သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ - မြန်မာ နယ်စပ် လုံခြုံရေးတင်းကျပ်


အိန္ဒိယနယ်စပ်
အိန္ဒိယနယ်စပ်

ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့ဟာ အိန္ဒိယနိုင်ငံရဲ့ ၇၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပြီး အိန္ဒိယအစိုးရက လွတ်လပ်ရေးနေ့ မတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တလျှောက် လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အိန္ဒိယ- မြန်မာနယ်စပ်တလျှောက် အာသံရိုင်ဖယ်တပ်တွေကို ချထားတာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာတော့ BSF နယ်စပ်လုံခြုံရေး တပ်တွေကို ချထားတာ ဖြစ်ပါတယ်။

အိန္ဒိယ -ဘင်္ဂလာဒေ့ရှ်နယ်စပ်တလျှောက်မှာ နယ်စပ်လုံခြုံရေး တပ်တွေတိုးမြှင့်ချထားပြီး နယ်စပ်ဂိတ်တွေက ကျော်ဖြတ်သွားလာမှုနဲ့ နယ်စပ်ဒေသ လှုပ်ရှားမှုမှန်သမျှကို စစ်ဆေးဖို့ ညွှန်ကြားထားကြောင်း Tripura ပြည်နယ်ရဲချုပ် K.V. Sreejesh က ပြောပါတယ်။ Tripura ပြည်နယ်မှာ လေဆိပ်တွေ၊ ဘူတာရုံတွေ၊ ကားဂိတ်တွေ၊ ဈေးဆိုင်ကြီးတွေနဲ့ လူစည်ကားရာ နေရာတွေအပြင် အဝင်အထွက် ဂိတ်တွေ အားလုံးအတွက် လုံခြုံရေးကို တိုးမြှင့်ထားပြီး CCTV ကင်မရာတွေနဲ့ ယာဉ်နဲ့ လူအသွားအလာတွေ ကို စောင့်ကြည့်စစ်ဆေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ညဘက် ပတ္တရောင်လှည့်တာကို တိုးမြှင့်မယ့်အပြင် ပုံမှန်ကင်းလှည့်မှုကိုလည်း မပြတ် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

နယ်စပ်တံတိုင်း ကာရံမထားတဲ့ အိန္ဒိယ - မြန်မာနယ်စပ်မှာတော့ အာသံရိုင်ဖယ်တပ်တွေကို တပ်လှန့်ထားတယ်လို့ Aizawl က အာသံရိုင်ဖယ်တပ် အရာရှိတဦးကပြောပါတယ်။

Tripura, Meghalaya, မီဇိုရမ်နဲ့ အာသံ ပြည်နယ်တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် ကီလိုမီတာ ၁၈၈၀ ထိစပ်နေသလို မီဇိုရမ်၊ မဏီပူ၊ Nagaland နဲ့ Arunachal Pradesh ပြည်နယ်တွေကတော့ မြန်မာနဲ့ နယ်စပ် ကီလိုမီတာ ၁၆၀၀ ကျော် ထိစပ်နေတာ ဖြစ်ပါတယ်။ လုံခြုံရေး တိုးမြှင့်မှုကို သြဂုတ်လ ၁၈ ရက်နေ့အထိ လုပ်ဆောင်ဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG