(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ ေရာက္ေနတဲ့ ဘဂၤလားေဒ့ရွ္ ၾကည္းတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Aziz Ahmed ဟာ ျမန္မာ့တပ္မေတာ္ ဒုကာကြယ္ေရးဦးစီးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စုိးဝင္းနဲ႔ ေတြ႔ဆုံၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္သြားၾကတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္လာေရးကိစၥ ေဆြးေႏြးသြားမွာ ျဖစ္သလို ႏွစ္ႏိုင္ငံၾကားတည္ရွိတဲ့ ရင္းႏွီးမႈေတြ ပိုမုိခိုင္ၿမဲေရး နည္းလမ္းရွာေဖြသြားမယ္လို႔ ဆုိပါတယ္။
ဒါ့အျပင္ ႏွစ္ဖက္စစ္တပ္ အျပန္အလွန္ ေလ့က်င့္သင္ၾကားေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး တိုးျမႇင့္သြားဖို႔ ကိစၥေတြကိုလည္း ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။
နယ္စပ္တေလွ်ာက္ ေဖာက္လုပ္ေနတဲ့ လမ္းကိစၥကိုလည္း ထည့္သြင္းေဆြးေႏြးမွာ ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္စစ္တပ္ ျပည္သူ႔ဆက္ဆံေရးဌာန ISPR က ေျပာပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး Aziz ရဲ႕ ဒီခရီးစဥ္အတြင္း ကာကြယ္ေရးစစ္တကၠသုိလ္နဲ႔ စစ္သမိုင္းျပတိုက္ေတြကိုလည္း သြားေရာက္ေလ့လာဦးမွာ ျဖစ္ပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး Aziz ဟာ တနဂၤေႏြေန႔ မနက္ပိုင္းက ျမန္မာႏိုင္ငံကို ေရာက္ရွိလာတာျဖစ္ၿပီး ၄ ရက္ၾကာ တရားဝင္ခရီးစဥ္အျဖစ္ ေရာက္ရွိေနတာ ျဖစ္ပါတယ္။ ဒီဇင္ဘာ ၁၁ ရက္ေန႔က်ရင္ ခရီးစဥ္ကို အဆုံးသတ္ၿပီး ျမန္မာႏိုင္ငံကေန ျပန္လည္ထြက္ခြာမွာ ျဖစ္ပါတယ္။
----------------------------------
(Unicode)
ဘင်္ဂလားနဲ့ မြန်မာ စစ်အရာရှိတွေ ဒုက္ခသည်နေရပ်ပြန်ရေး ဆွေးနွေးမည်
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aziz Ahmed ဟာ မြန်မာ့တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးကိစ္စ ဆွေးနွေးသွားမှာ ဖြစ်သလို နှစ်နိုင်ငံကြားတည်ရှိတဲ့ ရင်းနှီးမှုတွေ ပိုမိုခိုင်မြဲရေး နည်းလမ်းရှာဖွေသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်ဖက်စစ်တပ် အပြန်အလှန် လေ့ကျင့်သင်ကြားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်သွားဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နယ်စပ်တလျှောက် ဖောက်လုပ်နေတဲ့ လမ်းကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန ISPR က ပြောပါတယ်။
ဗိုလ်ချုပ်ကြီး Aziz ရဲ့ ဒီခရီးစဉ်အတွင်း ကာကွယ်ရေးစစ်တက္ကသိုလ်နဲ့ စစ်သမိုင်းပြတိုက်တွေကိုလည်း သွားရောက်လေ့လာဦးမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး Aziz ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ၄ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ကျရင် ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။