သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အိန္ဒိယ နယ်စပ် ပူးတွဲသန့်ရှင်းရေး


မြန်မာ-အိန္ဒိယ နယ်စပ်
မြန်မာ-အိန္ဒိယ နယ်စပ်

အိန္ဒိယ - မြန်မာ နယ်စပ်မှာ သောကြာနေ့က ၂ ဖက် အာဏာပိုင်တွေရော ဒေသခံတွေပါ ပါဝင်ပြီး နယ်စပ်တလျှောက် သန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။

နယ်စပ်ဒေသမှာ ၂ ဖက်နိုင်ငံသားတွေ စွန့်ပစ်ထားတဲ့ အမှိုက်တွေကြောင့် အမှိုက်ပုံကြီးလို ဖြစ်နေတဲ့ နေရာကို ပေါက်ပြားတွေ ဂေါ်ပြားတွေသုံးပြီး သန့်ရှင်းအောင် လုပ်ဆောင်ကြတာ ဖြစ်ပြီး မြန်မာဘက်က စစ်တပ်နဲ့ အရပ်ဖက် အရာရှိတွေပါ ပါဝင်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယဘက်မှာတော့ ရဲကြီးကြပ်ရေးမှုး S. Ibomcha အာသံရိုင်ဖယ်တပ်က တပ်မှုး A.S. Rawat နဲ့ တခြားအရာရှိတွေပါ ပါဝင် လုပ်ဆောင်ခဲ့တာပါ။ အခုလို ပူးတွဲ လုပ်ဆောင်မှုကို အိန္ဒိယ ရဲဘက်က ကြိုဆိုလိုက်ပြီး တလ တခါ ဒါမျိုး လုပ်ဖို့ မျှော်လင့်နေတာပါ။

သန့်ရှင်းရေးမှာ ပါဝင်ခဲ့တဲ့ ဒေသခံတွေကလည်း အစိုးရက ဦးစီးလုပ်ရင် ပါဝင် လုပ်ဆောင်ဖို့ အသင့်ရှိကြောင်း ပြောကြသလို ဒါဟာ အိမ်နီးချင်း ၂ နိုင်ငံကြား နောင်ဆက်ဆံရေးကို ပိုကောင်းစေလိမ့်မယ်လို့ ဆိုပါတယ်။ အိန္ဒိယ - မြန်မာ ၂ နိုင်ငံကြား ပြဿနာ ၂ ရပ်ကြောင့် မပြေမလည် ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို သန့်ရှင်းရေး ပူးပေါင်းလုပ်ဆောင် ကြတာ ဖြစ်ပါတယ်။

နယ်စပ်ဒေသမှာ မြန်မာဘက်က ဒေသခံတွေက မြေညှိခဲ့တာကို အိန္ဒိယ အာဏာပိုင်တွေက သူတို့ကို အကြောင်း မကြားပဲ လုပ်ဆောင်တယ် ဆိုပြီး ရပ်ခိုင်းခဲ့သလို မနှစ်ကလည်း မြန်မာ့မြေပေါ် ဆောက်ထားတယ်လို့ ပြောပြီး မဏိပူ Hollenphai ရွာကလေးက သစ်ခွဲစက်ကို မြန်မာအာဏာပိုင်တွေက ဖျက်ဆီးပစ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG