သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ပြန်ပို့ဖို့ ကာလကတ္တား ဟိန္ဒိူအစွန်းရောက်များ တောင်းဆို

အိန္ဒိယနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်
အိန္ဒိယနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကာလကတ္တားမြို့မှာ ဟိန္ဒိူအစွန်းရောက်ဝါဒီအဖွဲ့တွေဖြစ်ကြတဲ့ Bajran Dal နဲ့ Vishwa Hindu Parishad အဖွဲ့တွေပေါင်းပြီး တရားမဝင် ရိုဟင်ဂျာ မွတ်ဆလင်တွေကို အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်ပို့ဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၄၀,၀၀၀ နီးပါးကို အိန္ဒိယ ပြည်တွင်းလုံခြုံရေး အတွက် ခြိမ်းခြောက်မှုတခုအဖြစ် မြင်ကြ ပါတယ်။ အဲဒီထဲက ၁၅,၀၀၀ လောက်ဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု အထောက် အထားတွေရှိတယ်လို့ ကုလသမဂ္ဂကပြောပေမဲ့ အိန္ဒိယကတော့ အားလုံးကို ပြန်ပို့ချင် ပါတယ်။

အိန္ဒိယက ရိုဟင်ဂျာမွတ်ဆလင်တွေကို ပြန်ပို့ရေး အစိုးရရဲ့အစီအစဉ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့ထိ ဆိုင်းငံ့ထားဖို့ အိန္ဒိယ တရားရုံးချုပ်က အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဆုံးဖြတ်ချက် ချထားပါတယ်။

ဒီအတောအတွင်းမှာပဲ စနေနေ့မနက် လင်းအားကြီးအချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာမိသားစုတစု အိပ်ပျော်နေတဲ့နေရာ ကို ဆင်ရိုင်းတွေဖြတ်နင်းသွားတာကြောင့် ကလေးသုံးဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားပါတယ်။ ဒါဟာဖြင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ဒုက္ခသည်တွေ ထွက်ပြေးသွားကြပြီးကတည်းကဆိုရင် သီတင်းပတ် အနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ရပ်ပါ။

အခင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း၊ Balukhali အရပ်က တောဖုန်းတောင်ကုန်း တွေမှာ ရိုဟင်ဂျာမွတ်စလင်တွေအတွက် နေစရာတွေဆောက်ဖို့ သစ်ပင်အများအပြားကို ခုတ်ပစ်ခဲ့ပါတယ်။ တာပေါ်လင်နဲ့ ဝါးတွေကိုသုံးပြီး တဲတွေဆောက်ထားတဲ့ တချို့ နေရာတွေဟာ ဆင်သွားလမ်းပေါ်မှာရောက်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ချက်တွေလဲ ရှိနေတာပါ။

ဒီဖြစ်ရပ်အတွင်း ဆင်တွေနင်းသွားတဲ့တဲနဲ့ အနီးအနားတဲတွေက ဒုက္ခသည် ၄ယောက်လဲ ဒဏ်ရာရသွားပြီး Cox’s Bazar က Sadar ဆေးရုံမှာတင်ထားပြီးတော့ အခြေအနေ စိုးရိမ်ရတယ်လို့ Cox’s Bazar ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာန ကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG