သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုယ္စားလွယ္အဖဲြ႕ ႐ိုဟင္ဂ်ာေတြနဲ႔ ထပ္မံေတြ႕ဆံု 


ျမန္မာကိုယ္စားလွယ္အဖဲြ႕ ႐ိုဟင္ဂ်ာေတြနဲ႔ ေတြ႕ဆံု (ဒီဇင္ဘာလ ၁၈ ရက္ေန႔)

(Zawgyi/Unicode)

ရခုိင္ေျမာက္ပိုင္းကထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြေနရပ္ျပန္ေရး နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံကိုေရာက္ရွိေနတဲ့ ျမန္မာကိုယ္စားလွယ္အဖဲြ႔ဟာ ဒီကေန႔မွာေတာ့ ႐ုိဟင္ဂ်ာမြတ္ဆလင္ေတြ နဲ႔ ဟိႏၵဴဒုကၡသည္ေတြနဲ႔ သီးျခားေတြ႔ဆုံခဲ့ၾကပါတယ္။ ဒုကၡသည္ေတြ ျပန္လာေရး နဲ႔ ပတ္သက္ၿပီး ၂ ဘက္ေဆြးေႏြးခဲ့ၾကေပမယ့္ တုိးတက္မႈတစုံတရာမရွိဘူးလို႔ ႐ုိဟင္ဂ်ာမြတ္ဆလင္ေတြဘက္က ေျပာပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ကိုရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ဘဂၤလာေဒ့ရွ္နုိင္ငံမွာေရာက္ေနၾကတဲ့ဒုကၡသည္ေတြ ျပန္လာေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိေရာက္ရွိေနတဲ့ ျမန္မာကိုယ္စားလွယ္အဖဲြ႔ဟာ ဒီကေန႔မွာေတာ့ အဲဒီမွာရွိတဲ့ဒုကၡသည္ေတြ နဲ႔ ဒုတိယေျမာက္ေန႔အျဖစ္နဲ႔ ဆက္ၿပီးေတာ့ ေတြ႔ဆုံခဲ့ပါတယ္။ ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးဌာန အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းမ်ားနဲ႔ စီးပြားေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖဲြ႔ဟာ ႐ုိဟင္ဂ်ာ မြတ္စလင္ဒုကၡသည္ေတြ၊ ဟိႏၵဴဒုကၡသည္ေတြနဲ႔လည္း ဒီကေန႔ သီးျခားစီေတြ႔ဆုံခဲ့တယ္လု႔ိ ဘာလုခါလီ ဒုကၡသည္စခန္းက ကိုအီစလမ္က ဗီြအိုေအကို ေျပာပါတယ္။

“မနက္ ၉ နာရီကေန ၁၂ နာရီခြဲအထိကေတာ့ က်ေနာ္တို႔ ရိုဟင္ဂ်ာဒုကၡသည္ ကိုယ္စားလွယ္အဖြဲ႔နဲ႔ ေတြ႔ဆံုခဲ့တယ္။ အဲဒီေနာက္ပိုင္းကေတာ့ ဟိႏၵဴအဖြဲ႔နဲ႔ ဆက္ၿပီးေတာ့ ေတြ႔ခဲ့ပါတယ္ခင္ဗ်။”

ျမန္မာကိုယ္စားလွယ္ အဖြဲ႕ဟာ မေန႔ ဒီဇင္ဘာလ ၁၈ ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox’s Bazar ေဒသက ကူတူပါေလာင္ ဒုကၡသည္ စခန္းကို သြားၿပီး ဒုကၡသည္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြး ခဲ့ပါေသးတယ္။ ဒီကေန႔ေတြ႔ဆုံေဆြးေႏြးမႈအတြင္း ျမန္မာကိုယ္စားလွယ္ေတြဘက္က ဒုကၡသည္ေတြ ေနရပ္ရင္း ျပန္ေရးလုပ္ငန္းစဥ္အဆင့္ဆင့္ အပါအ၀င္ ဒုကၡသည္ေတြျပန္လည္လက္ခံေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံဘက္ကလုပ္ေဆာင္ေနတာေတြကို ရွင္းျပခဲ့တယ္လို႔ ကိုအီစလမ္ ေျပာပါတယ္။

“သူတို႔ဘက္ကေတာ့ အရင္ခရီးစဥ္အတိုင္းေျပာသလိုပဲ NVC လုပ္ငန္းစဥ္ကိုပဲ ခ်ျပတယ္၊ ေနာက္ လက္ခံေရးစခန္း ကိစၥကို ရွင္းျပေပးတယ္၊ ေနာက္ၿပီး ၾကားစခန္းမွာ ေနရမယ့္ကိစၥကို ရွင္းျပတယ္။”

႐ုိဟင္ဂ်ာမြတ္စလင္ေတြဘက္ကေတာ့ ေမြးရာပါႏုိင္ငံသားအခြင့္အေရး အပါအ၀င္ အခ်က္ ၃ ခ်က္ကို ေတာင္းဆုိခဲ့တယ္လို႔ သူကေျပာပါတယ္။

“အခ်က္ ၃ ခ်က္မွာကေတာ့ က်ေနာ္တို႔က မူလကတည္းကရရွိတဲ့ ရိုဟင္ဂ်ာအေနနဲ႔ ေမြးရာပါ ႏိုင္ငံသား အခြင့္အေရးကို က်ေနာ္တို႔ျပန္လည္ရရွိဖို႔အတြက္ ေတာင္းဆိုခဲ့တယ္။ ေနာက္ဒုတိယအခ်က္မွာေတာ့ က်ေနာ္တုိ႔ မူလေက်းရြာမွာ ျပန္လည္ေနထိုင္ခြင့္နဲ႔ က်ေနာ္တို႔ရဲ႕ ပိုင္ဆိုင္မႈ ျပန္လည္ရရွိခြင့္ ၊ ေနာက္ ရခိုင္ျပည္နယ္တခုလံုးမွာ ယေန႔အထိ စစ္ျဖစ္ေနတယ္ဆိုေတာ့ က်ေနာ္တို႔ အတြက္ ႏို္င္ငံတကာ လံုၿခံဳေရးအစီအမံေတြ လိုအပ္တာကို က်ေနာ္တို႔ ရိုဟင္ဂ်ာ ဒုကၡသည္ ကိုယ္စားလွယ္ေတြဘက္က တင္ျပသြားခဲ့ပါတယ္ခင္ဗ်။”

႐ုိဟင္ဂ်ာမြတ္ဆလင္ေတြဘက္က ေတာင္းဆုိခ်က္ေတြကို ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္အတုိင္ပင္ခ ပုဂၢိဳလ္ နဲ႔ အစိုးရ ထိပ္ပိုင္းတာ၀န္ရွိသူေတြ တင္ျပသြားမယ္လို႔ ျမန္မာဘက္ကေျပာၾကားခဲ့တယ္လို႔ ဆုိပါတယ္။ ဒါေပမဲ့ ၂ ရက္ၾကာေတြ႔ဆုံေဆြးေႏြးမႈအတြင္း ဒုကၡသည္ေတြ ေနရပ္ ျပန္ေရးနဲ႔ ပတ္သက္ၿပီး ေအာင္ျမင္မႈတစုံတရာ ရရွိခဲ့ျခင္းမရွိဘူးလို႔သူကေျပာပါတယ္။

ျမန္မာအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့အသုံးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြကိုေတာ့ စီစစ္ၿပီး ျပန္လည္လက္ခံသြားမယ္လို႔ ေျပာထားပါတယ္။ ဒီေတြ႔ဆုံမႈအတြင္း ႐ိုဟင္ဂ်ာဆိုတဲ့ အေခၚအေဝၚကို ဘာ့ေၾကာင့္ လက္မခံႏိုင္တာလဲ ဆိုတာကို ဒုကၡသည္ေတြကို ရွင္းျပခဲ့တယ္လို႔ ဦးခ်မ္းေအးက မေန႔က ေျပာပါတယ္။

“ဥပေဒေၾကာင္း အခ်က္အလက္ေတြ၊ သမိုင္းေၾကာင္း အခ်က္အလက္ေတြကို အေျခခံၿပီး ႐ိုဟင္ဂ်ာဆိုတဲ့ အေခၚအေဝၚကို က်ေနာ္တို႔ လက္မခံႏိုင္တဲ့ အေၾကာင္းရင္းကို သူတို႔ကိုရွင္းျပပါတယ္။ ဒါေပမယ့္ သူတို႔ လူမႈအဝန္းအဝိုင္း တည္ရွိမႈကို က်ေနာ္တို႔ မျငင္းပါဘူး”

၂၀၁၇ ခုႏွစ္ ၾသဂုတ္လက ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာရွိတဲ့ ရဲကင္းစခန္းေတြကို ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အဖဲြ႔ေတြက ၀င္ေရာက္ တုိက္ခိုက္ခဲ့တာကို တုံ႔ျပန္တဲ့အေနနဲ႔ ျမန္မာစစ္တပ္က ေဒသတြင္းမွာ နယ္ေျမရွင္းလင္းေရးလုပ္ရာကေန အဲဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာေတြ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ထြက္ေျပးခဲ့ၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

မြန်မာကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာတွေနဲ့ ထပ်မံတွေ့ဆုံ

(Unicode)

ရခိုင်မြောက်ပိုင်းကထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာတော့ ရိုဟင်ဂျာမွတ်ဆလင်တွေ နဲ့ ဟိန္ဒူဒုက္ခသည်တွေနဲ့ သီးခြားတွေ့ဆုံခဲ့ကြပါတယ်။ ဒုက္ခသည်တွေ ပြန်လာရေး နဲ့ ပတ်သက်ပြီး ၂ ဘက်ဆွေးနွေးခဲ့ကြပေမယ့် တိုးတက်မှုတစုံတရာမရှိဘူးလို့ ရိုဟင်ဂျာမွတ်ဆလင်တွေဘက်က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာရောက်နေကြတဲ့ဒုက္ခသည်တွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာတော့ အဲဒီမှာရှိတဲ့ဒုက္ခသည်တွေ နဲ့ ဒုတိယမြောက်နေ့အဖြစ်နဲ့ ဆက်ပြီးတော့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေ၊ ဟိန္ဒူဒုက္ခသည်တွေနဲ့လည်း ဒီကနေ့ သီးခြားစီတွေ့ဆုံခဲ့တယ်လု့ိ ဘာလုခါလီ ဒုက္ခသည်စခန်းက ကိုအီစလမ်က ဗွီအိုအေကို ပြောပါတယ်။

“မနက် ၉ နာရီကနေ ၁၂ နာရီခွဲအထိကတော့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီနောက်ပိုင်းကတော့ ဟိန္ဒူအဖွဲ့နဲ့ ဆက်ပြီးတော့ တွေ့ခဲ့ပါတယ်ခင်ဗျ။”

မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ မနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ကူတူပါလောင် ဒုက္ခသည် စခန်းကို သွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါသေးတယ်။ ဒီကနေ့တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာကိုယ်စားလှယ်တွေဘက်က ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးလုပ်ငန်းစဉ်အဆင့်ဆင့် အပါအဝင် ဒုက္ခသည်တွေပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ကလုပ်ဆောင်နေတာတွေကို ရှင်းပြခဲ့တယ်လို့ ကိုအီစလမ် ပြောပါတယ်။

“သူတို့ဘက်ကတော့ အရင်ခရီးစဉ်အတိုင်းပြောသလိုပဲ NVC လုပ်ငန်းစဉ်ကိုပဲ ချပြတယ်၊ နောက် လက်ခံရေးစခန်း ကိစ္စကို ရှင်းပြပေးတယ်၊ နောက်ပြီး ကြားစခန်းမှာ နေရမယ့်ကိစ္စကို ရှင်းပြတယ်။”

ရိုဟင်ဂျာမွတ်စလင်တွေဘက်ကတော့ မွေးရာပါနိုင်ငံသားအခွင့်အရေး အပါအဝင် အချက် ၃ ချက်ကို တောင်းဆိုခဲ့တယ်လို့ သူကပြောပါတယ်။

“အချက် ၃ ချက်မှာကတော့ ကျနော်တို့က မူလကတည်းကရရှိတဲ့ ရိုဟင်ဂျာအနေနဲ့ မွေးရာပါ နိုင်ငံသား အခွင့်အရေးကို ကျနော်တို့ပြန်လည်ရရှိဖို့အတွက် တောင်းဆိုခဲ့တယ်။ နောက်ဒုတိယအချက်မှာတော့ ကျနော်တို့ မူလကျေးရွာမှာ ပြန်လည်နေထိုင်ခွင့်နဲ့ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှု ပြန်လည်ရရှိခွင့် ၊ နောက် ရခိုင်ပြည်နယ်တခုလုံးမှာ ယနေ့အထိ စစ်ဖြစ်နေတယ်ဆိုတော့ ကျနော်တို့ အတွက် နိုင်ငံတကာ လုံခြုံရေးအစီအမံတွေ လိုအပ်တာကို ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည် ကိုယ်စားလှယ်တွေဘက်က တင်ပြသွားခဲ့ပါတယ်ခင်ဗျ။”

ရိုဟင်ဂျာမွတ်ဆလင်တွေဘက်က တောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခ ပုဂ္ဂိုလ် နဲ့ အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေ တင်ပြသွားမယ်လို့ မြန်မာဘက်ကပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂ ရက်ကြာတွေ့ဆုံဆွေးနွေးမှုအတွင်း ဒုက္ခသည်တွေ နေရပ် ပြန်ရေးနဲ့ ပတ်သက်ပြီး အောင်မြင်မှုတစုံတရာ ရရှိခဲ့ခြင်းမရှိဘူးလို့သူကပြောပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကိုတော့ စီစစ်ပြီး ပြန်လည်လက်ခံသွားမယ်လို့ ပြောထားပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ဘာ့ကြောင့် လက်မခံနိုင်တာလဲ ဆိုတာကို ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ ဦးချမ်းအေးက မနေ့က ပြောပါတယ်။

“ဥပဒေကြောင်း အချက်အလက်တွေ၊ သမိုင်းကြောင်း အချက်အလက်တွေကို အခြေခံပြီး ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ကျနော်တို့ လက်မခံနိုင်တဲ့ အကြောင်းရင်းကို သူတို့ကိုရှင်းပြပါတယ်။ ဒါပေမယ့် သူတို့ လူမှုအဝန်းအဝိုင်း တည်ရှိမှုကို ကျနော်တို့ မငြင်းပါဘူး”

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က ဒေသတွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ရာကနေ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG