သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ နယ်စပ်တင်းမာမှုဖြစ်


အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ် Tengnoupal ခရိုင်ဘက်မှာ တနင်္ဂနွေနေ့က နှစ်ဘက် တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ မဏိပူရပြည်နယ်၊ ပိုင်ဆိုင်မှုသတ်မှတ်ထားခြင်းမရှိတဲ့ နယ်မြေမှာ မြန်မာစစ်တပ်က မြေညှိမှုတွေ လုပ်ဆောင်ပြီး နောက်တနေ့မှာ အခုလို တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြထားပါတယ်။

Tengnoupal ခရိုင် အခွန်ကောက်ခံသူ K Raghumani က ရဲမှူး S. Ibomcha နဲ့အတူ စစ်ဆေးစဉ် ပိုင်ဆိုင်မှု သတ်မှတ်ထားခြင်းမရှိတဲ့ နယ်စပ်ဒေသမှာ ဝက်ခြံဆောက်ထားတာကို တွေ့ခဲ့ရကြောင်း၊ အဲဒီ ဝက်ခြံတွေကို အချိန်မှ ဖျက်ဆီးမပေးရင် တရားမဝင် လုပ်ဆောင်မှုနဲ့ ခရိုင် အုပ်ချုပ်ရေးအဖွဲ့က အရေးယူမှာဖြစ်ကြောင်း ပိုင်ရှင်တွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စနေနေ့မှာ မြန်မာဘက်က အဲဒီ ပိုင်ဆိုင်မှု သတ်မှတ်ထားခြင်းမရှိတဲ့ ဒေသမှာ မြေတွေ ညှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသက ပိုင်ဆိုင်မှု သတ်မှတ်ထားခြင်းမရှိတဲ့ ဒေသကို ဘယ်သူမှ ကျူးကျော် ဝင်ရောက်ခွင့်မရှိကြောင်း၊ အဲဒီလို လုပ်ဆောင်မှုကို ရဲက တားမြစ်မှာဖြစ်ကြောင်း ရဲမှူး S. Ibomcha က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာဘက်က တရားဝင် အကြောင်းပြန်ကြားတာ မရှိဘူးလို့ မစ္စတာ Raghumani က ပြောပါတယ်။

နယ်စပ်ဒေသမှာ သီးခြား နယ်နိမိတ် သတ်မှတ်ထားခြင်းမရှိတဲ့အတွက် မကြာခန အငြင်းပွားမှုတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း Tengnoupal ခရိုင် အတွင်းက Hollenphai ရွာထဲကို မြန်မာစစ်တပ် ဝင်လာပြီး အဲဒီရွာဟာ မြန်မာပိုင် ဖြစ်တယ်လို့ ပြောဆိုပြီး သစ်စက်တွေကို ဖြုတ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ အဲဒီရွာဟာ မဏိပူရပြည်နယ်အတွင်းမှာ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီရွာဟာ မြန်မာပိုင်နက်အတွင်းမှာရှိတယ်လို့ မြန်မာဘက်က ပြောနေတာကြောင့် နယ်စပ် မိုရေးမြို့မှာ တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် တည်ဆောက်တဲ့ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်တင်းမာမှုဖြစ်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG