ICJ အပြန် ဒေါ်အောင်ဆန်းစုကြည် လူထုကြိုဆို
နယ်သာလန်နိုင်ငံကနေ စနေနေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကြိုဆိုခဲ့ကြပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်တားဆီးရေး နိုင်ငံတကာဥပဒေချိုးဖောက်မှုနဲ့ တရားစွဲခံထားရတာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျှောက်လဲခဲ့တာပါ။