သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အတိုင္ပင္ခံကိုယ္တိုင္ပါဝင္လို႔ ICJ အမႈ အမ်ားစိတ္ဝင္စား


ICJ ႐ုံးေရွ႕ ေရာက္ေနတဲ့ အယ္ဒီတာ ဦးေက်ာ္ဇံသာ ကို တိုက္ရိုက္ဆက္သြယ္ေမးျမန္း

(Zawgyi/Unicode)

႐ိုဟင္ဂ်ာ မူဆလင္ေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ႏိုင္တဲ့အေျခအေနကို ျမန္မာႏိုင္ငံဘက္က ဟန႔္တားဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ စြတ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံရဲ႕ ေလွ်ာက္ထားခ်က္ကို ICJ ေခၚ ႏိုင္ငံတကာ တရား႐ုံးက လက္ခံၾကားနာဖို႔ ပထမအေက်ာ့ ႏုတ္အားျဖင့္ ၾကားနာပြဲေတြ မနက္ျဖန္ စတင္က်င္းပေတာ့မွာပါ။

ဒီ ၾကားနာပြဲေတြကို သတင္းယူဖို႔ VOA ျမန္မာပိုင္းအစီအစဥ္က အယ္ဒီတာ ဦးေက်ာ္ဇံသာ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ၿမိဳ႕ ICJ ႐ုံးစိုက္တဲ့ ၿငိမ္းခ်မ္းေရးနန္းေတာ္ Peace Palace ေရွ႕ကို ေရာက္ေနပါတယ္။ ဦးေက်ာ္ဇံသာကို အေျခအေနသိရေအာင္ Skype ကေန မခင္ျဖဴေထြးက တိုက္႐ိုက္ ဆက္သြယ္ေမးျမန္းတဲ့အခါ သူက အခုလိုေျဖပါတယ္။

ဦးေက်ာ္ဇံသာ။ ။ မနက္ျဖန္မွာ ပထမဦးဆံုး တိုင္ၾကားေလွ်ာက္ထားတဲ့ ဂမ္ဘီယာႏိုင္ငံရဲ႕ ေလွ်ာက္လဲခ်က္ကို မနက္ပိုင္းမွာ ေပးရမွာ ျဖစ္ပါတယ္။ သူတို႔ႏိုင္ငံကိုယ္စားလွယ္နဲ႔ သူတို႔ႏိုင္ငံေရွ႕ေနတို႔က ေန႔လည္ ၁ နာရီအထိ ေလွ်ာက္ထားမွာျဖစ္ပါတယ္။ သဘက္ခါ အစီအစဥ္က်ေတာ့ ျမန္မာဘက္က ျပန္ၿပီးေတာ့ ေလွ်ာက္ထားမွာ ျဖစ္ပါတယ္။ အဲဒီမွာ ျမန္မာဘက္က ကိုယ္စားလွယ္ေခါင္းေဆာင္ ျမန္မာႏိုင္ငံဘက္က ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာႏိုင္ငံအတြက္ ခုခံကာကြယ္မယ့္ ႏိုင္ငံတကာေရွ႕ေန ပါေမာကၡ William Schabas တို႔ေလွ်ာက္ထားမွာ ျဖစ္ပါတယ္။ အဲဒါၿပီးေတာ့ တတိယေန႔မွာေတာ့ ဂမ္ဘီယာဘက္က ထပ္မံေလွ်ာက္ထားၿပီးေတာ့ ျမန္မာႏိုင္ငံဘက္က ျပန္လည္ေလွ်ာက္ထားရပါမယ္။ တတိယေန႔အစီအစဥ္ကေတာ့ ညေန ၅ နာရီမွာ ၿပီးဆံုးမွာျဖစ္ပါတယ္။

ေမး။ ။ ဒီႏုတ္တိုက္ၾကားနားပြဲမွာ ျမန္မာႏိုင္ငံဘက္က ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ ေျဖရွင္းဖို႔အတြက္ အခု နယ္သာလန္ႏုိင္ငံကို ေရာက္ေနျပီဆိုတာလည္း သိထားရပါတယ္။ ဒီေတာ့ ဒီၾကားနာပြဲေတြမွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ေခ်ပမယ္၊ ေနာက္ ျမန္မာႏိုင္ငံဆိုင္ရာ ေရွ႕ေနကလည္း ေလွ်ာက္လဲခ်က္ေတြ ေပးမယ္ဆိုတဲ့ သေဘာလားရွင့္။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ပါတယ္ခင္ဗ် အဲဒါေၾကာင့္လည္း ဒီအမႈမွာ လူေတြပိုၿပီး စိတ္၀င္စားတယ္လို႔ က်ေနာ္ထင္ပါတယ္။ တကယ္ေတာ့ ဒီအမႈရဲ႕ သေဘာသဘာ၀က ႏုိင္ငံတကာမွာ ႀကံဳေတာင့္ႀကံဳခဲျဖစ္ပါတယ္။ အဲဒီအထဲမွာမွ ျမန္မာႏိုင္ငံက ေခါင္းေဆာင္လုပ္ၿပီး ေလွ်ာက္လဲမယ့္ ပုဂၢိဳလ္ဟာ ျမန္မာႏိုင္ငံ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ျဖစ္ေနေတာ့ လူေတြပိုၿပီး စိတ္၀င္စားတယ္လို႔ က်ေနာ္ထင္ပါတယ္။ ဒါေၾကာင့္ မနက္ျဖန္မွာဆိုရင္ လာေရာက္နားေထာင္မယ့္သူေတြ ပိုမ်ားမယ္လို႔ ယူဆရပါတယ္။ ဒီေန႔ က်ေနာ္က လံုၿခံဳေရးေတြကို ေမးၾကည့္ေတာ့ ဒီေန႔ ဘာမွ အစီအစဥ္မရွိပါဘူးလို႔ ဆိုပါတယ္။ မနက္ျဖန္ကေတာ့ လံုၿခံဳေရးေတြလည္း အျပည့္ခ်ထားမယ္လို႔ သတင္းၾကားရပါတယ္။ မနက္ျဖန္မွာေတာ့ ျမန္မာဘက္က ေထာက္ခံၿပီးေတာ့ အားေပးဖို႔အတြက္ လူေတြ၊ တခါ ဂမ္ဘီယာဘက္က ေလွ်ာက္လဲခ်က္ကို အားေပးမယ့္သူေတြ ၂ ဖက္စလံုး လာေရာက္ၾကမယ္လို႔ ယူဆရပါတယ္။ တခ်ိဳ႕ဆိုရင္ အဲဒီမွာ တင္းမာမႈမ်ားျဖစ္ေနမလားဆိုၿပီးေတာ့ မလိုအပ္ႀကိဳၿပီးစိုးရိမ္ေနမလား လို႔ ေျပာေနတဲ့လူေတြလည္း ၾကားရပါတယ္။ ေနာက္ၿပီးေတာ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ အေျခအေနကို သိခ်င္တဲ့အတြက္ ဘယ္ဂ်ီယမ္ဆိုင္ရာ ျမန္မာသံရံုးကို က်ေနာ္တို႔ ဆက္သြယ္ပါတယ္။ ဘာမွ ျပန္လည္ေျဖၾကားျခင္းမရွိေသးပါဘူး။

ေမး။ ။ က်မတို႔ ေလ့လာထားခ်က္အရ၊ အခု ႏုတ္အားျဖင့္ ၾကားနာပြဲေတြအၿပီးမွာ ႐ိုဟင္ဂ်ာေတြအေပၚ လုပ္ေဆာင္ေနတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ အျပဳအမႈေတြကို ရပ္ဖို႔ ၊ အခ်ိန္အတိုအတြင္းမွာ ထပ္မျဖစ္ေစဖို႔အတြက္ provisional measures ေခၚ ၾကားျဖတ္ စီမံေဆာင္ရြက္ခ်က္ အမိန႔္ခ်ဖို႔ ဂမ္ဘီယာဘက္က ေတာင္းဆိုထားပါတယ္။ ျမန္မာအစိုးရဘက္က ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံပါဘူး၊ ေနာက္ လူမ်ဳိးတုံး သတ္ျဖတ္မႈ က်ဳးလြန္တယ္ဆိုတဲ့ စြတ္စြဲခ်က္ကိုလည္း ျငင္းဆိုထားပါတယ္။ ဒီေတာ့ ဂမ္ဘီယာႏိုင္ငံဘက္က ေတာင္းဆိုသလို ၾကားနာပြဲအၿပီးမွာ ICJ အေနနဲ႔ ယာယီလုပ္ေဆာင္ခ်က္ေတြ အမိန္႔ခ်ဖို႔ဆိုတာ ျဖစ္ႏိုင္ေျခ ရွိမယ္လို႔ ထင္ပါသလား။

ဦးေက်ာ္ဇံသာ။ ။ ဒါကေတာ့ တရားသူႀကီးေတြရဲ႕ အဆံုးအျဖတ္သာ ျဖစ္ပါလိမ့္မယ္။ ေလွ်ာက္လဲခ်က္ေတြကို ၾကည့္ၿပီးေတာ့ ဘယ္ေလာက္ခိုင္မာတယ္၊ သက္ေသအေထာက္အထား ဘယ္ေလာက္ျပႏိုင္တယ္။ ေရွ႕ေနေတြရဲ႕ ခုခံေခ်ပခ်က္ေတြ ေလွ်ာက္လဲခ်က္ေတြကို မူတည္ၿပီးေတာ့ တရားသူၾကီးေတြ ဆံုးျဖတ္မွာပါ။ အဲဒီလို ဆံုးျဖတ္ဖို႔ကေတာ့ တဘက္ခါ အျပန္အလွန္ ေလွ်ာက္လဲခ်က္ေတြ ၿပီးတဲ့အခါမွ တရားၾကားနာၿပီး ဆံုးျဖတ္ၿပီးလို႔ ၂ ပတ္ေလာက္ အနည္းဆံုးရပ္ဆိုင္းၿပီးေတာ့ ျပန္လည္ၿပီးေတာ့ ဆံုးျဖတ္ခ်က္ကို တင္ရမွာျဖစ္ပါတယ္။ ဂမ္ဘီယာႏိုင္ငံဘက္က ေမတၱာရပ္ခံ ေလွ်ာက္ထားတာကေတာ့ ျမန္မာႏိုင္ငံဟာ Genocide convention လို႔ေခၚတဲ့ လူမ်ိဳးတုံးမႈဆိုင္ရာ ျပဌာန္းခ်က္ တာ၀န္ရွိမႈကို လိုက္နာဖို႔ ပ်က္ကြက္တယ္ breach ျဖစ္တယ္ ။ ဆက္လက္ၿပီးေတာ့ ခ်ိဳးေဖာက္ေနတယ္ continue to breach ဆိုတဲ့ အခ်က္ ၂ ခုျဖစ္ပါတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ဆက္လက္ခ်ိဳးေဖာက္မႈေတြ မျဖစ္လာရေအာင္ ယာယီတားျမစ္အမိန္႔ကို ထုတ္ျပန္ေပးဖို႔အတြက္ အဓိက ေလာေလာဆည္ ေလွ်ာက္ထားခ်က္ျဖစ္ပါတယ္။”

နယ္သာလန္ႏိုင္ငံ သည္ဟိတ္ၿမိဳ႕ ICJ ႐ုံးစိုက္တဲ့ ၿငိမ္းခ်မ္းေရးနန္းေတာ္ Peace Palace ေရွ႕ကို ေရာက္ေနတဲ့ VOA ျမန္မာပိုင္းအစီအစဥ္က အယ္ဒီတာ ဦးေက်ာ္ဇံသာကို ဆက္သြယ္ေမးျမန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္


...........................

(Unicode)

ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက လက်ခံကြားနာဖို့ ပထမအကျော့ နုတ်အားဖြင့် ကြားနာပွဲတွေ မနက်ဖြန် စတင်ကျင်းပတော့မှာပါ။

ဒီ ကြားနာပွဲတွေကို သတင်းယူဖို့ VOA မြန်မာပိုင်းအစီအစဉ်က အယ်ဒီတာ ဦးကျော်ဇံသာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ ရုံးစိုက်တဲ့ ငြိမ်းချမ်းရေးနန်းတော် Peace Palace ရှေ့ကို ရောက်နေပါတယ်။ ဦးကျော်ဇံသာကို အခြေအနေသိရအောင် Skype ကနေ မခင်ဖြူထွေးက တိုက်ရိုက် ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုဖြေပါတယ်။

ဦးကျော်ဇံသာ။ ။ မနက်ဖြန်မှာ ပထမဦးဆုံး တိုင်ကြားလျှောက်ထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်လဲချက်ကို မနက်ပိုင်းမှာ ပေးရမှာ ဖြစ်ပါတယ်။ သူတို့နိုင်ငံကိုယ်စားလှယ်နဲ့ သူတို့နိုင်ငံရှေ့နေတို့က နေ့လည် ၁ နာရီအထိ လျှောက်ထားမှာဖြစ်ပါတယ်။ သဘက်ခါ အစီအစဉ်ကျတော့ မြန်မာဘက်က ပြန်ပြီးတော့ လျှောက်ထားမှာ ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာဘက်က ကိုယ်စားလှယ်ခေါင်းဆောင် မြန်မာနိုင်ငံဘက်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအတွက် ခုခံကာကွယ်မယ့် နိုင်ငံတကာရှေ့နေ ပါမောက္ခ William Schabas တို့လျှောက်ထားမှာ ဖြစ်ပါတယ်။ အဲဒါပြီးတော့ တတိယနေ့မှာတော့ ဂမ်ဘီယာဘက်က ထပ်မံလျှောက်ထားပြီးတော့ မြန်မာနိုင်ငံဘက်က ပြန်လည်လျှောက်ထားရပါမယ်။ တတိယနေ့အစီအစဉ်ကတော့ ညနေ ၅ နာရီမှာ ပြီးဆုံးမှာဖြစ်ပါတယ်။

မေး။ ။ ဒီနုတ်တိုက်ကြားနားပွဲမှာ မြန်မာနိုင်ငံဘက်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် ဖြေရှင်းဖို့အတွက် အခု နယ်သာလန်နိုင်ငံကို ရောက်နေပြီဆိုတာလည်း သိထားရပါတယ်။ ဒီတော့ ဒီကြားနာပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချေပမယ်၊ နောက် မြန်မာနိုင်ငံဆိုင်ရာ ရှေ့နေကလည်း လျှောက်လဲချက်တွေ ပေးမယ်ဆိုတဲ့ သဘောလားရှင့်။

ဦးကျော်ဇံသာ။ ။ ဟုတ်ပါတယ်ခင်ဗျ အဲဒါကြောင့်လည်း ဒီအမှုမှာ လူတွေပိုပြီး စိတ်ဝင်စားတယ်လို့ ကျနော်ထင်ပါတယ်။ တကယ်တော့ ဒီအမှုရဲ့ သဘောသဘာဝက နိုင်ငံတကာမှာ ကြုံတောင့်ကြုံခဲဖြစ်ပါတယ်။ အဲဒီအထဲမှာမှ မြန်မာနိုင်ငံက ခေါင်းဆောင်လုပ်ပြီး လျှောက်လဲမယ့် ပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေတော့ လူတွေပိုပြီး စိတ်ဝင်စားတယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် မနက်ဖြန်မှာဆိုရင် လာရောက်နားထောင်မယ့်သူတွေ ပိုများမယ်လို့ ယူဆရပါတယ်။ ဒီနေ့ ကျနော်က လုံခြုံရေးတွေကို မေးကြည့်တော့ ဒီနေ့ ဘာမှ အစီအစဉ်မရှိပါဘူးလို့ ဆိုပါတယ်။ မနက်ဖြန်ကတော့ လုံခြုံရေးတွေလည်း အပြည့်ချထားမယ်လို့ သတင်းကြားရပါတယ်။ မနက်ဖြန်မှာတော့ မြန်မာဘက်က ထောက်ခံပြီးတော့ အားပေးဖို့အတွက် လူတွေ၊ တခါ ဂမ်ဘီယာဘက်က လျှောက်လဲချက်ကို အားပေးမယ့်သူတွေ ၂ ဖက်စလုံး လာရောက်ကြမယ်လို့ ယူဆရပါတယ်။ တချို့ဆိုရင် အဲဒီမှာ တင်းမာမှုများဖြစ်နေမလားဆိုပြီးတော့ မလိုအပ်ကြိုပြီးစိုးရိမ်နေမလား လို့ ပြောနေတဲ့လူတွေလည်း ကြားရပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အခြေအနေကို သိချင်တဲ့အတွက် ဘယ်ဂျီယမ်ဆိုင်ရာ မြန်မာသံရုံးကို ကျနော်တို့ ဆက်သွယ်ပါတယ်။ ဘာမှ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

မေး။ ။ ကျမတို့ လေ့လာထားချက်အရ၊ အခု နုတ်အားဖြင့် ကြားနာပွဲတွေအပြီးမှာ ရိုဟင်ဂျာတွေအပေါ် လုပ်ဆောင်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အပြုအမှုတွေကို ရပ်ဖို့ ၊ အချိန်အတိုအတွင်းမှာ ထပ်မဖြစ်စေဖို့အတွက် provisional measures ခေါ် ကြားဖြတ် စီမံဆောင်ရွက်ချက် အမိန့်ချဖို့ ဂမ်ဘီယာဘက်က တောင်းဆိုထားပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး၊ နောက် လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်တယ်ဆိုတဲ့ စွတ်စွဲချက်ကိုလည်း ငြင်းဆိုထားပါတယ်။ ဒီတော့ ဂမ်ဘီယာနိုင်ငံဘက်က တောင်းဆိုသလို ကြားနာပွဲအပြီးမှာ ICJ အနေနဲ့ ယာယီလုပ်ဆောင်ချက်တွေ အမိန့်ချဖို့ဆိုတာ ဖြစ်နိုင်ခြေ ရှိမယ်လို့ ထင်ပါသလား။

ဦးကျော်ဇံသာ။ ။ ဒါကတော့ တရားသူကြီးတွေရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါလိမ့်မယ်။ လျှောက်လဲချက်တွေကို ကြည့်ပြီးတော့ ဘယ်လောက်ခိုင်မာတယ်၊ သက်သေအထောက်အထား ဘယ်လောက်ပြနိုင်တယ်။ ရှေ့နေတွေရဲ့ ခုခံချေပချက်တွေ လျှောက်လဲချက်တွေကို မူတည်ပြီးတော့ တရားသူကြီးတွေ ဆုံးဖြတ်မှာပါ။ အဲဒီလို ဆုံးဖြတ်ဖို့ကတော့ တဘက်ခါ အပြန်အလှန် လျှောက်လဲချက်တွေ ပြီးတဲ့အခါမှ တရားကြားနာပြီး ဆုံးဖြတ်ပြီးလို့ ၂ ပတ်လောက် အနည်းဆုံးရပ်ဆိုင်းပြီးတော့ ပြန်လည်ပြီးတော့ ဆုံးဖြတ်ချက်ကို တင်ရမှာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံဘက်က မေတ္တာရပ်ခံ လျှောက်ထားတာကတော့ မြန်မာနိုင်ငံဟာ Genocide convention လို့ခေါ်တဲ့ လူမျိုးတုံးမှုဆိုင်ရာ ပြဌာန်းချက် တာဝန်ရှိမှုကို လိုက်နာဖို့ ပျက်ကွက်တယ် breach ဖြစ်တယ် ။ ဆက်လက်ပြီးတော့ ချိုးဖောက်နေတယ် continue to breach ဆိုတဲ့ အချက် ၂ ခုဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ချိုးဖောက်မှုတွေ မဖြစ်လာရအောင် ယာယီတားမြစ်အမိန့်ကို ထုတ်ပြန်ပေးဖို့အတွက် အဓိက လောလောဆည် လျှောက်ထားချက်ဖြစ်ပါတယ်။”

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ ရုံးစိုက်တဲ့ ငြိမ်းချမ်းရေးနန်းတော် Peace Palace ရှေ့ကို ရောက်နေတဲ့ VOA မြန်မာပိုင်းအစီအစဉ်က အယ်ဒီတာ ဦးကျော်ဇံသာကို ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG