သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ နယ္သာလန္ခရီးစဥ္ကေန စေနေန႔ ျပန္ေရာက္မည္


ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ နယ္သာလန္ခရီးစဥ္ (ဓါတ္ပံု-Myanmar State Counsellor Office)

(Zawgyi/Unicode)

ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ နယ္သာလန္ႏုိင္ငံကေန ျမန္မာႏုိင္ငံကို ျပန္လာေနၿပီျဖစ္ၿပီး ဒီကေန႔ စေနေန႔မွာ ျမန္မာႏုိင္ငံကို ျပန္ေရာက္လာဖြယ္ရွိတယ္လုိ႔ ျမန္မာအစိုးရနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ေတြက ဗီြအိုေအကို ေျပာပါ တယ္။

ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာႏုိင္ငံကို ျပန္ေရာက္လာတဲ့အခါ ႀကိဳဆိုပြဲႀကီးလုပ္ဖို႔ ျပင္ဆင္ေနတယ္ ဆုိတဲ့ သတင္းေတြလည္း ထြက္ထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီဇင္ဘာလ ၁၂ ရက္ ၾကာသပေတးေန႔က အျပည္ျပည္ဆိုင္ရာတရား႐ံုး (ICJ) မွာ အၿပီးသတ္ တင္ျပေျပာၾကားၿပီးတဲ့ေနာက္ သူ႔ကို ေထာက္ခံအားေပးဖို႔ ေရာက္ေနၾကတဲ့ ဥေရာပတဝန္းက ျမန္မာႏြယ္ဖြားေတြနဲ႔ ၾကာသပေတး ေန႔နဲ႔ ေသာၾကာေန႔ေတြမွာ ခြဲေတြ႔ဆံုၿပီး ေက်းဇူးတင္စကားေျပာပါတယ္။

ဒါေပမယ့္ ေသာၾကာေန႔က နယ္သာလန္ေအာက္လႊတ္ေတာ္၊ ႏုိင္ငံျခားေရးေကာ္မတီနဲ႔ ေတြ႔ဆံုဖို႔ စီစဥ္ထားတာကေတာ့ ပ်က္သြား ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခရီးစဥ္မွာ ေမွ်ာ္လင့္မထားတဲ့ အေၾကာင္းရင္းေတြ ေပၚလာတဲ့အတြက္ ေတြ႔မယ့္အစီအစဥ္ကို ဖ်က္လိုက္တယ္လို႔ နယ္သာလန္ ေအာက္လႊတ္ေတာ္ကို ကိုးကားၿပီး နယ္သာလန္ ျပည္တြင္းသတင္းေတြက ေဖာ္ျပပါတယ္။

ICJ မွာ ဂမ္ဘီယာက ျမန္မာႏုိင္ငံကို တရားစြဲဆိုၿပီးေတာ့ ၾကားျဖတ္ လုပ္ေဆာင္ရမွာေတြ ခ်မွတ္ေပးဖို႔ ေလွ်ာက္ထားတာကို ဒီဇင္ဘာလ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ သံုးရက္အတြင္း ၾကားနာပြဲ ၄ ႀကိမ္ လုပ္ခဲ့ပါတယ္။

တရား႐ံုးရဲ႕ ဆံုးျဖတ္ခ်က္ ဘယ္ေတာ့ထြက္လာမယ္ဆုိတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

...............

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နယ်သာလန်ခရီးစဉ်ကနေ စနေနေ့ ပြန်ရောက်မည်

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာနေပြီဖြစ်ပြီး ဒီကနေ့ စနေနေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာဖွယ်ရှိတယ်လို့ မြန်မာအစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဗွီအိုအေကို ပြောပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့အခါ ကြိုဆိုပွဲကြီးလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ ၁၂ ရက် ကြာသပတေးနေ့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ အပြီးသတ် တင်ပြပြောကြားပြီးတဲ့နောက် သူ့ကို ထောက်ခံအားပေးဖို့ ရောက်နေကြတဲ့ ဥရောပတဝန်းက မြန်မာနွယ်ဖွားတွေနဲ့ ကြာသပတေး နေ့နဲ့ သောကြာနေ့တွေမှာ ခွဲတွေ့ဆုံပြီး ကျေးဇူးတင်စကားပြောပါတယ်။

ဒါပေမယ့် သောကြာနေ့က နယ်သာလန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကတော့ ပျက်သွား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ မျှော်လင့်မထားတဲ့ အကြောင်းရင်းတွေ ပေါ်လာတဲ့အတွက် တွေ့မယ့်အစီအစဉ်ကို ဖျက်လိုက်တယ်လို့ နယ်သာလန် အောက်လွှတ်တော်ကို ကိုးကားပြီး နယ်သာလန် ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။

ICJ မှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲဆိုပြီးတော့ ကြားဖြတ် လုပ်ဆောင်ရမှာတွေ ချမှတ်ပေးဖို့ လျှောက်ထားတာကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သုံးရက်အတွင်း ကြားနာပွဲ ၄ ကြိမ် လုပ်ခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက် ဘယ်တော့ထွက်လာမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG