သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး ပေါ်ထွန်းရေး မဝေးတော့


အိန္ဒိယ၊ မြန်မာ နယ်စပ် (ဇန်နဝါရီလ ၂၀၁၂)
အိန္ဒိယ၊ မြန်မာ နယ်စပ် (ဇန်နဝါရီလ ၂၀၁၂)

အိန္ဒိယ၊ မြန်မာနဲ့ထိုင်း သုံးနိုင်ငံကိုဆက်စပ်ပြီးဖေါက်လုပ်နေတဲ့ အဝေးပြေးလမ်းမကို လာမယ့်နှစ်အနည်းငယ်အတွင်း အပြီး သတ်နိုင်အောင်လုပ်ဆောင်နိုင်ရေး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလေ့လာကြည့်ရှုနေတယ်လို့ တွဲဘက်နိုင်ငံခြား ရေးဝန်ကြီး Anurag Bhushan က မနေ့ကပဲပြောလိုက်တဲ့အကြောင်း မနေ့ကထုတ်ဝေတဲ့ The Hindu business line သတင်းမှာဖေါ်ပြထားပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ဒီသုံးနိုင်ငံအပြင်တခြားနိုင်ငံတွေ ကိုပါဆက်ပြီးလမ်းမဖေါက်လုပ်ရေး ဖြစ်နိုင်ခြေတွေကိုလေ့လာနေတယ်လို့လည်းဆိုပါတယ်။ ကီလိုမီတာ၁၃၆၀ရှည်လျှား တဲ့ အိန္ဒိယ၊ ထိုင်းနဲ့မြန်မာအဝေးပြေး လမ်းဟာ မိုရေးနဲ့ မဲဆောက်မြို့တွေကိုဆက်သွယ်ပေးမှာပါ။

ဒီလမ်းမကြောင့် အာစီယံ နဲ့အိန္ဒိယအကြားလွတ်လပ်တဲ့ကုန် သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေကို မြင့်တင်ပေးနိုင်လိမ့်မယ်လို့မျှော် လင့်ရပါတယ်။ မြေမျက်နှာသွင်ပြင် အနေအထားတွေနဲ့တခြားအခက်အခဲတွေရှိတယ်ဆိုပေမဲ့လည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း လုပ်ဆောင်ခဲ့တဲ့ လမ်းဖေါက်လုပ် ရေးမှာ တိုးတက်မှုတွေက ကောင်းမွန်တယ်လို့လည်း အိန္ဒိယတွဲဘက်နိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။

သုံးနိုင်ငံဆက် သွယ်ဖေါက်လုပ်နေတဲ့ အခုလမ်းမဟာ လာမယ့်၂နှစ်လောက်အတွင်း အဆင်သင့်ဖြစ်လိမ့်မယ်လို့ The Hindu business line သတင်းမှာ မနေ့ကဖေါ်ပြထားပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး ပေါ်ထွန်းရေး မဝေးတော့
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG