သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ တရားရင္ဆိုင္မႈေပၚ ရန္ကုန္ၿမိဳ႕ခံတခ်ဳိ႕ရဲဲ႕ မတူကြဲျပား အျမင္မ်ား


ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာက္ခံေနသည့္ ျမန္မာလူထု

(Zawgyi/Unicode)

အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ မွာ တရားရင္ဆိုင္ေနရတဲ့အေပၚ ျမန္မာလူထုၾကားမွာ သေဘာထားအျမင္ အမ်ဳိးမ်ဳိး ကြဲျပားေနၾကတဲ့အထဲ ရန္ကုန္ၿမဳိ့ခံေတြလည္း ပါဝင္ပါတယ္။ AFP သတင္းဌာနက ေမးျမန္းထားတဲ့ ရန္ကုန္ၿမဳိ့ခံတခ်ဳိ႕ရဲ႕ သေဘာထားအျမင္ ေတြကုိေတာ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

႐ုိဟင္ဂ်ာေတြကုိ လူမ်ဳိးတုံးသတ္ျဖတ္ဖုိ႔ ရည္ရြယ္ခဲ့တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏုိင္ငံကုိ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ၿမဳိ့ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ မွာ တရားစဲြဆုိထားၿပီး ဒီဇင္ဘာ ၁၀ ရက္ကေန ၁၂ ရက္ေန႔အထိ ၃ ရက္ၾကာ ႏွစ္ႏိုင္ငံကုိယ္စားလွယ္ေတြ ေလွ်ာက္လဲခ်က္ ေပးခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံဟာ လူမ်ိဳးတံုးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္၊ ဆက္ျဖစ္မယ့္ အလားအလာေတြလည္း ရွိတာေၾကာင့္ ICJ မွာ တရားရင္ဆိုင္ေနစဥ္ ကာလအတြင္း ဒီလုပ္ရပ္ေတြကို တားဆီးႏုိင္ေရးအတြက္ ၾကားျဖတ္ အေရးယူေဆာင္ရြက္ခ်က္ေတြကို ICJ ကခ်မွတ္ေပးဖို႔ ဂမ္ဘီယာႏိုင္ငံက ပန္ၾကားခဲ့တာပါ။ ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တရား႐ုံးေလွ်ာက္လဲခ်က္ေတြမွာ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္း မသုံးစြဲတာကိုလည္း ဂမ္ဘီယာဘက္က ေထာက္ျပပါတယ္။

ျမန္မာႏိုင္ငံရဲ႕ႏို္င္ငံျခားေရးဝန္ႀကီးတဦးအေနနဲ႔ ICJ မွာ လာေရာက္ေလွ်ာက္လဲတဲ့ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ ၆ မိနစ္စာ နိဂုံးခ်ဳပ္ ေလွ်ာက္လဲခ်က္ထဲမွာေတာ့ ဂမ္ဘီယာႏိုင္ငံက တင္သြင္းထားတဲ့ကိစၥကို ICJ အမႈစာရင္းထဲကေန ပယ္ဖ်က္ေပးဖို႔ ဒါမွမဟုတ္ ဂမ္ဘီယာက ေတာင္းဆိုထားတဲ့ ၾကားျဖတ္ စီမံေဆာင္႐ြက္ခ်က္ကို ပယ္ခ်ေပးဖုိ႔ တရား႐ုံးေတာ္ကို တင္ျပေျပာၾကားခဲ့တဲ့အျပင္၊ ဒီအမႈက ေနာက္ထပ္ ပဋိပကၡေတြကို ျပန္ေပၚ လာေစႏိုင္တယ္လို႔လည္း သတိေပး ေျပာၾကားခဲ့ပါတယ္။

အသက္(၇၇)ႏွစ္အရြယ္ ရန္ကုန္ျမဳိ့ခံ အျငိမ္းစားဝန္ထမ္း ဦးစုိးသိန္းကေတာ့ ICJ မွာ စြပ္စြဲခံရတဲ့အမႈဟာ အျပစ္ရွိသင့္သေလာက္ ရွိေပမဲ့ အမွန္တရားျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ICJ တရား႐ုံး ၾကားနာမႈေတြအၿပီး ေျပာဆိုပါတယ္။

“ က်ေနာ္တို႔ဘက္ကေတာ့ အမွန္တရားျဖစ္လာလိမ့္မယ္လို႔ထင္တယ္ အျပစ္မရွိဘူးလားဆိုေတာ့ ရွိသင့္သေလာက္ေတာ့ ရွိတာပဲေလ လံုးလံုး ေဒၚေအာင္ဆန္းစုၾကည္က ဖံုးကြယ္ထားတာလည္းမဟုတ္ဘူး။ ဒီျဖစ္ပ်က္ေနတဲ့အခ်ိန္အတြင္းမွာ ေဒါသစိတ္၊ တိုင္းျပည္ကာကြယ္စိတ္နဲ႔ လက္လြန္ေျခလြန္တာမ်ိဳးေတြ ရွိသင့္တယ္ဆိုတာကေတာ့ ေျပာထားတာပဲ၊ က်ေနာ္တို႔ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဘက္ကအေလးအနက္ေထာက္ခံပါတယ္။”

ရန္ကုန္ေဒသခံ ေနာက္တဦးျဖစ္တဲ့ မခင္ၿငိမ္းဦးကေတာ့ ရခိုင္ေျမာက္ပိုင္းျဖစ္စဥ္ဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈအျဖစ္ သူမျမင္ေၾကာင္း ရွင္းျပ ပါတယ္။

“လူမ်ဳိးတုန္းသတ္ျဖတ္တယ္ဆိုရင္ အဲဒီလူမ်ိဳးေတြ တေယာက္မွ မရွိပဲနဲ႔ ေနရမွာေပါ့။ အခုက သူတို႔လူမ်ိဳးေတြလည္း အမ်ားႀကီးပဲေလ တို႔ႏိုင္ငံထဲမွာ ဘယ္ေနရာ၊ ဘယ္ေဒသပဲျဖစ္ျဖစ္ အဲဒီတေနရာထဲမွာ ရွိတာမွ မဟုတ္တာ ။ အဲဒါကို လူမ်ိဳးတုန္းသတ္ျဖတ္တယ္လုိ႔ မခံယူဘူး။ ေနာက္ၿပီးေတာ့ ညီမတို႔ဆီမွာ ေသသြားတဲ့ အေရအတြက္ကလည္း အဲေလာက္အထိ အမ်ားႀကီးမဟုတ္ဘူး။ လူမ်ိဳးတံုးသတ္ျဖတ္တယ္လို႔ ေျပာရေလာက္တဲ့အေရအတြက္လည္း မရွိဘူး ။ သူတို႔ဘက္က စြပ္စြဲတာကေတာ့ လူမ်ိဳးတံုးသတ္ျဖတ္တယ္အထိ ေျပာလို႔ေတာ့မရဘူး။”

ဘတ္စ္ကားဂိတ္ ႀကီးၾကပ္ေရးမႉး ဦးရဲကိုကေတာ့ ICJ အမႈမွာ ျမန္မာဘက္က အႏိုင္ရလိမ့္မယ္လို႔ ျမင္ပါတယ္။

“က်ေနာ့္အျမင္ကေတာ့ ျမန္မာလူမ်ိဳးျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ငါတို႔ ျမန္မာပဲ ႏိုင္ရမွာပဲ ICJ ဆံုးျဖတ္ခ်က္ကလည္း လက္ရွိအေထာက္အထားအရေတာ့ ျမန္မာကို အႏိုင္ေပးဖို႔ပဲ ၊ ႏိုင္ကိုႏိုင္ရမယ္ ဒီလိုပဲ ဆံုးျဖတ္ပါတယ္ ဦးကေတာ့။”

႐ိုဟင္ဂ်ာေတြ ထြက္ေျပးသြားရတဲ့ စစ္တပ္ရဲ႕လုပ္ေဆာင္ခ်က္ေတြမွာ လြဲမွားခ်က္တခ်ဳိ႕ ရွိေကာင္း ရွိႏိုင္မွာျဖစ္ေပမယ့္ ဂမ္ဘီယာႏိုင္ငံရဲ႕ စြပ္စြဲခ်က္ မွန္ကန္တယ္လို႔ သူ မထင္မိေၾကာင္း အသက္ ၂၆ အရြယ္ မလင္းလင္းၾကည္က တုန္႔ျပန္ပါတယ္။

“စြပ္စြဲခ်က္ကိုေတာ့ မွန္တယ္လို႔ မထင္ဘူး။ သူတို႔ ဒီႏိုင္ငံကို ခိုး၀င္လာတယ္ ခိုး၀င္လာတဲ့အတြက္ေၾကာင့္မို႔ ဒီႏိုင္ငံမွာလည္း စည္းမ်ဥ္းစည္းကမ္းေတြလည္း ရွိၿပီးသား ။ အဲဒီအတြက္ေၾကာင့္ စစ္တပ္ကလည္း လုပ္သင့္လုပ္ထိုက္တာကို လုပ္တယ္။ တခ်ိဳ႕ေသာ ကိစၥေတြမွာေတာ့ လြဲမွားမႈေတာ့ ရွိေကာင္းရွိမွာေပါ့ေနာ္။ ဒါေပမယ့္ လုပ္သင့္လုပ္ထိုက္လုိ႔ လုပ္တယ္လို႔ ျမင္ပါတယ္။”

ဂမ္ဘီယာက စြဲတင္ထားတဲ့အမႈကို ICJ က ဆက္လက္ၾကားနာေနမယ္ဆုိရင္ ျမန္္မာႏိုင္ငံက လူ႔အသိုင္းအဝိုင္းႏွစ္ခုၾကား ျပန္လည္သင့္ျမတ္ ေရးကို ထိခိုက္ေစမွာ ျဖစ္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က တရား႐ုံးေတာ္ကို သတိေပးေျပာဆိုခဲ့ပါတယ္။ ICJ တရား႐ုံးမွာ ၾကားနာမႈ လတ္တေလာ ၿပီးဆုံးသြားၿပီျဖစ္ၿပီး၊ ဂမ္ဘီယာရဲ႕ပန္ၾကားခ်က္အေပၚ တရားသူႀကီးအဖြဲ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို သင့္ေလ်ာ္တဲ့အခ်ိန္မွာ ေၾကညာ မယ္လို႔ ခုံ႐ုံးသဘာပတိက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ICJ တရားရင်ဆိုင်မှုပေါ် ရန်ကုန်မြို့ခံတချို့ရဲ့ မတူကွဲပြား အမြင်များ

(Unicode)

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားရင်ဆိုင်နေရတဲ့အပေါ် မြန်မာလူထုကြားမှာ သဘောထားအမြင် အမျိုးမျိုး ကွဲပြားနေကြတဲ့အထဲ ရန်ကုန်မြို့ခံတွေလည်း ပါဝင်ပါတယ်။ AFP သတင်းဌာနက မေးမြန်းထားတဲ့ ရန်ကုန်မြို့ခံတချို့ရဲ့ သဘောထားအမြင် တွေကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ နှစ်နိုင်ငံကိုယ်စားလှယ်တွေ လျှောက်လဲချက် ပေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်၊ ဆက်ဖြစ်မယ့် အလားအလာတွေလည်း ရှိတာကြောင့် ICJ မှာ တရားရင်ဆိုင်နေစဉ် ကာလအတွင်း ဒီလုပ်ရပ်တွေကို တားဆီးနိုင်ရေးအတွက် ကြားဖြတ် အရေးယူဆောင်ရွက်ချက်တွေကို ICJ ကချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ပန်ကြားခဲ့တာပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးလျှောက်လဲချက်တွေမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း မသုံးစွဲတာကိုလည်း ဂမ်ဘီယာဘက်က ထောက်ပြပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ ICJ မှာ လာရောက်လျှောက်လဲတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၆ မိနစ်စာ နိဂုံးချုပ် လျှောက်လဲချက်ထဲမှာတော့ ဂမ်ဘီယာနိုင်ငံက တင်သွင်းထားတဲ့ကိစ္စကို ICJ အမှုစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ် ဂမ်ဘီယာက တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက်ကို ပယ်ချပေးဖို့ တရားရုံးတော်ကို တင်ပြပြောကြားခဲ့တဲ့အပြင်၊ ဒီအမှုက နောက်ထပ် ပဋိပက္ခတွေကို ပြန်ပေါ် လာစေနိုင်တယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

အသက်(၇၇)နှစ်အရွယ် ရန်ကုန်မြို့ခံ အငြိမ်းစားဝန်ထမ်း ဦးစိုးသိန်းကတော့ ICJ မှာ စွပ်စွဲခံရတဲ့အမှုဟာ အပြစ်ရှိသင့်သလောက် ရှိပေမဲ့ အမှန်တရားဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ICJ တရားရုံး ကြားနာမှုတွေအပြီး ပြောဆိုပါတယ်။

“ ကျနော်တို့ဘက်ကတော့ အမှန်တရားဖြစ်လာလိမ့်မယ်လို့ထင်တယ် အပြစ်မရှိဘူးလားဆိုတော့ ရှိသင့်သလောက်တော့ ရှိတာပဲလေ လုံးလုံး ဒေါ်အောင်ဆန်းစုကြည်က ဖုံးကွယ်ထားတာလည်းမဟုတ်ဘူး။ ဒီဖြစ်ပျက်နေတဲ့အချိန်အတွင်းမှာ ဒေါသစိတ်၊ တိုင်းပြည်ကာကွယ်စိတ်နဲ့ လက်လွန်ခြေလွန်တာမျိုးတွေ ရှိသင့်တယ်ဆိုတာကတော့ ပြောထားတာပဲ၊ ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကအလေးအနက်ထောက်ခံပါတယ်။”

ရန်ကုန်ဒေသခံ နောက်တဦးဖြစ်တဲ့ မခင်ငြိမ်းဦးကတော့ ရခိုင်မြောက်ပိုင်းဖြစ်စဉ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သူမမြင်ကြောင်း ရှင်းပြ ပါတယ်။

“လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုရင် အဲဒီလူမျိုးတွေ တယောက်မှ မရှိပဲနဲ့ နေရမှာပေါ့။ အခုက သူတို့လူမျိုးတွေလည်း အများကြီးပဲလေ တို့နိုင်ငံထဲမှာ ဘယ်နေရာ၊ ဘယ်ဒေသပဲဖြစ်ဖြစ် အဲဒီတနေရာထဲမှာ ရှိတာမှ မဟုတ်တာ ။ အဲဒါကို လူမျိုးတုန်းသတ်ဖြတ်တယ်လို့ မခံယူဘူး။ နောက်ပြီးတော့ ညီမတို့ဆီမှာ သေသွားတဲ့ အရေအတွက်ကလည်း အဲလောက်အထိ အများကြီးမဟုတ်ဘူး။ လူမျိုးတုံးသတ်ဖြတ်တယ်လို့ ပြောရလောက်တဲ့အရေအတွက်လည်း မရှိဘူး ။ သူတို့ဘက်က စွပ်စွဲတာကတော့ လူမျိုးတုံးသတ်ဖြတ်တယ်အထိ ပြောလို့တော့မရဘူး။”

ဘတ်စ်ကားဂိတ် ကြီးကြပ်ရေးမှူး ဦးရဲကိုကတော့ ICJ အမှုမှာ မြန်မာဘက်က အနိုင်ရလိမ့်မယ်လို့ မြင်ပါတယ်။

“ကျနော့်အမြင်ကတော့ မြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ငါတို့ မြန်မာပဲ နိုင်ရမှာပဲ ICJ ဆုံးဖြတ်ချက်ကလည်း လက်ရှိအထောက်အထားအရတော့ မြန်မာကို အနိုင်ပေးဖို့ပဲ ၊ နိုင်ကိုနိုင်ရမယ် ဒီလိုပဲ ဆုံးဖြတ်ပါတယ် ဦးကတော့။”

ရိုဟင်ဂျာတွေ ထွက်ပြေးသွားရတဲ့ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေမှာ လွဲမှားချက်တချို့ ရှိကောင်း ရှိနိုင်မှာဖြစ်ပေမယ့် ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက် မှန်ကန်တယ်လို့ သူ မထင်မိကြောင်း အသက် ၂၆ အရွယ် မလင်းလင်းကြည်က တုန့်ပြန်ပါတယ်။

“စွပ်စွဲချက်ကိုတော့ မှန်တယ်လို့ မထင်ဘူး။ သူတို့ ဒီနိုင်ငံကို ခိုးဝင်လာတယ် ခိုးဝင်လာတဲ့အတွက်ကြောင့်မို့ ဒီနိုင်ငံမှာလည်း စည်းမျဉ်းစည်းကမ်းတွေလည်း ရှိပြီးသား ။ အဲဒီအတွက်ကြောင့် စစ်တပ်ကလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။ တချို့သော ကိစ္စတွေမှာတော့ လွဲမှားမှုတော့ ရှိကောင်းရှိမှာပေါ့နော်။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်လို့ လုပ်တယ်လို့ မြင်ပါတယ်။”

ဂမ်ဘီယာက စွဲတင်ထားတဲ့အမှုကို ICJ က ဆက်လက်ကြားနာနေမယ်ဆိုရင် မြန်မာနိုင်ငံက လူ့အသိုင်းအဝိုင်းနှစ်ခုကြား ပြန်လည်သင့်မြတ် ရေးကို ထိခိုက်စေမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်ကို သတိပေးပြောဆိုခဲ့ပါတယ်။ ICJ တရားရုံးမှာ ကြားနာမှု လတ်တလော ပြီးဆုံးသွားပြီဖြစ်ပြီး၊ ဂမ်ဘီယာရဲ့ပန်ကြားချက်အပေါ် တရားသူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို သင့်လျော်တဲ့အချိန်မှာ ကြေညာ မယ်လို့ ခုံရုံးသဘာပတိက ပြောဆိုထားပါတယ်။

XS
SM
MD
LG