဘီယာက ICJ တရားသူႀကီး ၁၇ ဦးကုိ ေလွ်ာက္ထားမွာ ျဖစ္ပါတယ္။

ႏုိင္ငံနဲ႔ ႏုိင္ငံသားမ်ားရဲ႕အက်ဳိးစီးပြားကုိ ကာကြယ္ဖုိ႔အတြက္ ICJ မွာ ဒီအမႈကုိ ေဒၚေအာင္ဆန္းစုၾကည္ကုိယ္တုိင္ ဦးေဆာင္ ရင္ဆုိင္သြားမယ္လုိ႔ ျမန္မာအစုိးရက ႏုိ၀င္ဘာလ ၂၃ ရက္ေန႔မွာ ေျပာဆုိထားၿပီး ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကုိယ္တုိင္ ဒီအမႈကုိ ရင္ဆုိင္မယ့္အေပၚ ရုိဟင္ဂ်ာလူ႔အခြင့္အေရးကြန္ယက္ဥကၠဌ Yasmin Ullah က အခုလုိ သုံးသပ္ပါတယ္။

“ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔ႏုိင္ငံသားေတြအတြက္ ဒီကုိလာတယ္လုိ႔ ေျပာပါတယ္။ သူဒီကုိလာျခင္းဟာ အမွားတခုမဟုတ္ပါဘူး၊ ဒါေပမယ့္ ဒီကေန ေရွ႕ေလွ်ာက္ ဘယ္လုိ ရပ္တည္သြားမလဲဆုိတာက အဓိကအခ်က္ပါ။ သူမကုိ စစ္တပ္နဲ႔ အတူတူဘဲလုိ႔ လူေတြက ျမင္သြားၾကမွာပါဘဲ၊ ဒါကုိ ဂရုမစုိက္ဘဲ လုပ္မယ္ဆုိရင္ေတာ့ က်မတုိ႔က ဘာမွ ေျပာစရာ မရွိပါဘူး၊ ဒါေပမယ့္ သူနဲ႔က်မတုိ႔ဟာ သမုိင္းစာမ်က္ႏွာေပၚမွာ အတူ ရွိမေနၾကဘူး ဆုိတာေတာ့ ေသခ်ာပါတယ္။”

ဒီကေန႔မွာေတာ့ ရုိဟင္ဂ်ာေတြေရာ ျမန္မာအစုိးရကုိ ေထာက္ခံသူေတြပါ The Hague ၿမိဳ႕မွာ ဆႏၵျပပြဲေတြ အၿပိဳင္အဆုိ္င္ ျပဳလုပ္ၾကဖုိ႔ ရွိေနပါတယ္။ ရုိဟင္ဂ်ာ လူ႔အခြင့္အေရးကြန္ယက္က Yasmin Ullah ကေတာ့ ဒီကိစၥဟာ အလ်င္အျမန္ ၿပီးဆုံးမွာ မဟုတ္ဘူးလုိ႔ ေျပာပါတယ္။

“ဒီခရီးလမ္းက ရွည္ပါမယ္။ ဒါေပမယ့္ တရားမွ်တမႈဆုိတာက စြဲခ်က္တင္လုိက္ယုံ၊ ဘယ္သူမွန္တယ္၊ မွားတယ္လုိ႔ ဆုံးျဖတ္ခ်က္ခ်ေပးလုိက္ယုံနဲ႔ မၿပီးပါဘူး။ အဲဒီေနာက္မွာ လုပ္ရမယ့္ ကုစားမႈ၊ ျပန္လည္ ရင္ၾကားေစ့ေရးေတြက ပုိအေရးႀကီးပါတယ္။”

ကမၻာ့ တရားရုံးလုိ႔ တင္စားေခၚဆုိတဲ့ ICJ တရားရုံးဟာ ကုလသမဂၢအဖြဲ႔ႀကီးရဲ႕ အဆင့္အျမင္ဆုံး တရားရုံးျဖစ္ၿပီး ႏုိင္ငံအျခင္းျခင္းအၾကား အျငင္းပြားမႈေတြကုိ ကုိင္တြယ္ ေျဖရွင္းတဲ့ တရားရုံးျဖစ္ပါတယ္။

ျမန္မာအစုိးရကေတာ့ တဘက္ႏုိင္ငံကုိ ထြက္ေျပးသြားၾကသူေတြကုိ ရုိဟင္လုိ႔ ေခၚဆုိတာကုိ လက္မခံေပမယ့္ ဒီလူေတြ ျပန္လက္ခံေရးအတြက္ ဘဂၤလားေဒ့ရွ္အစုိးရနဲ႔ နားလည္မႈစာခၽြန္လႊာထုိးၿပီး ေဆာင္ရြက္ေနသလုိ ကုလသမဂၢအပါအ၀င္ ႏုိင္ငံတကာ အသုိင္း၀ုိင္းနဲ႔လည္း ပူးေပါင္း ေဆာင္ရြက္ေနတယ္လုိ႔ ေျပာဆုိထားပါတယ္ ။

တိုက္႐ိုက္ လင့္ခ္


.......................

ICJ အမှုအတွက် The Hague ကို ရိုဟင်ဂျာအရေးဆောင်ရွက်သူတွေရောက်

(Unicode)

မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်နေတောကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့တွက်ကြောင့်ဆိုပြီး ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ The Hague မြို့က နိုင်ငံတကာတရားရုံးမှာ စွဲဆိုထားတဲ့အမှုကို ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင် ကြားနာတော့မှာပါ။ ၃ ရက်ကြာ ပြုလုပ်မယ့် ဒီအမှုကို ရင်ဆိုင်ဖို့အတွက် နှစ်ဘက်နိုင်ငံက ကိုယ်စားလှယ်တွေအပြင် သူ့ဘက်၊ ကိုယ့်ဘက် ထောက်ခံမယ့်သူတွေလည်း The Hague မြို့မှာ ရောက်နေကြပါတယ်။ ဒီအမှုကို မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က စတင်ပြပေးထားပါတယ်။

ICJ နိုင်ငံတကာတရားရုံးမှာ အင်္ဂါနေ့မှာ ကြားနာမယ့် အထင်ကရအမှုကြီး မစခင် ရိုဟင်ဂျာလူနည်းစုတွေအတွက် ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ နယ်သာလန်နိုင်ငံ၊ The Hague မြို့ကို ကြိုရောက်နေကြတာမှာ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နိုင်ငံတကာတရား တရားမျှမှုဆိုင်ရာ ပူးတွဲညွန်ကြားရေးမှူး Param Preet-Singh လည်း ပါဝင်ပါတယ်။

“မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင်တွေကို သတ်ဖြတ်ခဲ့တယ်၊ အဓမ္မပြုကျင့်ခဲ့တယ်၊ ၂၀၁၂ ခုနှစ်လောက်ကတည်းက ရွာတွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ HRW က ပြုစုထားတဲ့ မရေတွက်နိုင်တဲ့ မှတ်တမ်းပြုစုထားတာတွေ ရှိပါတယ်။ အဲဒီလို လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ပြစ်မှုတွေအပြင် ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်တုန်းက ရိုဟင်ဂျာတွေအပေါ် လူမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေလည်း ရှိပါတယ်။”

ဂမ်ဘီယာနိုင်ငံက ဦးဆောင် တင်သွင်းထားပြီး ၃ ရက်ကြာ ကြားနာစစ်ဆေးမယ့် ဒီအမှုကို ဦးဆောင်ရင်ဆိုင်ဖို့ မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ နိုဘဲငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နယ်သာလန်နိုင်ငံကို တနင်္ဂနွေနေ့က ရောက်လာခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတယ်လို့ နိုင်ငံတကာအသိုင်းဝိုင်းက ခန့်မှန်းထားတာပါ။ ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့တွေဘက်က လူမျိုးတုံးသတ်ဖြတ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။ အမှုအသွားအလာနဲ့ ပတ်သက်လို့ Param Preet-Singh ကဘဲ အခုလို ဆက်ပြောပါတယ်။

“ဒီအမှုရဲ့ အနှစ်သာရကတော့ ထင်မြင်ချက်တခုထဲနဲ့ လုပ်နေတာပါ။ ဒါပေမယ့် အဆုံးသတ်မှာတော့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ မဖြစ်ခဲ့ဘူး၊ ဒီလူမျိုးစုကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း မရှိဘူးဆိုတဲ့ အချက်ကိုဘဲ ခုခံ ချေပမှာဖြစ်တဲ့အတွက် လူမျိုးသတ်ဖြတ်မှုကို ဟန့်တားတဲ့ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်း မရှိဘူးဆိုတဲ့ ရလဒ်ဘဲ ထွက်လာမှာပါ။”

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ပြန်လည် တုန့်ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂကပြောသလို လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

၃ ရက်တာ ကြားနာမယ့်ကာလအတွင်း ဒီအမှုကို အပြည့်အ၀ ကြားနာ စစ်ဆေးခြင်း မစတင်ခင် Provisional Measures လို့ ခေါ်တဲ့ ကြားကာလ အစီအစဉ် ချမှတ်ဆောင်ရွက်ပေးဖို့ ဂမ်ဘီယာက ICJ တရားသူကြီး ၁၇ ဦးကို လျှောက်ထားမှာ ဖြစ်ပါတယ်။

နိုင်ငံနဲ့ နိုင်ငံသားများရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ICJ မှာ ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် ရင်ဆိုင်သွားမယ်လို့ မြန်မာအစိုးရက နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီအမှုကို ရင်ဆိုင်မယ့်အပေါ် ရိုဟင်ဂျာလူ့အခွင့်အရေးကွန်ယက်ဥက္ကဌ Yasmin Ullah က အခုလို သုံးသပ်ပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံသားတွေအတွက် ဒီကိုလာတယ်လို့ ပြောပါတယ်။ သူဒီကိုလာခြင်းဟာ အမှားတခုမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီကနေ ရှေ့လျှောက် ဘယ်လို ရပ်တည်သွားမလဲဆိုတာက အဓိကအချက်ပါ။ သူမကို စစ်တပ်နဲ့ အတူတူဘဲလို့ လူတွေက မြင်သွားကြမှာပါဘဲ၊ ဒါကို ဂရုမစိုက်ဘဲ လုပ်မယ်ဆိုရင်တော့ ကျမတို့က ဘာမှ ပြောစရာ မရှိပါဘူး၊ ဒါပေမယ့် သူနဲ့ကျမတို့ဟာ သမိုင်းစာမျက်နှာပေါ်မှာ အတူ ရှိမနေကြဘူး ဆိုတာတော့ သေချာပါတယ်။”

ဒီကနေ့မှာတော့ ရိုဟင်ဂျာတွေရော မြန်မာအစိုးရကို ထောက်ခံသူတွေပါ The Hague မြို့မှာ ဆန္ဒပြပွဲတွေ အပြိုင်အဆိုင် ပြုလုပ်ကြဖို့ ရှိနေပါတယ်။ ရိုဟင်ဂျာ လူ့အခွင့်အရေးကွန်ယက်က Yasmin Ullah ကတော့ ဒီကိစ္စဟာ အလျင်အမြန် ပြီးဆုံးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒီခရီးလမ်းက ရှည်ပါမယ်။ ဒါပေမယ့် တရားမျှတမှုဆိုတာက စွဲချက်တင်လိုက်ယုံ၊ ဘယ်သူမှန်တယ်၊ မှားတယ်လို့ ဆုံးဖြတ်ချက်ချပေးလိုက်ယုံနဲ့ မပြီးပါဘူး။ အဲဒီနောက်မှာ လုပ်ရမယ့် ကုစားမှု၊ ပြန်လည် ရင်ကြားစေ့ရေးတွေက ပိုအရေးကြီးပါတယ်။”

ကမ္ဘာ့ တရားရုံးလို့ တင်စားခေါ်ဆိုတဲ့ ICJ တရားရုံးဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဆင့်အမြင်ဆုံး တရားရုံးဖြစ်ပြီး နိုင်ငံအခြင်းခြင်းအကြား အငြင်းပွားမှုတွေကို ကိုင်တွယ် ဖြေရှင်းတဲ့ တရားရုံးဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို ရိုဟင်လို့ ခေါ်ဆိုတာကို လက်မခံပေမယ့် ဒီလူတွေ ပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာထိုးပြီး ဆောင်ရွက်နေသလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ် ။

XS
SM
MD
LG