သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွား မြတ္ဆလင္ ထိပ္သီးအစည္းအေဝး Uighur အေရး ပါဖြယ္မရွိေပမယ့္ ႐ိုဟင္ဂ်ာအေရး ပါဖြယ္ရွိ


႐ိုဟင္ဂ်ာ ဒုကၡသည္မ်ား

(Zawgyi/Unicode)

မေလးရွားႏုိင္ငံက ဒီသီတင္းပတ္အတြင္း အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ မြတ္ဆလင္ေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးအစည္း အေဝးတခုအတြင္း တ႐ုတ္ႏုိင္ငံ၊ ရွင္က်န္းေဒသက Uighur မြတ္ဆလင္ေတြနဲ႔ပတ္သက္ၿပီး တင္းတင္းမာမာ ေျပာဆိုဖြယ္မရွိေပ မယ့္ ျမန္မာႏုိင္ငံက ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြအေရးနဲ႔ ပတ္သက္လို႔ေတာ့ ျပစ္တင္႐ႈတ္ခ်ဖြယ္ရွိတယ္လို႔ AFP သတင္းတပုဒ္မွာ ေရးထားပါတယ္။ ျမန္မာအစိုးရ ကိုယ္တုိင္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အေခၚအေဝၚကို အသိအမွတ္မျပဳပါဘူး။

တ႐ုတ္ႏုိ္င္ငံနဲ႔ လုပ္ေဆာင္ေနတဲ့ အေရးပါတဲ့ စီးပြားေရးပိုင္းဆက္ဆံမႈေတြအေပၚ ထိခိုက္မွာ စိုးရိမ္တဲ့အတြက္ ထိပ္သီး အစည္းအေဝး တက္ေရာက္တဲ့ေခါင္းေဆာင္ေတြဟာ Uighur မြတ္ဆလင္ေတြအေရးနဲ႔ပတ္သက္ၿပီး သိပ္တင္းတင္းမာမာ ေျပာဆို ဖြယ္မရွိတာလို႔ ေလ့လာသူေတြက ယူဆေၾကာင္း သတင္းမွာေရးထားပါတယ္။

မြတ္ဆလင္ေတြ ရင္ဆိုင္ေနရတဲ့ အေျခအေနေပါင္းမ်ားစြာကို ေဆြးေႏြးမယ့္ သံုးရက္ၾကာ ထိပ္သီးအစည္းအေဝးကို အီရန္၊ တူရကီနဲ႔ ကာတာႏုိ္င္ငံေတြက ေခါင္းေဆာင္ေတြအပါအဝင္ ကိုယ္စားလွယ္ ရာေပါင္းမ်ားစြာ တက္ေရာက္ဖုိ႔ရွိပါတယ္။

Uighur မြတ္ဆလင္ လူနည္းစုေတြအေပၚ တ႐ုတ္အစိုးရရဲ႕ ျပဳမူဆက္ဆံပံုနဲ႔ပတ္သက္ၿပီး အစၥလာမ္မစ္ႏုိင္ငံေတြက ေခါင္းေဆာင္ ေတြ အမ်ားအားျဖင့္ ဘာမွမေျပာဘဲ ေရွာင္ေနတဲ့အေပၚ ေဝဖန္ခံေနရခ်ိန္မွာပဲ အခု ထိပ္သီးအစည္းအေဝးကို က်င္းပမွာပါ။

ဒီထိပ္သီးအစည္းအေဝး ျဖစ္ေျမာက္ဖုိ႔ မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္ဒ္က တြန္းအားေပး လုပ္ေဆာင္လာတာျဖစ္ပါ တယ္။ ဒါေပမယ့္လည္း ထိပ္တန္း မြတ္ဆလင္ႏုိင္ငံေတြျဖစ္တဲ့ ေဆာ္ဒီ အာေရးဘီးယားႏုိ္င္ငံက အဆင့္ျမင့္ကို္ယ္စားလွယ္အဖြဲ႔ တက္ေရာက္မွာမဟုတ္သလို ပါကစၥတန္ႏုိင္ငံဝန္ႀကီးခ်ဳပ္ Imran Khan ကလည္း သူတက္ေရာက္မယ့္အစီအစဥ္ကို ဖ်က္သိမ္း ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မလေးရှား မွတ်ဆလင် ထိပ်သီးအစည်းအဝေး Uighur အရေး ပါဖွယ်မရှိပေမယ့် ရိုဟင်ဂျာအရေး ပါဖွယ်ရှိ

(Unicode)

မလေးရှားနိုင်ငံက ဒီသီတင်းပတ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မွတ်ဆလင်ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်း အဝေးတခုအတွင်း တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသက Uighur မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး တင်းတင်းမာမာ ပြောဆိုဖွယ်မရှိပေ မယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအရေးနဲ့ ပတ်သက်လို့တော့ ပြစ်တင်ရှုတ်ချဖွယ်ရှိတယ်လို့ AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။ မြန်မာအစိုးရ ကိုယ်တိုင်ကတော့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်မပြုပါဘူး။

တရုတ်နိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ အရေးပါတဲ့ စီးပွားရေးပိုင်းဆက်ဆံမှုတွေအပေါ် ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ထိပ်သီး အစည်းအဝေး တက်ရောက်တဲ့ခေါင်းဆောင်တွေဟာ Uighur မွတ်ဆလင်တွေအရေးနဲ့ပတ်သက်ပြီး သိပ်တင်းတင်းမာမာ ပြောဆို ဖွယ်မရှိတာလို့ လေ့လာသူတွေက ယူဆကြောင်း သတင်းမှာရေးထားပါတယ်။

မွတ်ဆလင်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေပေါင်းများစွာကို ဆွေးနွေးမယ့် သုံးရက်ကြာ ထိပ်သီးအစည်းအဝေးကို အီရန်၊ တူရကီနဲ့ ကာတာနိုင်ငံတွေက ခေါင်းဆောင်တွေအပါအဝင် ကိုယ်စားလှယ် ရာပေါင်းများစွာ တက်ရောက်ဖို့ရှိပါတယ်။

Uighur မွတ်ဆလင် လူနည်းစုတွေအပေါ် တရုတ်အစိုးရရဲ့ ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး အစ္စလာမ်မစ်နိုင်ငံတွေက ခေါင်းဆောင် တွေ အများအားဖြင့် ဘာမှမပြောဘဲ ရှောင်နေတဲ့အပေါ် ဝေဖန်ခံနေရချိန်မှာပဲ အခု ထိပ်သီးအစည်းအဝေးကို ကျင်းပမှာပါ။

ဒီထိပ်သီးအစည်းအဝေး ဖြစ်မြောက်ဖို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်က တွန်းအားပေး လုပ်ဆောင်လာတာဖြစ်ပါ တယ်။ ဒါပေမယ့်လည်း ထိပ်တန်း မွတ်ဆလင်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ အာရေးဘီးယားနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာမဟုတ်သလို ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Imran Khan ကလည်း သူတက်ရောက်မယ့်အစီအစဉ်ကို ဖျက်သိမ်း ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG