သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ မဏိပူရပြည်နယ်မှာ ခြင်ကိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံး


မြန်မာနိုင်ငံနဲ့နယ်စပ် အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်က ကျေးရွာတရွာမှာ ခြင်ကိုက်ပြီးဖြစ်တဲ့ ရောဂါတွေကြောင့် လူ ၁၆ ယောက် သေဆုံးသွားပြီး တခြားဒေသတွေမှာ သေဆုံးသွားသူလေးဦးဟာလဲ အလားတူရောဂါတွေကြောင့် သေဆုံးတယ်လို့ သံသယရှိတဲ့ အကြောင်း မဏိပူပြည်နယ်၊ ကျန်းမာရေးဝန်ကြီး L Jayentakumar က တနင်္ဂနွေနေ့မှာပြောပါတယ်။

လူတွေ တနေရာကနေတနေရာ ကူးသန်းသွားလာနေတာကြောင့် ပြည်နယ်တွင်း တခြားနေရာတချို့မှာလဲ ဒီရောဂါပိုးတွေ ဖြစ်ပွား နေနိုင်ခြေရှိတယ်လို့ ဝန်ကြီးကပြောပါတယ်။

Churachandpur ခရိုင်တခုထဲမှာတင် ခြင်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားနေသသူ ၂၀၀ ကျော်ရှိနေတယ်လို့ ဒီရောဂါအခြေအနေနဲ့ ပတ်သက်ပြီးလုပ်တဲ့ အရေးပေါ်အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် N Biren Singh ကပြောပါတယ်။ အဲဒီဒေသဟာ မြန်မာ နိုင်ငံက ယက္ကန်းလုပ်ငန်းလုပ်သူတွေနဲ့ မြန်မာစစ်အစိုးရကို ပြည်ပကနေ ဆက်ပြီးဆန့်ကျင်ဖို့ ၁၉၈၈ ခုနှစ်နောင်ပိုင်း မြန်မာနိုင်ငံက နေထွက်ခွာသွားကြသူတွေ အတော်များများရှိတဲ့ဒေသဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ မကြာသေးခင်က သေဆုံးသွားသူတဦးရဲ့ ဇနီးသည်က သူ့ခင်ပွန်းသည် သေဆုံးရတဲ့အကြောင်းရင်းကို ထုတ်ပြောပေးဖို့ တာဝန်ရှိသူတွေကို ပန်ကြားခဲ့ပါတယ်။ အဲဒီလူဟာ H1N1 တုပ်ကွေးရောဂါ ခံစားရပြီး သေဆုံးသွားတယ်လို့ သံသယရှိတဲ့အကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။ သူ့ခန္ဓာကိုယ်က အရည်နမူနာကို ဓာတ်ခွဲစမ်းသပ် ဖို့ Guwahati မြို့ကိုပို့ထားချိန်မှာပဲ အဖြေမသိရသေးခင် ကွယ်လွန်သွားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG