သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ အမႈမွာ ဂမ္ဘီယာကုိ ကေနဒါနဲ႔ နယ္သာလန္ ကူညီမည္


နယ္သာလန္ႏုိင္ငံ ႏိုင္ငံတကာတရားရံုး ICJ ျမင္ကြင္း(VOA ျမန္မာပိုင္းသတင္းဓာတ္ပံု)

(Zawgyi/Unicode)

လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာ တရားရုံး ICJ မွာ ျမန္မာႏုိင္ငံအေပၚ တရားစြဲဆိုထားတဲ့ Gambia ႏုိင္ငံကို ကေနဒါနဲ႔ နယ္သာလန္ႏိုင္ငံေတြက အကူအညီေပးမယ္လို႔ ထုတ္ေဖာ္ေျပာၾကားေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံထုတ္ The Daily Star အြန္လိုင္း သတင္းတစ္ရပ္က ေျပာပါတယ္။

အဲဒီ ႏွစ္ႏိုင္ငံရဲ႕ ပူးတြဲ ေၾကညာခ်က္မွာ လူမ်ိဳးတုန္း သတ္ျဖတ္မႈ တားဆီးေရးနဲ႔ အျပစ္ေပး အေရးယူေရး ဆိုင္ရာ ကြန္ဗင္းရွင္းကို ျမန္မာႏုိင္ငံက ခ်ဳိးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာ တရားရုံးမွာ ဂမ္ဘီယာႏုိ္င္ငံက ေလွ်ာက္ထားတာကို ကေနဒါနဲ႔ နယ္သာလန္ ႏုိင္ငံေတြက ၾကိဳဆိုေၾကာင္း ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္ျခင္း ရွိ - မရွိ အျပည္ျပည္ ဆိုင္ရာ ဥပေဒေရးရာ စီရင္ ဆုံးျဖတ္ခ်က္ ရရွိမယ့္ အခုကိစၥဟာ ႏုိ္င္ငံတကာ တရားရုံးကို မွန္ကန္တဲ့ ေလွ်ာက္ထား တင္ျပခ်က္ ျဖစ္တယ္လို႔လည္း ႏွစ္ႏုိင္ငံစလုံးက ယုံၾကည္ေနျပီး လူမ်ိဳးတုန္း သတ္ျဖတ္မႈဆိုင္ရာ ကြန္ဗင္းရွင္း အဖြဲ႔၀င္ ႏုိင္ငံေတြအေနနဲ႔ ဂမ္ဘီယာႏုိ္င္ငံကို ေထာက္ခံမႈ ေပးဖို႔ကိုလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

လူမ်ိဳးတုန္း သတ္ျဖတ္မႈဆိုင္ရာ ကြန္ဗင္းရွင္းစာခ်ဳပ္အရ စာခ်ဳပ္အဖြဲ႔၀င္ႏုိင္ငံက လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္တဲ့ ရာဇ၀တ္ျပစ္မႈကို တားဆီးဖို႔နဲ႔ က်ဴးလြန္သူေတြကို အျပစ္ေပး အေရးယူဖို႔ တာ၀န္ ၀တၱရားရွိေၾကာင္း၊ ဒါေၾကာင့္ ကေနဒါနဲ႔ နယ္သာလန္ ႏုိ္င္ငံတို႔အေနနဲ႔ ႏုိင္ငံတကာ တရားရုံးမွာ ဂမ္ဘီယာႏုိ္င္ငံကို ေထာက္ခံဖို႔ တာ၀န္ရွိတယ္လို႔ ခံယူေၾကာင္း ေၾကညာခ်က္မွာ ပါရွိပါတယ္။

၂၀၁၇ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္အတြင္းက ရုိဟင္ဂ်ာ ၇ သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ႏုိ္င္ငံကို ထြက္ေျပးၾကျပီး ဒုကၡသည္ စခန္းေတြမွာ ခုိလွဳံေနထုိင္ခဲ့ၾကရတာ ျဖစ္ပါတယ္။

ICJ ဟာ ဂမ္ဘီယာနဲ႔ ရုိဟင္ဂ်ာဆိုတဲ့ အသုံးအႏွဳန္းကို လက္ခံျခင္း မရွိတဲ့ ျမန္မာႏုိင္ငံတို႔ရဲ႕ ေလွ်ာက္လွဲခ်က္ေတြကို ဒီဇင္ဘာလ ၁၀ ရက္ေန႔က ၁၂ ရက္ေန႔အထိ ၾကားနာစစ္ေဆးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

ICJ အမှုမှာ ဂမ်ဘီယာကို ကနေဒါနဲ့ နယ်သာလန် ကူညီမည်

(Unicode)

လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ Gambia နိုင်ငံကို ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက အကူအညီပေးမယ်လို့ ထုတ်ဖော်ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star အွန်လိုင်း သတင်းတစ်ရပ်က ပြောပါတယ်။

အဲဒီ နှစ်နိုင်ငံရဲ့ ပူးတွဲ ကြေညာချက်မှာ လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူရေး ဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက လျှောက်ထားတာကို ကနေဒါနဲ့ နယ်သာလန် နိုင်ငံတွေက ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခြင်း ရှိ - မရှိ အပြည်ပြည် ဆိုင်ရာ ဥပဒေရေးရာ စီရင် ဆုံးဖြတ်ချက် ရရှိမယ့် အခုကိစ္စဟာ နိုင်ငံတကာ တရားရုံးကို မှန်ကန်တဲ့ လျှောက်ထား တင်ပြချက် ဖြစ်တယ်လို့လည်း နှစ်နိုင်ငံစလုံးက ယုံကြည်နေပြီး လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဂမ်ဘီယာနိုင်ငံကို ထောက်ခံမှု ပေးဖို့ကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်အရ စာချုပ်အဖွဲ့ဝင်နိုင်ငံက လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုကို တားဆီးဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ တာဝန် ဝတ္တရားရှိကြောင်း၊ ဒါကြောင့် ကနေဒါနဲ့ နယ်သာလန် နိုင်ငံတို့အနေနဲ့ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံကို ထောက်ခံဖို့ တာဝန်ရှိတယ်လို့ ခံယူကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြပြီး ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ICJ ဟာ ဂမ်ဘီယာနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံခြင်း မရှိတဲ့ မြန်မာနိုင်ငံတို့ရဲ့ လျှောက်လှဲချက်တွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ၁၂ ရက်နေ့အထိ ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG