သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ေရာက္ ဟိႏၵဴဒုကၡသည္မ်ား ေနရပ္ျပန္လို


ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းထဲက ဟိႏၵဴဒုကၡသည္ အမ်ဳိးသမီးမ်ား

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ ႏိုင္ငံက ဒုကၡသည္ စခန္းေတြကေန ေနရပ္ရင္း ျပန္ခ်င္ေၾကာင္း ေျပာေနၾကတဲ့ ဟိႏၵဴဘာသာဝင္ ဒုကၡသည္ေတြကို သူတုိ႔ရဲ့ လံုၿခံဳေရး အတြက္ သီးသန္႔လံုျခံဳေရးခ်ထားတယ္လို႔ မၾကာေသးခင္ကမွ အဲဒီဒုကၡသည္စခန္း ေတြကို သြားေရာက္ခဲ့တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႔ ေခါင္းေဆာင္က ေျပာပါတယ္။

ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုက ေမးျမန္း ေပးပို႔ထားပါတယ္။

ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးဦးေဆာင္တဲ့ ျမန္မာအစုိးရ ကိုယ္စားလွယ္ အဖြဲ႕ဟာ ဘဂၤလားေဒ့ရွ္၊ ေကာ့ဘဇားဒုကၡသည္စခန္းမွာ ရွိေနတဲ့ ေနရပ္စြန္႔ခြာသူေတြကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၈ရက္ေန႔က သြားေရာက္ေတြ႕ဆံုခဲ့ပါတယ္။ေနရပ္စြန္႔ခြာသူေတြနဲ႔ ပတ္သက္ၿပီး ျမန္မာအစုိးရဘက္က ေဆာင္ရြက္ေနတဲ့ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ေတြကို သြားေရာက္ရွင္းျပတဲ့ ခရီးစဥ္ျဖစ္ပါတယ္။

ဒုကၡသည္စခန္းမွာ ေရာက္ရွိေနသူေတြထဲက ဟိႏၵဴဘာသာဝင္ေတြနဲ႔လည္း ေတြ႕ဆံုခဲ့တာ ျဖစ္ၿပီး သူတို႔ကို လံုျခံဳေရး အေျခအေနေၾကာင့္ သီးသန္႔ထားရွိတယ္လို႔ အဲဒီခရီးစဥ္ကို ဦးေဆာင္တဲ့ ဦးခ်မ္းေအးက ေျပာပါတယ္။

“သူတုိ႔ (ဟိႏၵဴ)ကေတာ့ အျပင္ေတြဘာေတြ ထြက္လို႔မရဘူး။ ဘာလို႔လည္းဆုိေတာ့ သူတို႔လံုျခံဳမႈလည္း ပါမွာေပါ့ေနာ္။ အဲဒါေၾကာင့္ သူတို႔ကိုေတာ့ သီးသန္႔ထားတယ္။ ဒါေပမယ့္ လံုျခံဳေရးကို ဘဂၤလားေဒ့ရွ္ဘက္က စီစဥ္ေဆာက္ရြက္ေပးထားတယ္။ ေပးထားေတာ့ သူတုိ႔အေနနဲ႔ ခိုးထြက္ၿပီးေတာ့ ျပန္လာလို႔လည္းမရဘူး။ က်န္တဲ့မြတ္ဆလင္ေတြကေတာ့ လူဦးေရလည္းမ်ားတယ္။ သူတုိ႔ အဲလိုပဲခိုးထြက္ၿပီးေတာ့ ျပန္လာတဲ့သူေတြရွိတာေပါ့ေလ။ သူတုိ႔ (ဟိႏၵဴ)က်ေတာ့ ထြက္ရင္လည္း သူတို႔ဘာသူတုိ႔ထြက္ရင္လည္း အႏၱရာယ္ရွိတယ္။”

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္နဲ႔ ေနရပ္စြန္႔ခြာသူေတြကို ျပန္လည္လက္ခံ ေနရာခ်ထားေရးလုပ္ငန္းစဥ္ေတြကို ၂၀၁၈ခုႏွစ္ ႏွစ္စပိုင္းကတည္းက စီစဥ္ေဆာင္ရြက္ခဲ့ေပမယ့္ တရားဝင္ျပန္လည္ဝင္ေရာက္လာသူ အခုခ်ိန္ထိ တဦးတေယာက္မွ မရွိေသးပါဘူး။ ဒါေပမယ့္ ကိုယ့္အစီအစဥ္နဲ႔႔ကိုယ္ ျမန္မာႏုိင္ငံထဲျပန္ဝင္လာသူကေတာ့ ၄၀၀ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။ ျပန္လာသူ အားလံုးဟာ မြတ္ဆလင္ဘာသာဝင္ေတြ ျဖစ္ၿပီး သူတုိ႔ အားလံုး အတြက္ အဆင္ေျပေအာင္ ေဆာင္ရြက္ေပးေနတယ္လို႔ ေမာင္ေတာၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ဦးစုိးထြန္းက ေျပာပါတယ္။

“(အခုျပန္ေရာက္ေနတဲ့ ၄၀၀ေက်ာ္က) မြတ္ဆလင္ေတြပါခင္ဗ်။ ဟိႏၵဴမပါေသးဘူး။ (ေနရပ္စြန္႔ခြာသူေတြ) သူတို႔လာရင္ေတာ့ ကိုယ္ကေတာ့ တခါတည္းစီစဥ္ရတာကို အကုန္လံုးကို။ သူတုိ႔လာရင္ အကုန္လံုး Ready ပဲ။ လာတဲ့သူေတြမွန္သမွ် အကုန္လံုးအဆင္ေျပေအာင္ ေဆာင္ရြက္ထားပါတယ္။”

ျမန္မာကိုယ္စားလွယ္ အဖြဲ႔က ဘဂၤလားေဒ့ရွ္ ခရီးစဥ္အတြင္း ျမန္မာအစိုးရဘက္က လိုက္ေလ်ာမႈေတြ လုပ္ေနေၾကာင္းနဲ႔ ေနရပ္စြန္႔ခြာသူေတြကို ၁၉၈၂ခုႏွစ္ ျမန္မာႏုိင္ငံသားဥပေဒနဲ႔အညီ မွတ္ပံုတင္ထုတ္ေပးေန သလို၊ NVC ကဒ္မွာ လူမ်ိဳးဘာသာကို ျဖဳတ္ေပးထားတဲ့ အေၾကာင္း ဒုကၡသည္ေတြနဲ႔ ေတြ႕ဆံုခ်ိန္မွာ ရွင္းျပခဲ့ေပမယ့္ ဒုကၡသည္အမ်ားစုက ေနရပ္ျပန္ေရး လက္မခံ ၾကပါဘူး။

ဒါေပမယ့္ ေကာ့ဘဇားဒုကၡသည္စခန္းမွာ လံုျခံဳေရးအရ ေစာင့္ၾကပ္ၾကည့္ရႈခံထားရတဲ့ ဟိႏၵဴဘာသာဝင္ေတြနဲ႔ ေတြ႕ဆံုခ်ိန္မွာေတာ့ သူတို႔ေတြ ေနရပ္ျပန္ခ်င္ေၾကာင္း ျမန္မာအစုိးရထံ ေတာင္းဆိုခဲ့ပါတယ္။ အဲဒီထဲက ဟိႏၵဴဘာသာဝင္ ၄၀၀ေက်ာ္က သူတုိ႔ရဲ႕အခ်က္အလက္ေတြကို ျမန္မာအစုိးရထံ ေပးပုိ႔ထားၿပီး အဲဒီစာရင္းေတြကို စစ္ေဆးေနတာ ျဖစ္ၿပီး အခုဆို တဝက္ေလာက္ၿပီးေနၿပီလို႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာန၊ အျပည္ျပည္ဆုိင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ စီးပြားေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးက အခုလိုေျပာပါတယ္။

“အဲလိုစစ္ၿပီးၿပီဆိုတာနဲ႔ က်ေနာ္တို႔က လက္ခံလို႔ရၿပီ။ ဒါေပမယ့္ လူကအျပည့္အစံု က်ေနာ္တို႔စစ္ဖို႔ လိုတယ္။ ေနာက္ၿပီးေတာ့ မွန္မွန္ကန္ကန္ အခ်က္အလက္ေတြပါမွ။ တခ်ိဳ႕က်ေတာ့ တကယ္တမ္းလည္း ရခိုင္ျပည္နယ္မွာ ေနခဲ့ဖူးတာပဲ။ ဒါေပမယ့္ သူတို႔ျဖည့္တာေတြက မျပည့္မစံုဆိုေတာ့ က်ေနာ္တုိ႔က ဒီဘက္မွာစစ္တာ မေတြ႕ဘူးေတြ ဘာေတြျဖစ္ေနတာေပါ့ေနာ္။ အဲဒါေၾကာင့္မုိ႔ အဲဒါေတြကိုလည္း ျပည့္ျပည့္စံုစံုစစ္ဖုိ႔ က်ေနာ္တို႔ေဆာင္ရြက္သြားဖို႔ ရွိတယ္။”

ဒုကၡသည္စခန္းကို ေရာက္ရွိေနတဲ့ ဟိႏၵဴဘာသာဝင္ေတြက ျပန္လာဖုိ႔ဆႏၵျပင္းျပေနေပမယ့္ သူတို႔ကိုအသက္အႏၱရာယ္ ၿခိမ္းေျခာက္တဲ့ ေသာင္းက်န္းသူ တခ်ိဳ႕ရွိတယ္လို႔ ဟိႏၵဴဘာသာဝင္ ဒုကၡသည္ေတြနဲ႔ ဖုန္းအဆက္အသြယ္ရွိတဲ့ ေမာင္ေတာၿမိဳ႕နယ္က ဟိႏၵဴဘာသာေရးေခါင္းေဆာင္ ဦးနိေမာလ္က အခုလိုေျပာပါတယ္။

“အခု သူတို႔ေနေနတဲ့ေနရာမွာေတာ့ လံုျခံဳေရးေကာင္းေကာင္းရွိတယ္လို႔ ေျပာတယ္။ ဒါေပမယ့္ သူတုိ႔ကအရမ္းလာခ်င္တယ္။ က်ေနာ္တုိ႔ ျပန္သြားမယ္ ဘာညာေျပာတဲ့အခါက်ေတာ့ သူတုိ႔(ေသာင္းက်န္းသူေတြ) ၿခိမ္းေျခာက္တာတုိ႔ ဘာတို႔ရွိတယ္လို႔ ေျပာတယ္။ သူတုိ႔ဘက္က ၾကားသိရသေလာက္ပါ။”

အခုလ ၂၁ရက္ေန႔တုန္းကလည္း ေတာင္ၿပိဳလက္ဝဲ ျပန္လည္လက္ခံေရးစခန္းကေန ကုိယ့္အစီအစဥ္နဲ႔ကုိယ္ျပန္လာသူ ၇ဦးပါဝင္တဲ့ မြတ္ဆလင္ဘာသာဝင္ အိမ္ေထာင္စုတစုကို လက္ခံခဲ့ပါတယ္။

ေကာ့ဘဇားဒုကၡသည္စခန္းက ေနရပ္စြန္႔ခြာသူေတြကုိ ေတြ႕ဆံုခဲ့တဲ့ ႏွစ္ရက္အတြင္း ဒုကၡသည္ေတြေနရပ္ျပန္ေရးနဲ႔ ပတ္သက္ၿပီး ေအာင္ျမင္မႈတစံုတရာ မရရွိခဲ့ဘူးလို႔ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ကိုဦးေဆာင္တဲ့ ဦးခ်မ္းေအးက ေျပာထားပါတယ္။ ရိုဟင္ဂ်ာဆုိတဲ့ အသံုးအႏႈန္းကို ျမန္မာအစုိးရက လက္မခံရတဲ့အေၾကာင္းရင္းကိုလည္း ဒုကၡသည္ေတြကုိ ရွင္းျပခဲ့တယ္လို႔ ဆုိပါတယ္။ အဲဒီအသံုးအႏႈန္းကုိ လက္မခံေပမယ့္လည္း ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္ကုိေတာ့ ျမန္မာအစုိးရက ကုလသမဂၢအပါအဝင္ ႏုိင္ငံတကာအဖြဲ႕အစည္းေတြ နဲ႔လည္း ပူးေပါင္းေဆာင္ရြက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဒုက္ခသည်များ နေရပ်ပြန်လို

(Unicode)

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည် စခန်းတွေကနေ နေရပ်ရင်း ပြန်ချင်ကြောင်း ပြောနေကြတဲ့ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေကို သူတို့ရဲ့ လုံခြုံရေး အတွက် သီးသန့်လုံခြုံရေးချထားတယ်လို့ မကြာသေးခင်ကမှ အဲဒီဒုက္ခသည်စခန်း တွေကို သွားရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်း ပေးပို့ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားဒုက္ခသည်စခန်းမှာ ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်နေတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို သွားရောက်ရှင်းပြတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာ ရောက်ရှိနေသူတွေထဲက ဟိန္ဒူဘာသာဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပြီး သူတို့ကို လုံခြုံရေး အခြေအနေကြောင့် သီးသန့်ထားရှိတယ်လို့ အဲဒီခရီးစဉ်ကို ဦးဆောင်တဲ့ ဦးချမ်းအေးက ပြောပါတယ်။

“သူတို့ (ဟိန္ဒူ)ကတော့ အပြင်တွေဘာတွေ ထွက်လို့မရဘူး။ ဘာလို့လည်းဆိုတော့ သူတို့လုံခြုံမှုလည်း ပါမှာပေါ့နော်။ အဲဒါကြောင့် သူတို့ကိုတော့ သီးသန့်ထားတယ်။ ဒါပေမယ့် လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ်ဘက်က စီစဉ်ဆောက်ရွက်ပေးထားတယ်။ ပေးထားတော့ သူတို့အနေနဲ့ ခိုးထွက်ပြီးတော့ ပြန်လာလို့လည်းမရဘူး။ ကျန်တဲ့မွတ်ဆလင်တွေကတော့ လူဦးရေလည်းများတယ်။ သူတို့ အဲလိုပဲခိုးထွက်ပြီးတော့ ပြန်လာတဲ့သူတွေရှိတာပေါ့လေ။ သူတို့ (ဟိန္ဒူ)ကျတော့ ထွက်ရင်လည်း သူတို့ဘာသူတို့ထွက်ရင်လည်း အန္တရာယ်ရှိတယ်။”

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံ နေရာချထားရေးလုပ်ငန်းစဉ်တွေကို ၂၀၁၈ခုနှစ် နှစ်စပိုင်းကတည်းက စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် တရားဝင်ပြန်လည်ဝင်ရောက်လာသူ အခုချိန်ထိ တဦးတယောက်မှ မရှိသေးပါဘူး။ ဒါပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် မြန်မာနိုင်ငံထဲပြန်ဝင်လာသူကတော့ ၄၀၀ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ပြန်လာသူ အားလုံးဟာ မွတ်ဆလင်ဘာသာဝင်တွေ ဖြစ်ပြီး သူတို့ အားလုံး အတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးနေတယ်လို့ မောင်တောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းက ပြောပါတယ်။

“(အခုပြန်ရောက်နေတဲ့ ၄၀၀ကျော်က) မွတ်ဆလင်တွေပါခင်ဗျ။ ဟိန္ဒူမပါသေးဘူး။ (နေရပ်စွန့်ခွာသူတွေ) သူတို့လာရင်တော့ ကိုယ်ကတော့ တခါတည်းစီစဉ်ရတာကို အကုန်လုံးကို။ သူတို့လာရင် အကုန်လုံး Ready ပဲ။ လာတဲ့သူတွေမှန်သမျှ အကုန်လုံးအဆင်ပြေအောင် ဆောင်ရွက်ထားပါတယ်။”

မြန်မာကိုယ်စားလှယ် အဖွဲ့က ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း မြန်မာအစိုးရဘက်က လိုက်လျောမှုတွေ လုပ်နေကြောင်းနဲ့ နေရပ်စွန့်ခွာသူတွေကို ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ မှတ်ပုံတင်ထုတ်ပေးနေ သလို၊ NVC ကဒ်မှာ လူမျိုးဘာသာကို ဖြုတ်ပေးထားတဲ့ အကြောင်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံချိန်မှာ ရှင်းပြခဲ့ပေမယ့် ဒုက္ခသည်အများစုက နေရပ်ပြန်ရေး လက်မခံ ကြပါဘူး။

ဒါပေမယ့် ကော့ဘဇားဒုက္ခသည်စခန်းမှာ လုံခြုံရေးအရ စောင့်ကြပ်ကြည့်ရှုခံထားရတဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့ တွေ့ဆုံချိန်မှာတော့ သူတို့တွေ နေရပ်ပြန်ချင်ကြောင်း မြန်မာအစိုးရထံ တောင်းဆိုခဲ့ပါတယ်။ အဲဒီထဲက ဟိန္ဒူဘာသာဝင် ၄၀၀ကျော်က သူတို့ရဲ့အချက်အလက်တွေကို မြန်မာအစိုးရထံ ပေးပို့ထားပြီး အဲဒီစာရင်းတွေကို စစ်ဆေးနေတာ ဖြစ်ပြီး အခုဆို တဝက်လောက်ပြီးနေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက အခုလိုပြောပါတယ်။

“အဲလိုစစ်ပြီးပြီဆိုတာနဲ့ ကျနော်တို့က လက်ခံလို့ရပြီ။ ဒါပေမယ့် လူကအပြည့်အစုံ ကျနော်တို့စစ်ဖို့ လိုတယ်။ နောက်ပြီးတော့ မှန်မှန်ကန်ကန် အချက်အလက်တွေပါမှ။ တချို့ကျတော့ တကယ်တမ်းလည်း ရခိုင်ပြည်နယ်မှာ နေခဲ့ဖူးတာပဲ။ ဒါပေမယ့် သူတို့ဖြည့်တာတွေက မပြည့်မစုံဆိုတော့ ကျနော်တို့က ဒီဘက်မှာစစ်တာ မတွေ့ဘူးတွေ ဘာတွေဖြစ်နေတာပေါ့နော်။ အဲဒါကြောင့်မို့ အဲဒါတွေကိုလည်း ပြည့်ပြည့်စုံစုံစစ်ဖို့ ကျနော်တို့ဆောင်ရွက်သွားဖို့ ရှိတယ်။”

ဒုက္ခသည်စခန်းကို ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေက ပြန်လာဖို့ဆန္ဒပြင်းပြနေပေမယ့် သူတို့ကိုအသက်အန္တရာယ် ခြိမ်းခြောက်တဲ့ သောင်းကျန်းသူ တချို့ရှိတယ်လို့ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေနဲ့ ဖုန်းအဆက်အသွယ်ရှိတဲ့ မောင်တောမြို့နယ်က ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနိမောလ်က အခုလိုပြောပါတယ်။

“အခု သူတို့နေနေတဲ့နေရာမှာတော့ လုံခြုံရေးကောင်းကောင်းရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့ကအရမ်းလာချင်တယ်။ ကျနော်တို့ ပြန်သွားမယ် ဘာညာပြောတဲ့အခါကျတော့ သူတို့(သောင်းကျန်းသူတွေ) ခြိမ်းခြောက်တာတို့ ဘာတို့ရှိတယ်လို့ ပြောတယ်။ သူတို့ဘက်က ကြားသိရသလောက်ပါ။”

အခုလ ၂၁ရက်နေ့တုန်းကလည်း တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်လာသူ ၇ဦးပါဝင်တဲ့ မွတ်ဆလင်ဘာသာဝင် အိမ်ထောင်စုတစုကို လက်ခံခဲ့ပါတယ်။

ကော့ဘဇားဒုက္ခသည်စခန်းက နေရပ်စွန့်ခွာသူတွေကို တွေ့ဆုံခဲ့တဲ့ နှစ်ရက်အတွင်း ဒုက္ခသည်တွေနေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး အောင်မြင်မှုတစုံတရာ မရရှိခဲ့ဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုဦးဆောင်တဲ့ ဦးချမ်းအေးက ပြောထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံရတဲ့အကြောင်းရင်းကိုလည်း ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအသုံးအနှုန်းကို လက်မခံပေမယ့်လည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက်ကိုတော့ မြန်မာအစိုးရက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG