သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ နယ်နိမိတ် စာချုပ်လက်မှတ်ရေးထိုးဖို့ မြန်မာရက်ရွှေ့


အိန္ဒိယ- မြန်မာနယ်စပ်

အိန္ဒိယမြန်မာနယ်စပ် မိုင် ၁၀၂၀ ကျော် တလျှောက်မှာနေထိုင်ကြသူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ၂နိုင်ငံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ မြန်မာဘက်က ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယဘက်က သဘောတူစာချုပ်လက်မှတ်ထိုးဖို့ ဆန္ဒပြင်းပြနေပေမယ့် မြန်မာဘက်က ပြည်တွင်းရေးဖိအားပေးမှုတွေကို ထောက်ပြပြီး စာချုပ်ကိုလက်မှတ်ထိုးဖို့ အချိန်ပိုတောင်းခံ ခဲ့တယ်လို့ဆိုပါတယ်။ အိန္ဒိယနဲ့မြန်မာနယ်စပ် ကုန်လမ်းကနေဖြတ်ကျော်မှုတွေကို ၂နိုင်ငံအကြားအပြန်အလှန်သဘော တူညီမှုကို မြန်မာပြည်ထောင်စုဝန်ကြီးအဖွဲ့က အတည်ပြုထားတာရှိပါတယ်။

ဒီနယ်စပ်ဒေသမှာ Arunachal Paradesh ပြည်နယ်၊ နာဂပြည်နယ်၊ မဏိပူရနဲ့ မီဇိုး ပြည်နယ်လေးခုပါဝင်ပြီး နယ်စပ်စီးရိုးခတ်ထားတာမရှိပဲ အဲဒီနယ်စပ်တကျောမှာနေထိုင် ကြတဲ့သူတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်တဲ့လက်မှတ်ကို ထုတ်ပေးပြီး ခရီးသွားလာခွင့်ပြုဖို့ ၂နိုင်ငံအကြားသဘောတူ ထားတာပါ။

ဒါပေမဲ့ အခုလိုလက်မှတ်ထိုးဖို့ အချိန်ရွှေ့ခဲ့တာဟာ ၇လအတွင်းမှာ ၂ကြိမ်ရှိခဲ့ပါပြီ။ ပထမအကြိမ်က ပြီးခဲ့ တဲ့နှစ် စက်တင်ဘာလမှာဖြစ်ပြီး အိန္ဒိယ၀န်ကြီးချုပ် နရီန်ဒြာမိုဒီ ချစ်ကြည်ရေးခရီးစဉ်နဲ့မြန်မာနိုင်ငံကိုရောက်နေတဲ့ အချိန်မှာ လက်မှတ်ရေးထိုးဖို့ဖြစ်ပါတယ်။

ဒုတိယအကြိမ်ရွှေ့ဆိုင်းမှုကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် ဇန်န၀ါရီလတုန်းက အာဆီယံခေါင်းဆောင်တွေနဲ့အတူ အိန္ဒိယအာဆီယံချစ်ကြည်ရေးအထိမ်းအမှတ်အပြင် အိန္ဒိယရဲ့အမျိုးသားနေ့အခန်းအနားကို တက်ရောက်ဖို့သွားတဲ့အချိန်ကဖြစ်ပါတယ်။ အခုလိုမြန်မာဘက်ကရွှေ့ဆိုင်းမှု တွေနဲ့ပတ်သက်ပြီး အချိန်ဆွဲနေတာဖြစ်တယ်လို့ အိန္ဒိယအဆင့်မြင့်အရာရှိတဦးကဝေဖန်တဲ့အကြောင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG