သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ ICJ ေခ်ပခ်က္အေပၚ ႏုိင္ငံတကာ ဥပေဒပညာရွင္အျမင္


ႏိုင္ငံတကာ ဥပေဒပညာရွင္ Michael Becker ႏွင့္ VOA အင္တာဗ်ဴး

(Zawgyi/Unicode)

ျမန္မာကို အမႈဖြင့္တိုင္ၾကားခ်က္နဲ႔ပတ္သက္လို႔ ICJ တရားရံုးအေနနဲ႔ ပယ္ဖ်က္ေပးဖို႔ ဆိုတဲ့ ေတာင္းဆိုခ်က္အပါအ၀င္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဒီဇင္ဘာလ (၁၂)ရက္ေန႔က ေနာက္ဆံုးေလွ်ာက္လဲခ်က္ေတြဟာ ICJ တရားသူႀကီးေတြ လက္ခံစဥ္းစားဖို႔ အတြက္ ထိေရာက္လႊမ္းမိုးႏိုင္မႈ မရွိခဲ့ဘူးလို႔ ႏိုင္ငံတကာ ဥပေဒပညာရွင္ Michael Becker ကသံုးသပ္ပါတယ္။

Michael Becker ဟာ ICJ ႏိုင္ငံတကာတရားရံုးမွာ ၂၀၁၀- ၂၀၁၄ခုႏွစ္ထိ လက္ေထာက္ ဥပေဒအရာရွိအျဖစ္ ေလးႏွစ္ၾကာလုပ္ခဲ့သူျဖစ္ၿပီး၊ ျမန္မာကို အျခားႏိုင္ငံတႏိုင္ငံက လူမ်ဳိးတုံး သတ္ျဖတ္မႈ ဆိုင္ရာ သေဘာတူစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ICJ တရားရံုးမွာ အမႈဖြင့္တရားစဲြႏိုင္တဲ့ အလားအလာဆိုတဲ့ ေခါင္းစဥ္နဲ႔ စာတမ္းကို ၂၀၁၈ ခုႏွစ္က ေရးသားျပဳစုခဲ့သူလည္းျဖစ္ပါတယ္။ အခုလက္ရွိ အိုင္ယာလန္ႏိုင္ငံ Durblin က Trinity ေကာလိပ္ ဥပေဒဘာသာရပ္ဌာန လက္ေထာက္ပါေမာကၡျဖစ္တဲ့ Mr. Becker နဲ႔ မအင္ၾကင္းႏိုင္က Skype ကေန သီးသန္႔ ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ အခုေနာက္ဆံုး ICJ တရားရံုး ၾကားနာပဲြမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အပိတ္ေလွ်ာက္လဲခ်က္ကို ဘယ္လိုျမင္လဲရွင့္။

Michael Becker ။ ။ ဒီသီတင္းပတ္အတြင္း သံုးရက္ၾကာ ၾကားနာပဲြျပဳလုပ္ခဲ့တဲ့ေနရာမွာ ဒီကေန႔ ျမန္မာဘက္က ဒုတိယအႀကိမ္ ျပန္လည္ေလွ်ာက္လဲခ်က္လုပ္ပါတယ္။ ေမးခြန္းကို ေျဖရမယ္ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အၿပီးသတ္ေလွ်ာက္လဲခ်က္ အတိုခ်ဳပ္သေဘာမ်ဳိးပဲ တင္ျပသြားတာပါ။ အဲဒီထဲမွာ အခ်က္ႏွစ္ခ်က္ကို သူက တင္ျပခဲ့ပါတယ္။ ပထမ တခ်က္က ICJ တရားရံုးကေန ျမန္မာအမႈကို ပယ္ဖ်က္ေပးဖို႔ ျဖစ္ပါတယ္။ ဒီေနရာမွာ က်ေနာ္ အေသအခ်ာေျပာႏိုင္တာကေတာ့ သူေျပာသလို တရားရံုးက အမႈကိုပယ္ဖ်က္ေပးဖို႔ဆိုတာ ျဖစ္လာလိမ့္မွာ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု ၾကားနာတဲ့ကိစၥက ၾကားျဖတ္စီမံေဆာင္ခ်က္ေတြ ခ်မွတ္ေပးဖို႔ ျဖစ္ပါတယ္။ ဒီအခ်က္ကိုလည္း ဂမ္ဘီယာဘက္က ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ျမန္မာက လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီး၊ အျပစ္ေပးေရး စာခ်ဳပ္ကို ခ်ဳိးေဖာက္တယ္ဆိုတဲ့ စဲြခ်က္တင္ထားတဲ့ အမႈ စီရင္ဖို႔ ႏွစ္မ်ားစြာၾကာမွာျဖစ္တဲ့အတြက္ ေလာေလာဆယ္ အေျခအေနေတြ အခုထက္ပိုၿပီး ဆိုးရြားမသြားေအာင္ ထိန္းခ်ဳပ္တဲ့အေနနဲ႔ အေရးေပၚေၾကညာခ်က္ အမိန္႔မ်ဳိး ထုတ္ျပန္ေပးဖုိ႔ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ ေတာင္းဆိုသလိုမ်ဳိး တရားရံုးကေန ျမန္မာကို ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္အတြက္ အမိန္႔ခ်မွတ္ေပးဖို႔ ေလွ်ာက္ထားခ်က္ကို ပယ္ဖ်က္ေပးပါဆိုတဲ့အခ်က္က မျဖစ္ႏိုင္ပါဘူး။

ေနာက္တခ်က္ကေတာ့ ဒီကေန႔ သူေျပာသြားတဲ့အထဲမွာ အေလးအနက္ေထာက္ျပခဲ့တဲ့အခ်က္ျဖစ္တဲ့ ရခိုင္ျပည္နယ္မွာ အရင္အတိတ္က အေျခအေနေတြ ဘယ္လုိပဲျဖစ္ခဲ့ျဖစ္ခဲ့ အခုေတာ့ အေျခအေနေတြျပန္ၿပီး ေကာင္းမြန္လာေနၿပီလို႔ ဆိုပါတယ္။ ျပန္လည္ရင္ၾကားေစ့ေရး အစီအစဥ္ေတြ အေကာင္အထည္ေဖၚေနတာ၊ ေဒၚေအာင္ဆန္းစုၾကည္ လံုး၀သံုးႏႈန္းမသြားတဲ့ ရိုဟင္ဂ်ာ ေတြ ေနရပ္ျပန္ေရး အေျခအေနေတြ ဖန္တီးေပးေနတာ စတဲ့ အျပဳသေဘာေဆာင္တဲ့ အေျခအေနေတြကို သူက ေျပာသြားပါတယ္။ အေျခအေနေတြ ေကာင္းလာၿပီျဖစ္တဲ့ အတြက္ စိုးရိမ္စရာ အႏၱရာယ္ေတြအဲဒီမွာ မရွိေတာ့ဘူး၊ အေရးေပၚ အေျခအေနမ်ဳိးဆိုတာ မရွိေတာ့တဲ့အတြက္ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္ဆိုတာမ်ဳိး မလိုအပ္ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ခုခံေခ်ပခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္လို႔ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္မ်ား အေရးေပၚထုတ္ျပန္ေပးဖို႔အတြက္ သီးသန္႔အေနနဲ႔ တဘက္က ေလွ်ာက္လဲတင္ျပထားခ်က္ကို တကယ္တမ္း စဥ္းစားဆံုးျဖတ္မယ့္ တရားသူႀကီးေတြအေပၚ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခုခံေခ်ပခ်က္ေတြက လႊမ္းမိုးမႈရွိမွာ မဟုတ္ပါဘူး။

အင္ၾကင္းႏုိင္။ ။ Prima Facie jurisdiction တရား႐ုံးက ဥပေဒေၾကာင္းအရ စီရင္ပိုင္ခြင့္ရွိမရွိကို ဆုံးျဖတ္ေပးဖို႔ဆိုတဲ့အခ်က္ကို အဓိက အျပန္အလွန္ေလွ်ာက္လဲၾကရာမွာ ျမန္မာဘက္က ဥပေဒပညာရွင္တဦးျဖစ္တဲ့ Mr. Christopher Staples ဘက္က အဓိက ေခ်ပခဲ့တဲ့အခ်က္က ဂမ္ဘီယာဟာ OIC ရဲ႕တဆင့္ခံအျဖစ္ တရားစဲြတာျဖစ္တယ္။ ဒါေၾကာင့္ လူမ်ဳိးုတုန္းသတ္ျဖတ္မႈ စာခ်ဳပ္မွာ လက္မွတ္ေရးထိုးမထားတဲ့ OIC ကိုယ္စားျပဳၿပီး ဂမ္ဘီယာဘက္က တရားစဲြတာကို ျမန္မာဘက္က တရားၿပိဳင္အျဖစ္ သတ္မွတ္တုံ႔ျပန္ဖို႔ မလိုဘူး စတာေတြျဖစ္ပါတယ္။ ဒီအေပၚမွာ ဘယ္လိုျမင္ပါသလဲ။

Michael Becker ။ ။ ေကာင္းပါၿပီ။ ဒီေနရာမွ က်ေနာ္ မျဖစ္မေနေျပာခ်င္တာက ျမန္မာအစိုးရဘက္က ဒီခုခံေခ်ပခ်က္အတြက္ အခ်ိန္ေတြအမ်ားႀကီးသံုးခဲ့တာကို တကယ္ပဲအံၾသမိပါတယ္။ ဒီအခ်က္က အေတာ္ေလးကို လဲြေခ်ာ္ေနတာပါ။ ဒီကိစၥက အေလးအနက္ထားၿပီး ကန္႔ကြက္ရမယ့္အခ်က္ မဟုတ္ဘူးလို႔ က်ေနာ္ျမင္ပါတယ္။ OIC အစၥလာမ္မစ္ပူးေပါင္းေဆာင္ရြက္ ေရးအဖြဲ႔ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ အဖဲြ႔ကို ကိုယ္စားျပဳၿပီး ဂမ္ဘီယာႏုိင္ငံက ICJ တရားရံုးမွာ ျမန္မာႏိုင္ငံကို လူမ်ဳိးတုံးသတ္ျဖတ္မႈ စာခ်ဳပ္ ခ်ဳိးေဖာက္မႈနဲ႔ တရားစဲြဲခဲ့တဲ့ အခ်က္က မွန္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ သိရသေလာက္ဆိုရင္ OIC အစည္းအေ၀းမွာ ဂမ္ဘီယာကဘက္က သူတို႔ႏိုင္ငံအေနနဲ႔ ဒီကိစၥကို ေဆာင္ရြက္ဖို႔ စိတ္၀င္စားေၾကာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒီအခ်က္ကို ဘာမွ အျငင္းပြားစရာမရွိပါဘူး။ ဒါေပမဲ့ OICနဲ႔ ပတ္သက္တဲ့အခ်က္ကိုကိုင္ၿပီး ဂမ္ဘီယာက OIC ရဲ႕ အဂၤါအစိတ္အပိုင္းတခု ဒါမွမဟုတ္ တဆင့္ခံအျဖစ္ တရားစဲြတာျဖစ္တယ္ဆိုတဲ့ အခ်က္နဲ႔ ခုခံေခ်ပတာဟာ ေပါ့ပ်က္လြန္းတယ္လို႔ က်ေနာ္ျမင္ပါတယ္။ ဂမ္ဘီယာႏိုင္ငံအတြက္ အျခားႏိုင္ငံေတြနဲ႔ ႏိုင္ငံတကာအဖဲြ႔အစည္းေတြ ဆီကေန စိတ္ဓါတ္ပိုင္းဆိုင္ရာ၊ ေငြေၾကးဆိုင္ရာနဲ႔ ဥပေဒပိုင္းဆိုင္ရာ အကူအညီေတြ လက္ခံတာ ျပႆနာမဟုတ္ပါဘူး။ ဒီအခ်က္ဟာ ICJ တရားရံုးရဲ႕ စီရင္ခ်က္ ဒါမွမဟုတ္ တရားရံုး ျပဌာန္းခ်က္ေတြနဲ႔ ဘာမွမပတ္သက္ပါဘူး။ ဒါေၾကာင့္ ဂမ္ဘီယာက OIC နဲ႔ ပတ္သက္ေနတယ္ဆိုတဲ့ အခ်က္က ျပႆနာမဟုတ္ဘူးလို႔ က်ေနာ္ျမင္ပါတယ္။ ျမန္မာဘက္က ဥပေဒပညာရွင္အေနနဲ႔ ဒီေခ်ပခ်က္နဲ႔ ပတ္သက္လို႔ ဥပေဒ လုပ္ထံုးလုပ္နည္းနဲ႔အညီ ေထာက္ျပႏိုင္ခဲ့ျခင္းမရွိပါဘူး။

အဓိကေသာ့ခ်က္က ဒီအမႈရဲ႕ ေနာက္ကြယ္က အေၾကာင္းအရာေတြက ဘာေတြလဲ၊ တရားစြဲ ႏိုင္ငံဘက္က အေၾကာင္းအရင္းေတြက ဘာေတြလဲ ဆိုတာေတြကို ၾကည့္ဖို႔ ICJ တရားရံုးရဲ႕ အလုပ္မဟုတ္ပါဘူး။ ICJ တရားရံုးမွာ ႏိုင္ငံအခ်င္းခ်င္း ေရေၾကာင္းဆိုင္ရာနဲ႔ အျခားနယ္နိမိတ္ဆိုင္ရာ အျငင္းပြားမႈေတြကို ကိုင္တြယ္ၾကားနာေနတဲ့ အမႈေတြ အေျမာက္အမ်ားရွိေနတာပါ။ တခ်ဳိ႕အမႈေတြမွာဆိုရင္ ႏိုင္ငံျခား ေရနံကုမၸဏီေတြက ေနာက္ကြယ္ကေန ပါ၀င္ ပတ္သက္ေနတယ္ဆိုတဲ့ စြပ္စဲြခ်က္မ်ဳိးေတြလည္း ရွိခဲ့ပါတယ္။ ဒါေၾကာင့္ တရားစဲြတဲ့ ႏိုင္ငံဘက္က ICJ တရားရံုးမွာ ဘာေၾကာင့္ အမႈဖြင့္ေလွ်ာက္ထားသလဲ ဆိုတဲ့ အေၾကာင္းအရင္းက တရားရံုးရဲ႕ အလုပ္မဟုတ္ပါဘူး။ အျခားအေၾကာင္းအရာေတြရွိပါတယ္။ ဂမ္ဘီယာက ႏိုင္ငံတႏိုင္ငံျဖစ္ရဲ႕လား။ အလြန္ရွင္းပါတယ္။ ႏိုင္ငံတခုပါ။ ေနာက္ပိုၿပီး အေရးႀကီးတာက ဂမ္ဘီယာနဲ႔ ျမန္မာၾကားမွာ အျငင္းပြားမႈရွိပါတယ္။ ဂမ္ဘီယာအေနနဲ႔ ျမန္မာကို ICJ မွာ အမႈဖြင့္တိုင္ၾကားတာမ်ဳိးမလုပ္ခင္ ႏွစ္ႏိုင္ငံၾကား အျငင္းပြားမႈရွိခဲ့တယ္ဆိုတဲ့အခ်က္ေတြ ရွိခဲ့တာပါ။ ဒီအခ်က္ကိုလည္း ျမန္မာဘက္က ၾကားနာပဲြမွာ ႀကိဳးစားၿပီး တံု႔ျပန္ေခ်ပခဲ့ပါတယ္။ ICJ တရားရံုးမတိုင္ခင္ လူမ်ဳိးတုံးသတ္ျဖတ္မႈ တားဆီး၊ အျပစ္ေပးေရးသေဘာတူစာခ်ဳပ္ နဲ႔ပတ္သက္လို႔ ဂမ္ဘီယာနဲ႔ ျမန္မာၾကားမွာ အျငင္းပြားမႈ မရွိခဲ့ဘူးလို႔ေျပာပါတယ္။ ဒီခုခံေခ်ပခ်က္ဟာလည္း ေအာင္ျမင္ထိေရာက္မႈ မရွိဘူးဆိုတာ ေသခ်ာပါတယ္။

အင္ၾကင္းႏိုင္။ ။ ၾကားနာပဲြမွာ အဓိက အျပန္အလွန္ေခ်ပ ေလွ်ာက္လဲခဲ့တဲ့ တခ်က္က ျမန္မာႏို္င္ငံဆိုင္ရာ ကုလသမဂၢအခ်က္အလက္ရွာေဖြေရးမစ္ရွင္း FFM ရဲ႕အစီရင္ခံစာေတြပဲျဖစ္ပါတယ္။ ICJ တရားရံုးကို အမႈဖြင့္တိုင္ၾကားခဲ့တဲ့ ဂမ္ဘီယာက ဒီအစီရင္ခံစာေတြပါအခ်က္ေတြကို အဓိက ထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာဘက္က ဥပေဒအက်ဴိးေဆာင္ ပါေမာကၡ William Schabas က FFM အစီရင္ခံစာေတြနဲ႔ပတ္သက္လို႔ ဘယ္ေလာက္ ယံုၾကည္စိတ္ခ်ရမႈ ရွိမလဲဆိုတာကို ေမးခြန္းထုတ္သြားပါတယ္။ အထူးသျဖင့္ ၂၀၁၉ ခုႏွစ္ အစီရင္ခံစာကို သူကေထာက္ျပခဲ့ပါတယ္။ FFM အစီရင္ခံစာေတြရဲ႕ အားသာခ်က္၊ အားနည္ခ်က္ေတြက အမႈအေပၚမွာ ဘယ္လို အက်ဳိးသက္ေရာက္မႈေတြ ရွိမလဲဆိုတာ Mr. Becker ဘယ္လိုျမင္လဲရွင့္။

Michael Becker ။ ။ ဒီအခ်က္နဲ႔ ပတ္သက္ရင္ ရႈပ္ေထြးတဲ့ ကိစၥေတြအမ်ားႀကီးရွိေနပါတယ္။ ကုလသမဂၢအခ်က္အလက္ရွာေဖြေရး မစ္ရွင္း FFM ရဲ႕အစီရင္ခံစာေတြနဲ႔ ပတ္သက္လို႔ အခု က်ေနာ္ကိုယ္တိုင္ ေလ့လာေနခ်ိန္လည္း ျဖစ္ပါတယ္။ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္မ်ား ဆိုတဲ့ ေလွ်ာက္လဲခ်က္အမႈအတြက္ ICJ တရားရံုးဘက္မွာ ေရြးခ်ယ္စရာမ်ားမ်ားစားစားမလိုပါဘူး။ ICJ တရားရံုးေရွ႕ေမွာက္ ေရာက္ေနၿပီျဖစ္တဲ့ ဥပမာ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက ဖဲြ႔ထားတဲ့ FFM မစ္ရွင္းရဲ႕ အစီရင္ခံစာေတြနဲ႔ အျခား ကုလသမဂၢလက္ေအာက္ခံ အဖဲြ႔အစည္းေတြရဲ႕ အစီရင္ခံစာေတြ အေပၚမွာပဲ အားထားမွာျဖစ္ပါတယ္။ အခုတရားရံုးက ၾကားနာတဲ့ ၾကားျဖတ္စီမံေဆာင္ရြက္မ်ား ကိစၥအတြက္ တင္ျပဖို႔လိုတဲ့ အေထာက္အထား အခ်က္အလက္ေတြဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈ စာခ်ဳပ္ကို ခ်ဳိးေဖာက္တယ္ဆိုတဲ့ စဲြခ်က္ ေနာက္ဆံုးအဆင့္နဲ႕ ႏႈိင္းယွဥ္ရင္ လံုေလာက္မႈရွိေနပါတယ္။ ဒါေပမယ့္ ပါေမာကၡ Schabas အဓိက တင္ျပတဲ့အခ်က္က က်ေနာ္ နားလည္ရသေလာက္ဆိုရင္ FFM မစ္ရွင္းက ဥပေဒပိုင္းဆိုင္ရာ အကဲျဖတ္ခ်က္ေတြကို သူ႔ဘက္က သေဘာမတူဘူးဆိုတာပဲျဖစ္ပါတယ္။ မစ္ရွင္းက သံုးသပ္ခဲ့တဲ့ လူမ်ဳိးတုံး သတ္ျဖတ္မႈကို ရည္ရြယ္က်ဴးလြန္ခဲ့တယ္ဆိုတဲ့ ဥပေဒပိုင္းဆိုင္ရာအခ်က္နဲ႔ ပတ္သက္ရင္ ဟုတ္မဟုတ္ဆိုတာကို ဥပေဒနည္းလမ္းေတြနဲ႔ အတိအက် သက္ေသျပဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။ ဒီအခ်က္ကို ပါေမာကၡ Schabs က ဒီကေန႔မွာ အဓိက ခုခံေခ်ပခဲ့တာျဖစ္တယ္လို႔ က်ေနာ္ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒီမွာ အေျဖရွိေနတာက အစီရင္ခံစာပါအခ်က္အလက္ေတြဟာ ဥပေဒနည္းလမ္းေတြနဲ႔ အတိအက်ျဖစ္ရမယ္ဆိုတဲ့အခ်က္ကို ICJ တရားရံုးက ထည့္သြင္းစဥ္းစားဖို႔ လံုး၀ မလိုအပ္ဘူးဆိုတာပါ။ ဒါေၾကာင့္ က်ေနာ္ျမင္တာက FFM မစ္ရွင္း အစီရင္ခံစာမွာ ေဖၚျပထားတဲ့ ဥပေဒပိုင္းဆိုင္ရာ တင္ျပခ်က္ေတြကို အာရံုမစိုက္ဖို႔ ျဖစ္ပါတယ္။ အေထာက္အထားေတြ အမ်ားႀကီး စုေဆာင္းခဲ့တဲ့ FFM အစီရင္ခံစာဟာ အလြန္အသံုး၀င္ႏိုင္ပါတယ္။ အဓိကအခ်က္က ICJ တရားရံုးအေနနဲ႔ အစီရင္ခံစာပါအခ်က္ေတြကို သူ႔ဘာသူ ဥပေဒပိုင္းဆိုင္ရာ ေမးခြန္းထုတ္ၿပီး ၾကည့္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအမႈကို ဆက္ၿပီး အဆိုးအေကာင္းခဲြျခားၾကည့္မယ္ဆိုရင္ အခက္အခဲတခ်ဳိ႕ရွိေနတာက ဂမ္ဘီယာဘက္က အဓိကလက္ဆုပ္လက္ကိုင္ျပဳထားတဲ့ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္း ရဲ႕ အစီရင္ခံစာအေပၚမွာ တရားရံုးဘက္က ဘယ္အခ်ိန္ထိ ဒါမွမဟုတ္ ဘယ္ေလာက္ အတိုင္းအတာထိ အားကိုးအားျပဳခ်င္သလဲဆိုတာျဖစ္ပါတယ္။ မ်က္ျမင္သက္ေသေတြ၊ ကိုယ္တိုင္ေတြ႕ႀကံဳခံစားခံရသူေတြနဲ႔ ေတြ႕ဆံုေမးျမန္းထားခ်က္ေတြေပၚမွာ မူတည္ထားတဲ့ အခ်က္အလက္အေျမာက္အမ်ားကို ၾကည့္ရမယ့္ တရားရံုးအတြက္ တကယ္တမ္း စိန္ေခၚမႈအခက္အခဲ တခ်ဳိ႕ရွိေနပါတယ္။

ဒါေၾကာင့္ ICJ တရားရံုးအတြက္ ဒါမွမဟုတ္ ႏွစ္ဘက္လံုးအတြက္ အက်ဳိးျပဳႏိုင္ဖို႔ က်ေနာ္အႀကံျပဳခ်င္ တာက FFM မစ္ရွင္းအစီရင္ခံစာေတြေပၚမွာ အဓိကအေျချပဳထားတဲ့ ဒီလိုအမႈမ်ဳိးမွာ ဒီအစီရင္ခံစာေတြကို ျပဳစုတဲ့အထဲပါ၀င္ေနတဲ့ ပုဂၢိဳလ္တဦးခ်င္းစီကို တရားရံုးေရွ႕ေမွာက္ေခၚယူၿပီး သူတို႔ အစီရင္ခံစာျပဳစုတဲ့ နည္းနာကို စစ္ေဆးသင့္ပါတယ္။ FFM မစ္ရွင္းအေနနဲ႔ ျမန္မာနိုင္ငံထဲ သြားၿပီး စံုစမ္းခြင့္မရႏိုင္ခဲ့တဲ့အတြက္ မစ္ရွင္း ဥကၠဌပဲျဖစ္ျဖစ္၊ အစီရင္ခံစာကို ၀ိုင္းၿပီး ျပဳစုခဲ့တဲ့ အျခားသူေတြကိုပဲျဖစ္ျဖစ္ တရားရံုးေခၚၿပီး တရားသူႀကီးေတြေရာ၊ ႏွစ္ဘက္လံုးရဲ႕ ေရွ႕ေနေတြကပါ ေမးျမန္းျခင္းအားျဖင့္ ေရွ႕ဆက္အမႈအတြက္ အက်ဳိးျဖစ္ထြန္းေစမယ္လို႔ က်ေနာ္ျမင္ပါတယ္။

လက္ရွိ အိုင္ယာလန္ႏိုင္ငံ Durblin က Trinity ေကာလိပ္ ဥပေဒဘာသာရပ္ဌာန လက္ေထာက္ပါေမာကၡျဖစ္တဲ့ Mr. Becker ကို မအင္ၾကင္းႏိုင္က Skype ကေန သီးသန္႔ ဆက္သြယ္ေမးျမန္းထားတာပါ။

..................

တိုက္႐ိုက္ လင့္ခ္

မြန်မာ ICJ ချေပချက်အပေါ် နိုင်ငံတကာ ဥပဒေပညာရှင်အမြင်

(Unicode)

မြန်မာကို အမှုဖွင့်တိုင်ကြားချက်နဲ့ပတ်သက်လို့ ICJ တရားရုံးအနေနဲ့ ပယ်ဖျက်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက်အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့က နောက်ဆုံးလျှောက်လဲချက်တွေဟာ ICJ တရားသူကြီးတွေ လက်ခံစဉ်းစားဖို့ အတွက် ထိရောက်လွှမ်းမိုးနိုင်မှု မရှိခဲ့ဘူးလို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။

Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိအဖြစ် လေးနှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး၊ မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ သဘောတူစာချုပ်နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ်တဲ့ Mr. Becker နဲ့ မအင်ကြင်းနိုင်က Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခုနောက်ဆုံး ICJ တရားရုံး ကြားနာပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပိတ်လျှောက်လဲှချက်ကို ဘယ်လိုမြင်လဲရှင့်။

Michael Becker ။ ။ ဒီသီတင်းပတ်အတွင်း သုံးရက်ကြာ ကြားနာပွဲပြုလုပ်ခဲ့တဲ့နေရာမှာ ဒီကနေ့ မြန်မာဘက်က ဒုတိယအကြိမ် ပြန်လည်လျှောက်လဲှချက်လုပ်ပါတယ်။ မေးခွန်းကို ဖြေရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြီးသတ်လျှောက်လဲှချက် အတိုချုပ်သဘောမျိုးပဲ တင်ပြသွားတာပါ။ အဲဒီထဲမှာ အချက်နှစ်ချက်ကို သူက တင်ပြခဲ့ပါတယ်။ ပထမ တချက်က ICJ တရားရုံးကနေ မြန်မာအမှုကို ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော် အသေအချာပြောနိုင်တာကတော့ သူပြောသလို တရားရုံးက အမှုကိုပယ်ဖျက်ပေးဖို့ဆိုတာ ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ကြားနာတဲ့ကိစ္စက ကြားဖြတ်စီမံဆောင်ချက်တွေ ချမှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ဂမ်ဘီယာဘက်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာက လူမျိုးတုန်းသတ်ဖြတ်မှု တားဆီး၊ အပြစ်ပေးရေး စာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်တင်ထားတဲ့ အမှု စီရင်ဖို့ နှစ်များစွာကြာမှာဖြစ်တဲ့အတွက် လောလောဆယ် အခြေအနေတွေ အခုထက်ပိုပြီး ဆိုးရွားမသွားအောင် ထိန်းချုပ်တဲ့အနေနဲ့ အရေးပေါ်ကြေညာချက် အမိန့်မျိုး ထုတ်ပြန်ပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသလိုမျိုး တရားရုံးကနေ မြန်မာကို ကြားဖြတ်စီမံဆောင်ရွက်ချက်အတွက် အမိန့်ချမှတ်ပေးဖို့ လျှောက်ထားချက်ကို ပယ်ဖျက်ပေးပါဆိုတဲ့အချက်က မဖြစ်နိုင်ပါဘူး။

နောက်တချက်ကတော့ ဒီကနေ့ သူပြောသွားတဲ့အထဲမှာ အလေးအနက်ထောက်ပြခဲ့တဲ့အချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ အရင်အတိတ်က အခြေအနေတွေ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ အခြေအနေတွေပြန်ပြီး ကောင်းမွန်လာနေပြီလို့ ဆိုပါတယ်။ ပြန်လည်ရင်ကြားစေ့ရေး အစီအစဉ်တွေ အကောင်အထည်ဖေါ်နေတာ၊ ဒေါ်အောင်ဆန်းစုကြည် လုံးဝသုံးနှုန်းမသွားတဲ့ ရိုဟင်ဂျာ တွေ နေရပ်ပြန်ရေး အခြေအနေတွေ ဖန်တီးပေးနေတာ စတဲ့ အပြုသဘောဆောင်တဲ့ အခြေအနေတွေကို သူက ပြောသွားပါတယ်။ အခြေအနေတွေ ကောင်းလာပြီဖြစ်တဲ့ အတွက် စိုးရိမ်စရာ အန္တရာယ်တွေအဲဒီမှာ မရှိတော့ဘူး၊ အရေးပေါ် အခြေအနေမျိုးဆိုတာ မရှိတော့တဲ့အတွက် ကြားဖြတ်စီမံဆောင်ရွက်ချက်ဆိုတာမျိုး မလိုအပ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ခုခံချေပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ်လို့ ကြားဖြတ်စီမံဆောင်ရွက်ချက်များ အရေးပေါ်ထုတ်ပြန်ပေးဖို့အတွက် သီးသန့်အနေနဲ့ တဘက်က လျှောက်လဲတင်ပြထားချက်ကို တကယ်တမ်း စဉ်းစားဆုံးဖြတ်မယ့် တရားသူကြီးတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုခံချေပချက်တွေက လွှမ်းမိုးမှုရှိမှာ မဟုတ်ပါဘူး။

အင်ကြင်းနိုင်။ ။ Prima Facie jurisdiction တရားရုံးက ဥပဒေကြောင်းအရ စီရင်ပိုင်ခွင့်ရှိမရှိကို ဆုံးဖြတ်ပေးဖို့ဆိုတဲ့အချက်ကို အဓိက အပြန်အလှန်လျှောက်လှဲကြရာမှာ မြန်မာဘက်က ဥပဒေပညာရှင်တဦးဖြစ်တဲ့ Mr. Christopher Staples ဘက်က အဓိက ချေပခဲ့တဲ့အချက်က ဂမ်ဘီယာဟာ OIC ရဲ့တဆင့်ခံအဖြစ် တရားစွဲတာဖြစ်တယ်။ ဒါကြောင့် လူမျိုးုတုန်းသတ်ဖြတ်မှု စာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ OIC ကိုယ်စားပြုပြီး ဂမ်ဘီယာဘက်က တရားစွဲတာကို မြန်မာဘက်က တရားပြိုင်အဖြစ် သတ်မှတ်တုံ့ပြန်ဖို့ မလိုဘူး စတာတွေဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

Michael Becker ။ ။ ကောင်းပါပြီ။ ဒီနေရာမှ ကျနော် မဖြစ်မနေပြောချင်တာက မြန်မာအစိုးရဘက်က ဒီခုခံချေပချက်အတွက် အချိန်တွေအများကြီးသုံးခဲ့တာကို တကယ်ပဲအံသြမိပါတယ်။ ဒီအချက်က အတော်လေးကို လဲချော်နေတာပါ။ ဒီကိစ္စက အလေးအနက်ထားပြီး ကန့်ကွက်ရမယ့်အချက် မဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အဖွဲ့ကို ကိုယ်စားပြုပြီး ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စာချုပ် ချိုးဖောက်မှုနဲ့ တရားစွဲခဲ့တဲ့ အချက်က မှန်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သိရသလောက်ဆိုရင် OIC အစည်းအဝေးမှာ ဂမ်ဘီယာကဘက်က သူတို့နိုင်ငံအနေနဲ့ ဒီကိစ္စကို ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကို ဘာမှ အငြင်းပွားစရာမရှိပါဘူး။ ဒါပေမဲ့ OICနဲ့ ပတ်သက်တဲ့အချက်ကိုကိုင်ပြီး ဂမ်ဘီယာက OIC ရဲ့ အင်္ဂါအစိတ်အပိုင်းတခု ဒါမှမဟုတ် တဆင့်ခံအဖြစ် တရားစွဲတာဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ခုခံချေပတာဟာ ပေါ့ပျက်လွန်းတယ်လို့ ကျနော်မြင်ပါတယ်။ ဂမ်ဘီယာနိုင်ငံအတွက် အခြားနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဆီကနေ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာနဲ့ ဥပဒေပိုင်းဆိုင်ရာ အကူအညီတွေ လက်ခံတာ ပြဿနာမဟုတ်ပါဘူး။ ဒီအချက်ဟာ ICJ တရားရုံးရဲ့ စီရင်ချက် ဒါမှမဟုတ် တရားရုံး ပြဌာန်းချက်တွေနဲ့ ဘာမှမပတ်သက်ပါဘူး။ ဒါကြောင့် ဂမ်ဘီယာက OIC နဲ့ ပတ်သက်နေတယ်ဆိုတဲ့ အချက်က ပြဿနာမဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။ မြန်မာဘက်က ဥပဒေပညာရှင်အနေနဲ့ ဒီချေပချက်နဲ့ ပတ်သက်လို့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ထောက်ပြနိုင်ခဲ့ခြင်းမရှိပါဘူး။

အဓိကသော့ချက်က ဒီအမှုရဲ့ နောက်ကွယ်က အကြောင်းအရာတွေက ဘာတွေလဲ၊ တရားစွဲ နိုင်ငံဘက်က အကြောင်းအရင်းတွေက ဘာတွေလဲ ဆိုတာတွေကို ကြည့်ဖို့ ICJ တရားရုံးရဲ့ အလုပ်မဟုတ်ပါဘူး။ ICJ တရားရုံးမှာ နိုင်ငံအချင်းချင်း ရေကြောင်းဆိုင်ရာနဲ့ အခြားနယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေကို ကိုင်တွယ်ကြားနာနေတဲ့ အမှုတွေ အမြောက်အများရှိနေတာပါ။ တချို့အမှုတွေမှာဆိုရင် နိုင်ငံခြား ရေနံကုမ္ပဏီတွေက နောက်ကွယ်ကနေ ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် တရားစွဲတဲ့ နိုင်ငံဘက်က ICJ တရားရုံးမှာ ဘာကြောင့် အမှုဖွင့်လျှောက်ထားသလဲ ဆိုတဲ့ အကြောင်းအရင်းက တရားရုံးရဲ့ အလုပ်မဟုတ်ပါဘူး။ အခြားအကြောင်းအရာတွေရှိပါတယ်။ ဂမ်ဘီယာက နိုင်ငံတနိုင်ငံဖြစ်ရဲ့လား။ အလွန်ရှင်းပါတယ်။ နိုင်ငံတခုပါ။ နောက်ပိုပြီး အရေးကြီးတာက ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွားမှုရှိပါတယ်။ ဂမ်ဘီယာအနေနဲ့ မြန်မာကို ICJ မှာ အမှုဖွင့်တိုင်ကြားတာမျိုးမလုပ်ခင် နှစ်နိုင်ငံကြား အငြင်းပွားမှုရှိခဲ့တယ်ဆိုတဲ့အချက်တွေ ရှိခဲ့တာပါ။ ဒီအချက်ကိုလည်း မြန်မာဘက်က ကြားနာပွဲမှာ ကြိုးစားပြီး တုံ့ပြန်ချေပခဲ့ပါတယ်။ ICJ တရားရုံးမတိုင်ခင် လူမျိုးတုံးသတ်ဖြတ်မှု တားဆီး၊ အပြစ်ပေးရေးသဘောတူစာချုပ် နဲ့ပတ်သက်လို့ ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွားမှု မရှိခဲ့ဘူးလို့ပြောပါတယ်။ ဒီခုခံချေပချက်ဟာလည်း အောင်မြင်ထိရောက်မှု မရှိဘူးဆိုတာ သေချာပါတယ်။

အင်ကြင်းနိုင်။ ။ ကြားနာပွဲမှာ အဓိက အပြန်အလှန်ချေပ လျှောက်လဲှခဲ့တဲ့ တချက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်း FFM ရဲ့အစီရင်ခံစာတွေပဲဖြစ်ပါတယ်။ ICJ တရားရုံးကို အမှုဖွင့်တိုင်ကြားခဲ့တဲ့ ဂမ်ဘီယာက ဒီအစီရင်ခံစာတွေပါအချက်တွေကို အဓိက ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာဘက်က ဥပဒေအကျိူးဆောင် ပါမောက္ခ William Schabas က FFM အစီရင်ခံစာတွေနဲ့ပတ်သက်လို့ ဘယ်လောက် ယုံကြည်စိတ်ချရမှု ရှိမလဲဆိုတာကို မေးခွန်းထုတ်သွားပါတယ်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် အစီရင်ခံစာကို သူကထောက်ပြခဲ့ပါတယ်။ FFM အစီရင်ခံစာတွေရဲ့ အားသာချက်၊ အားနည်ချက်တွေက အမှုအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမလဲဆိုတာ Mr. Becker ဘယ်လိုမြင်လဲရှင့်။

Michael Becker ။ ။ ဒီအချက်နဲ့ ပတ်သက်ရင် ရှုပ်ထွေးတဲ့ ကိစ္စတွေအများကြီးရှိနေပါတယ်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်း FFM ရဲ့အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ အခု ကျနော်ကိုယ်တိုင် လေ့လာနေချိန်လည်းဖြစ်ပါတယ်။ ကြားဖြတ်စီမံဆောင်ရွက်ချက်များ ဆိုတဲ့ လျှောက်လဲှချက်အမှုအတွက် ICJ တရားရုံးဘက်မှာ ရွေးချယ်စရာများများစားစားမလိုပါဘူး။ ICJ တရားရုံးရှေ့မှောက် ရောက်နေပြီဖြစ်တဲ့ ဥပမာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ထားတဲ့ FFM မစ်ရှင်းရဲ့ အစီရင်ခံစာတွေနဲ့ အခြား ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေ အပေါ်မှာပဲ အားထားမှာဖြစ်ပါတယ်။ အခုတရားရုံးက ကြားနာတဲ့ ကြားဖြတ်စီမံဆောင်ရွက်များ ကိစ္စအတွက် တင်ပြဖို့လိုတဲ့ အထောက်အထားအချက်အလက်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု စာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက် နောက်ဆုံးအဆင့်နဲ့ နှိုင်းယှဉ်ရင် လုံလောက်မှုရှိနေပါတယ်။ ဒါပေမယ့် ပါမောက္ခ Schabas အဓိက တင်ပြတဲ့အချက်က ကျနော် နားလည်ရသလောက်ဆိုရင် FFM မစ်ရှင်းက ဥပဒေပိုင်းဆိုင်ရာ အကဲဖြတ်ချက်တွေကို သူ့ဘက်က သဘောမတူဘူးဆိုတာပဲဖြစ်ပါတယ်။ မစ်ရှင်းက သုံးသပ်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို ရည်ရွယ်ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဥပဒေပိုင်းဆိုင်ရာအချက်နဲ့ ပတ်သက်ရင် ဟုတ်မဟုတ်ဆိုတာကို ဥပဒေနည်းလမ်းတွေနဲ့ အတိအကျ သက်သေပြဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒီအချက်ကို ပါမောက္ခ Schabs က ဒီကနေ့မှာ အဓိက ခုခံချေပခဲ့တာဖြစ်တယ်လို့ ကျနော်ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ အဖြေရှိနေတာက အစီရင်ခံစာပါအချက်အလက်တွေဟာ ဥပဒေနည်းလမ်းတွေနဲ့ အတိအကျဖြစ်ရမယ်ဆိုတဲ့အချက်ကို ICJ တရားရုံးက ထည့်သွင်းစဉ်းစားဖို့ လုံး၀ မလိုအပ်ဘူးဆိုတာပါ။ ဒါကြောင့် ကျနော်မြင်တာက FFM မစ်ရှင်း အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ ဥပဒေပိုင်းဆိုင်ရာ တင်ပြချက်တွေကို အာရုံမစိုက်ဖို့ ဖြစ်ပါတယ်။ အထောက်အထားတွေ အများကြီး စုဆောင်းခဲ့တဲ့ FFM အစီရင်ခံစာဟာ အလွန်အသုံးဝင်နိုင်ပါတယ်။ အဓိကအချက်က ICJ တရားရုံးအနေနဲ့ အစီရင်ခံစာပါအချက်တွေကို သူ့ဘာသူ ဥပဒေပိုင်းဆိုင်ရာ မေးခွန်းထုတ်ပြီး ကြည့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမှုကို ဆက်ပြီး အဆိုးအကောင်းခွဲခြားကြည့်မယ်ဆိုရင် အခက်အခဲတချို့ရှိနေတာက ဂမ်ဘီယာဘက်က အဓိကလက်ဆုပ်လက်ကိုင်ပြုထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်း ရဲ့ အစီရင်ခံစာအပေါ်မှာ တရားရုံးဘက်က ဘယ်အချိန်ထိ ဒါမှမဟုတ် ဘယ်လောက် အတိုင်းအတာထိ အားကိုးအားပြုချင်သလဲဆိုတာဖြစ်ပါတယ်။ မျက်မြင်သက်သေတွေ၊ ကိုယ်တိုင်တွေ့ကြုံခံစားခံရသူတွေနဲ့ တွေ့ဆုံမေးမြန်းထားချက်တွေပေါ်မှာ မူတည်ထားတဲ့ အချက်အလက်အမြောက်အများကို ကြည့်ရမယ့် တရားရုံးအတွက် တကယ်တမ်း စိန်ခေါ်မှုအခက်အခဲ တချို့ရှိနေပါတယ်။

ဒါကြောင့် ICJ တရားရုံးအတွက် ဒါမှမဟုတ် နှစ်ဘက်လုံးအတွက် အကျိုးပြုနိုင်ဖို့ ကျနော်အကြံပြုချင် တာက FFM မစ်ရှင်းအစီရင်ခံစာတွေပေါ်မှာ အဓိကအခြေပြုထားတဲ့ ဒီလိုအမှုမျိုးမှာ ဒီအစီရင်ခံစာတွေကို ပြုစုတဲ့အထဲပါဝင်နေတဲ့ ပုဂ္ဂိုလ်တဦးချင်းစီကို တရားရုံးရှေ့မှောက်ခေါ်ယူပြီး သူတို့ အစီရင်ခံစာပြုစုတဲ့ နည်းနာကို စစ်ဆေးသင့်ပါတယ်။ FFM မစ်ရှင်းအနေနဲ့ မြန်မာနိုင်ငံထဲ သွားပြီး စုံစမ်းခွင့်မရနိုင်ခဲ့တဲ့အတွက် မစ်ရှင်း ဥက္ကဌပဲဖြစ်ဖြစ်၊ အစီရင်ခံစာကို ဝိုင်းပြီး ပြုစုခဲ့တဲ့ အခြားသူတွေကိုပဲဖြစ်ဖြစ် တရားရုံးခေါ်ပြီး တရားသူကြီးတွေရော၊ နှစ်ဘက်လုံးရဲ့ ရှေ့နေတွေကပါ မေးမြန်းခြင်းအားဖြင့် ရှေ့ဆက်အမှုအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ ကျနော်မြင်ပါတယ်။

လက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ်တဲ့ Mr. Becker ကို မအင်ကြင်းနိုင်က Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားတာပါ။

ႏုိင္ငံတကာ ဥပေဒပညာရွင္ Michael Becker ရဲ ႔အျမင္ (အပိုင္း ၁)
please wait

No media source currently available

0:00 0:09:08 0:00

XS
SM
MD
LG