သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံနဲ့ ICJ သင်ခန်းစာ


ဒီဇင်ဘာ ၁၄၊ ၂၀၁၉ - ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးအောင် လုပ်ရာရောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် The Hague မြို့က နိုင်ငံတကာ တရားရုံးမှာ သွားပြီး ဖြေရှင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဖြစ်ခဲ့တာတွေဟာ လူမျိုးတုံးအောင်လုပ်တဲ့ ရည်ရွယ်ချက်မျိုး မရှိတဲ့အကြောင်းနဲ့ ရှိခဲ့ရင်လည်း လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး သဘောတူညီချက်တွေနဲ့သာ အရေးယူနိုင်တယ် ဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ လျှောက်လဲချက် ပေးတဲ့အချိန်မှာ ပြောခဲ့တာပါ။

နိုင်ငံတကာ အဆင့်အထိ ရောက်ခဲ့တဲ့ အမှုကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ပိုအလေးထား လာနိုင်သလား၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုရနိုင်ဖို့ မျှော်လင့်ချက်တခု ဖြစ်လာနိုင်သလား၊ ဒီလိုအဖြစ်မျိုး နောင်မကြုံရအောင် ဘာတွေလုပ်ဖို့ လိုမလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

[Unicode Version]


တိုက်ရိုက် လင့်ခ်


XS
SM
MD
LG