သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ ၾကားနာပြဲကုိ ဘဂၤလားေဒ့ရွ္ အဆင့္ျမင့္ကုိယ္စားလွယ္အဖြဲ႔ တက္မည္


International Court of Justice ICJ

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ICJ တရားရံုး ၾကားနာပဲြကို တက္ေရာက္ျခင္းအားျဖင့္ ရိုဟင္ဂ်ာေတြအေပၚ ဘယ္ေလာက္ထိညွင္းပန္းႏွိပ္စက္ခဲ့သလဲဆိုတဲ့ အေျခအေနမွန္ေတြကို သူကိုယ္တိုင္ သိရွိနားလည္လာဖို႔ ေမွ်ာ္လင့္ေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး၀န္ႀကီးက ဗီြအိုေအကို ေျပာၾကားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ အစိုးရအဆင့္ျမင့္ကုိယ္စားလွယ္အဖဲြ႔လည္း ICJ တရားရံုးကို တက္ေရာက္မွာျဖစ္ပါတယ္။

ရိုဟင္ဂ်ာ ေတြအေပၚ ျမန္မာအစိုးရရဲ႕ ဖိႏွိပ္မႈေတြကို ခ်က္ျခင္းရပ္တန္႔ေရး ဂမ္ဘီယာရဲ႕ေလ်ာက္လွဲ ခ်က္ကို ဒီကေန႕ အဂၤါေန႔ ICJ တရားရံုးမွာ စတင္မယ့္ ၾကားနာမယ့္ပဲြအတြက္ နယ္သာလန္ ႏိုင္ငံ the Hague ကို ကမၻာတလႊားက ေထာက္ခံသူေတြ၊ ကန္႔ကြက္သူေတြနဲ႔ ႏိုင္ငံတကာသတင္းမီဒီယာ အဖဲြ႔အစည္းေတြ စုေ၀းေရာက္ရွိေနပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစံုကို ဆက္လက္တင္ျပမွာပါ။

လူမ်ဳိးတုန္းသတ္ျဖတ္မႈတားဆီးေရးနဲ႔ အျပစ္ေပးေရး ႏိုင္ငံတကာသေဘာတူ စာခ်ဳပ္ခ်ဳိးေဖာက္မႈနဲ႔ ဂမ္ဘီယာက ျမန္မာကို ICJ ႏိုင္ငံတကာ တရားရံုးမွာ စဲြတင္ထားတဲ့အမႈအတြက္ ေလာေလာဆယ္ ၾကားကာလမွာ ျမန္မာႏိုင္ငံက ရုိဟင္ဂ်ာေတြရဲ႕ အေျခအေန ပိုၿပီး ဆိုးမလာေစေအာင္ ကာကြယ္ေပးေရး “Provisional Measure of Protection” ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္မ်ား ရက္တိုအတြင္း ခ်မွတ္ေပးဖို႔ ဂမ္ဘီယာႏိုင္ငံရဲ႕ ေလ်ာက္ထားခ်က္ကို ဒီကေန႕ ICJ ကုလသမဂၢအျမင့္ဆံုးတရားရံုးက စတင္ၾကားနာမွာျဖစ္ပါတယ္။ ႏွစ္ဘက္အျပန္အလွန္ေလ်ာက္ထားခ်က္ေတြကို သံုးရက္ၾကာ ဒီဇင္ဘာလ ၁၂ ရက္ေန႔ထိ ICJ တရားသူႀကီး ေတြက ၾကားနာမွာျဖစ္ပါတယ္။ ပံုမွန္ ICJ တရားသူႀကီး ၁၅ ဦးရွိေပမယ့္ ဒီၾကားနာပဲြအတြက္ ဂမ္ဘီယာဘက္က အဆိုျပဳတဲ့ တရားသူႀကီးတဦးနဲ႔ ျမန္မာဘက္က အဆိုျပဳတဲ့ တရားသူႀကီး တဦး စုစုေပါင္း ၁၇ ဦး က ၾကားနာမွာပါ။

ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနနဲ႔ ဒီအမႈစဲြခ်က္ထဲမွာ ပါ၀င္ျခင္းမရွိေပမယ့္ တရားရံုးျဖစ္စဥ္မွာ လိုအပ္ရင္ အခ်က္အလက္ေတြ ပံပိုးကူညီဖို႔ အစိုးရအဆင့္ျမင့္ကိုယ္စားလွယ္အဖဲြ႔လည္း နယ္သာလန္ႏိုင္ငံ The Hague ကိုသြားေရာက္မွာျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး၀န္ႀကီး Dr A.K. Abdul Momen က ဗီြအိုေအကိုအခုလို ေျပာပါတယ္။

“ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနနဲ႔ အမႈစဲြခ်က္ထဲမွာ မပါ၀င္ေပမဲ့လည္း တရားရံုး ၾကားနာမယ့္အစီစဥ္မွာ လိုအပ္မယ္ဆိုရင္ အခ်က္အလက္၊ အစီရင္ခံစာေတြကို ပံ့ပိုးေပးႏိုင္ဖို႔ အဆင့္ျမင့္ကိုယ္စားလွယ္အဖဲြ႔ ICJ တရားရံုးကို သြားေရာက္မွာျဖစ္ပါတယ္။ လူမ်ဳိးတုံး သတ္ျဖတ္မႈ အတြက္ အေရးယူအျပစ္ေပးႏိုင္ဖို႔ ႏိုင္ငံတိုင္းမွာ တာ၀န္ရွိပါတယ္။ ဒါအျပင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ရိုဟင္ဂ်ာေတြအေပၚ ဘာေတြျဖစ္ခဲ့သလဲဆိုတဲ့အေျခအေနကို မဟုတ္မွန္တဲ့ သတင္းေတြ၊ လုပ္ႀကံဇာတ္လမ္းေတြ၊ အတုအေယာင္ သတင္းေတြထုတ္ျပန္မႈနဲ႔ ပတ္သက္လို႔ ျမန္မာဘက္မွာ တာ၀န္ရွိပါတယ္။ အခု ICJ တရားရံုးမွာ ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ေျဖရွင္းတဲ့ေနရာမွာ သူ႔ရဲ႕ ဂုဏ္သိကၡာ ထိခိုက္တဲ့အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။ အခုလို ၾကားနာပဲြကို သူ႔ကိုယ္တိုင္တက္ေရာက္ျခင္းအားျဖင့္ အေျခအေနမွန္ကိုသိရွိၿပီး အမွန္တရားကို နားလည္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

အခုလို ျမန္မာကို လူမ်ဳိးတုံးသတ္ျဖတ္မႈစဲြခ်က္နဲ႔ ကမၻာ့အျမင့္ဆံုးတရားရံုးမွာ ဂမ္ဘီယာက အမႈစဲြတင္တဲ့ ကိစၥဟာ ႏိုင္ငံေတာ္ အက်ဳိးစီးပြားကို ထိခိုက္ေစတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကို ယ္တိုင္ ခုခံေခ်တာဟာ မွန္ကန္ေၾကာင္းနဲ႔ ေခါင္းေဆာင္ေကာင္းပီသမႈကို ေထာက္ခံေၾကာင္း ျပသဖို႔ ဥေရာပတ၀န္းမွာရွိေနတဲ့ ျမန္မာမိသားစုေတြကလည္း ICJ တရားရံုးရွိရာ the Hague ကိုေရာက္ရွိေနၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ပုဂၢိဳလ္ေရးအရ ေထာက္ခံေၾကာင္း ဆႏၵျပပဲြ အစီအစဥ္ေတြနဲ႔ ပတ္သက္လို႔ ဦးေဆာင္ စီစဥ္သူတဦးျဖစ္တဲ့ နယ္သာလန္ႏိုင္ငံမွာ ေနထိုင္တဲ့ ကိုမိုးေက်ာ္ က ဗီြအိုေအကို အခုလိုေျပာပါတယ္။

“ေရာက္လာတဲ့သူေတြကို က်ေနာ္တုိ႔အေနနဲ႔ လက္ကမ္းစာေစာင္ေလးေတြေပါ့ေနာ္ ဒီဆႏၵျပပြဲမွာ လိုက္နာမယ့္ စည္းကမ္းခ်က္ေတြနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ၿပီးေျမာက္ေအာင္ ဘာျဖစ္လို႔လဲဆိုေတာ့ ဆန္႔က်င္တဲ့အဖြဲ႔ေတြလည္း ရွိတာကို ၊ ရွိေတာ့ က်ေနာ္တို႔က တဖက္နဲ႔ တဖက္ ခိုက္ရန္ျဖစ္ပြားမႈေတြမျဖစ္ေအာင္ေပါ့ေနာ္ ၊ စည္းကမ္းခ်က္ေတြထုတ္ၿပီးေတာ့ သူတို႔ကို လက္ကမ္းစာေစာင္ေလးေတြေပးမယ္။ ၿပီးရင္ က်ေနာ္တုိ႔ ေဒၚစုလာတဲ့အခ်ိန္ က်ေနာ္တို႔အားလံုးက ‘အေမစု က်မ္းမာပါေစ၊ အသက္ရာေက်ာ္ရွည္ပါေစ ၊ ေအာင္ျမင္ပါေစ’ စသျဖင့္ေပါ့ ေၾကြးေၾကာ္သံေတြနဲ႔ ဆုေတာင္းၿပီးေတာ့ သူ ေလ်ာက္လွဲခ်က္ေပးဖို႔ အထဲ၀င္သြားတဲ့အခ်ိန္မွာ က်ေနာ္တို႔ေတြက သတင္းဌာနေတြနဲ႔ အင္တာဗ်ဴးတာေတြ လုပ္မယ္။ Documentary ရိုက္တဲ့အဖြဲ႔ေတြနဲ႔ ေျပာခ်င္တဲ့လူကလည္း ေျပာၾကမွာေပါ့ေလ။ က်ေနာ္တို႔မွာလည္း သီးျခား Documentary ရိုက္မယ့္အဖြဲ႔ေတြ ရွိတာေပါ့ေနာ္ အဂၤလန္က အုပ္စုေတြေပါ့။ ေနာက္တေန႔က်ေတာ့လည္း ၁၂ ရက္ေန႔က်ေတာ့ အဲလိုပဲ ၄ နာရီခြဲမွာ စမယ္ဆိုေတာ့ က်ေနာ္တို႔က ၃ နာရီေလာက္ကတည္းက ႀကိဳၿပီးေတာ့ အားလံုးေရာက္ေနဖို႔အတြက္ကို အသင့္ျပင္ဆင္ထားတာေပါ့ေနာ္၊ လံုၿခံဳေရးေရာ ေပါ့ေနာ္။”

အျခားတဖက္မွာေတာ့ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ညွင္းပန္းနွိပ္စက္ခံခဲ့ရတဲ့ ရိုဟင္ဂ်ာအသိုင္းအ၀ိုင္းအတြက္ တရားမွ်တမႈရဖို႔ ပထမဆံုးအႀကိမ္ ကမၻာ့အျမင့္ဆံုးတရားရံုးက ကိုင္တြယ္ၾကားနာမယ့္ကိစၥကို ေထာက္ခံတဲ့ ႏိုင္ငံတကာအဖဲြ႔အစည္းေတြလည္း the Hague ကိုေရာက္ရွိေနၾကပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ၾကားနာပဲြကိုတက္ေရာက္မယ့္ Rohingya Action Ireland အဖဲြ႔ေခါင္းေဆာင္ Stephanie McDermott က ဗီြအိုေအကိုေျပာပါတယ္။

“နာၾကည္းမႈေတြကို ခံစားခဲ့ရသူေတြအတြက္ ေထာက္ခံဖို႔ လူ ပုဂၢိဳလ္အဖြဲ႔အစည္းေတြ ေရာက္ရွိေနၾကပါတယ္လို႔ ေျပာသြားတာပါ။”

ICJ တရားရံုးက ႏိုင္ငံေတြ အျငင္းပြားမႈျပႆနာကို ၾကားနာေျဖရွင္းရာမွာ အခုလို ႏိုင္ငံတႏိုင္ငံရဲ႕ အျမင့္ဆံုးေခါင္းေဆာင္တဦး အေနနဲ႔ ရင္ဆိုင္ေျဖရွင္းတာဟာ ပထမဦးဆံုးအႀကိမ္ျဖစ္တယ္လို႔ ႏိုင္ငံတကာသတင္းမီဒီယာေတြက ေဖၚျပၾကပါတယ္။

ဒီဇင္ဘာလ ၁၀ ရက္ ဒီကေန႔ျပဳလုပ္မယ့္ အမ်ားျပည္သူေရွ႕ ၾကားနာပဲြမွာ အရင္ဆံုးထြက္ဆိုမယ့္ ဂမ္ဘီယာႏိုင္ငံကိုယ္စား တရားေရး၀န္ႀကီး Abubacarr Tambdou က အဖြင့္ေလွ်ာက္လဲွခ်က္ကို တင္ျပမွာပါ။ မနက္ျဖန္ ဒီဇင္ဘာလ (၁၁)ရက္ေန႔ မွာျပဳလုပ္မယ့္ ၾကားနာပဲြအတြက္ ျမန္မာဘက္က ခုခံေခ်ပရာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံျခားေရး၀န္ႀကီးအေနနဲ႔ အဖြင့္ေလ်ာက္လွဲခ်က္ တင္ျပမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ICJ ကြားနာပွဲကို ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တက်မည်

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံး ကြားနာပွဲကို တက်ရောက်ခြင်းအားဖြင့် ရိုဟင်ဂျာတွေအပေါ် ဘယ်လောက်ထိညှင်းပန်းနှိပ်စက်ခဲ့သလဲဆိုတဲ့ အခြေအနေမှန်တွေကို သူကိုယ်တိုင် သိရှိနားလည်လာဖို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်း ICJ တရားရုံးကို တက်ရောက်မှာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်မှုတွေကို ချက်ခြင်းရပ်တန့်ရေး ဂမ်ဘီယာရဲ့လျောက်လှဲ ချက်ကို ဒီကနေ့ အင်္ဂါနေ့ ICJ တရားရုံးမှာ စတင်မယ့် ကြားနာမယ့်ပွဲအတွက် နယ်သာလန် နိုင်ငံ the Hague ကို ကမ္ဘာတလွှားက ထောက်ခံသူတွေ၊ ကန့်ကွက်သူတွေနဲ့ နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့အစည်းတွေ စုဝေးရောက်ရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးနဲ့ အပြစ်ပေးရေး နိုင်ငံတကာသဘောတူ စာချုပ်ချိုးဖောက်မှုနဲ့ ဂမ်ဘီယာက မြန်မာကို ICJ နိုင်ငံတကာ တရားရုံးမှာ စွဲတင်ထားတဲ့အမှုအတွက် လောလောဆယ် ကြားကာလမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ပိုပြီး ဆိုးမလာစေအောင် ကာကွယ်ပေးရေး “Provisional Measure of Protection” ကြားဖြတ်စီမံဆောင်ရွက်ချက်များ ရက်တိုအတွင်း ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ လျောက်ထားချက်ကို ဒီကနေ့ ICJ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံးက စတင်ကြားနာမှာဖြစ်ပါတယ်။ နှစ်ဘက်အပြန်အလှန်လျောက်ထားချက်တွေကို သုံးရက်ကြာ ဒီဇင်ဘာလ ၁၂ ရက်နေ့ထိ ICJ တရားသူကြီး တွေက ကြားနာမှာဖြစ်ပါတယ်။ ပုံမှန် ICJ တရားသူကြီး ၁၅ ဦးရှိပေမယ့် ဒီကြားနာပွဲအတွက် ဂမ်ဘီယာဘက်က အဆိုပြုတဲ့ တရားသူကြီးတဦးနဲ့ မြန်မာဘက်က အဆိုပြုတဲ့ တရားသူကြီး တဦး စုစုပေါင်း ၁၇ ဦး က ကြားနာမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဒီအမှုစွဲချက်ထဲမှာ ပါဝင်ခြင်းမရှိပေမယ့် တရားရုံးဖြစ်စဉ်မှာ လိုအပ်ရင် အချက်အလက်တွေ ပံပိုးကူညီဖို့ အစိုးရအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်း နယ်သာလန်နိုင်ငံ The Hague ကိုသွားရောက်မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr A.K. Abdul Momen က ဗွီအိုအေကိုအခုလို ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အမှုစွဲချက်ထဲမှာ မပါဝင်ပေမဲ့လည်း တရားရုံး ကြားနာမယ့်အစီစဉ်မှာ လိုအပ်မယ်ဆိုရင် အချက်အလက်၊ အစီရင်ခံစာတွေကို ပံ့ပိုးပေးနိုင်ဖို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ICJ တရားရုံးကို သွားရောက်မှာဖြစ်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှု အတွက် အရေးယူအပြစ်ပေးနိုင်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့အခြေအနေကို မဟုတ်မှန်တဲ့ သတင်းတွေ၊ လုပ်ကြံဇာတ်လမ်းတွေ၊ အတုအယောင် သတင်းတွေထုတ်ပြန်မှုနဲ့ ပတ်သက်လို့ မြန်မာဘက်မှာ တာဝန်ရှိပါတယ်။ အခု ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ သူ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အခုလို ကြားနာပွဲကို သူ့ကိုယ်တိုင်တက်ရောက်ခြင်းအားဖြင့် အခြေအနေမှန်ကိုသိရှိပြီး အမှန်တရားကို နားလည်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အခုလို မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ကမ္ဘာ့အမြင့်ဆုံးတရားရုံးမှာ ဂမ်ဘီယာက အမှုစွဲတင်တဲ့ ကိစ္စဟာ နိုင်ငံတော် အကျိုးစီးပွားကို ထိခိုက်စေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ယ်တိုင် ခုခံချေတာဟာ မှန်ကန်ကြောင်းနဲ့ ခေါင်းဆောင်ကောင်းပီသမှုကို ထောက်ခံကြောင်း ပြသဖို့ ဥရောပတဝန်းမှာရှိနေတဲ့ မြန်မာမိသားစုတွေကလည်း ICJ တရားရုံးရှိရာ the Hague ကိုရောက်ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ထောက်ခံကြောင်း ဆန္ဒပြပွဲ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ နယ်သာလန်နိုင်ငံမှာ နေထိုင်တဲ့ ကိုမိုးကျော် က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရောက်လာတဲ့သူတွေကို ကျနော်တို့အနေနဲ့ လက်ကမ်းစာစောင်လေးတွေပေါ့နော် ဒီဆန္ဒပြပွဲမှာ လိုက်နာမယ့် စည်းကမ်းချက်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးမြောက်အောင် ဘာဖြစ်လို့လဲဆိုတော့ ဆန့်ကျင်တဲ့အဖွဲ့တွေလည်း ရှိတာကို ၊ ရှိတော့ ကျနော်တို့က တဖက်နဲ့ တဖက် ခိုက်ရန်ဖြစ်ပွားမှုတွေမဖြစ်အောင်ပေါ့နော် ၊ စည်းကမ်းချက်တွေထုတ်ပြီးတော့ သူတို့ကို လက်ကမ်းစာစောင်လေးတွေပေးမယ်။ ပြီးရင် ကျနော်တို့ ဒေါ်စုလာတဲ့အချိန် ကျနော်တို့အားလုံးက ‘အမေစု ကျမ်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေ ၊ အောင်မြင်ပါစေ’ စသဖြင့်ပေါ့ ကြွေးကြော်သံတွေနဲ့ ဆုတောင်းပြီးတော့ သူ လျောက်လှဲချက်ပေးဖို့ အထဲဝင်သွားတဲ့အချိန်မှာ ကျနော်တို့တွေက သတင်းဌာနတွေနဲ့ အင်တာဗျူးတာတွေ လုပ်မယ်။ Documentary ရိုက်တဲ့အဖွဲ့တွေနဲ့ ပြောချင်တဲ့လူကလည်း ပြောကြမှာပေါ့လေ။ ကျနော်တို့မှာလည်း သီးခြား Documentary ရိုက်မယ့်အဖွဲ့တွေ ရှိတာပေါ့နော် အင်္ဂလန်က အုပ်စုတွေပေါ့။ နောက်တနေ့ကျတော့လည်း ၁၂ ရက်နေ့ကျတော့ အဲလိုပဲ ၄ နာရီခွဲမှာ စမယ်ဆိုတော့ ကျနော်တို့က ၃ နာရီလောက်ကတည်းက ကြိုပြီးတော့ အားလုံးရောက်နေဖို့အတွက်ကို အသင့်ပြင်ဆင်ထားတာပေါ့နော်၊ လုံခြုံရေးရော ပေါ့နော်။”

အခြားတဖက်မှာတော့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် တရားမျှတမှုရဖို့ ပထမဆုံးအကြိမ် ကမ္ဘာ့အမြင့်ဆုံးတရားရုံးက ကိုင်တွယ်ကြားနာမယ့်ကိစ္စကို ထောက်ခံတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း the Hague ကိုရောက်ရှိနေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ကြားနာပွဲကိုတက်ရောက်မယ့် Rohingya Action Ireland အဖွဲ့ခေါင်းဆောင် Stephanie McDermott က ဗွီအိုအေကိုပြောပါတယ်။

“နာကြည်းမှုတွေကို ခံစားခဲ့ရသူတွေအတွက် ထောက်ခံဖို့ လူ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေ ရောက်ရှိနေကြပါတယ်လို့ ပြောသွားတာပါ။”

ICJ တရားရုံးက နိုင်ငံတွေ အငြင်းပွားမှုပြဿနာကို ကြားနာဖြေရှင်းရာမှာ အခုလို နိုင်ငံတနိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်တဦး အနေနဲ့ ရင်ဆိုင်ဖြေရှင်းတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့ပြုလုပ်မယ့် အများပြည်သူရှေ့ ကြားနာပွဲမှာ အရင်ဆုံးထွက်ဆိုမယ့် ဂမ်ဘီယာနိုင်ငံကိုယ်စား တရားရေးဝန်ကြီး Abubacarr Tambdou က အဖွင့်လျှောက်လဲှချက်ကို တင်ပြမှာပါ။ မနက်ဖြန် ဒီဇင်ဘာလ (၁၁)ရက်နေ့ မှာပြုလုပ်မယ့် ကြားနာပွဲအတွက် မြန်မာဘက်က ခုခံချေပရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အဖွင့်လျောက်လှဲချက် တင်ပြမှာဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG