သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာရောဂါပိုး ကူးစက်မှု ကာကွယ်နိုင်သည့်ဆေးဝါး တွေ့ရှိ


ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာရောဂါပိုး ကူးစက်မှု ကာကွယ်နိုင်သည့်ဆေးဝါး ကို ရှာဖွေနေစဉ် (ဇွန် ၂၈။၂၀၁၆)
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာရောဂါပိုး ကူးစက်မှု ကာကွယ်နိုင်သည့်ဆေးဝါး ကို ရှာဖွေနေစဉ် (ဇွန် ၂၈။၂၀၁၆)

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မမွေးဖွားရသေးတဲ့ ရင်သွေးတွေကို ခြင် ကနေဆင့် ကူးစက်ပြီး နာမကျန်းမှုကို ဖြစ်စေနိုင်တဲ့ Zika ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ကာကွယ်နိုင်တဲ့ ဆေးဝါးအမျိုးအစား ဓါတ်ပေါင်း တွေကို အမေရိကန် သုတေသီတွေက ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။

U.S. National Institutes of Health က သုတေသီတွေဟာ ဆေးဝါးတွေသိုလှောင်ထားတဲ့ နေရာတခုက အသုံးပြုဆဲ ဆေးဝါးပေါင်း ၆ ထောင် နဲ့ စမ်းသပ်ဆဲ ဆေးဝါး ဓါတ်ပေါင်းတွေကို စစ်ဆေးခဲ့ကြပါတယ်။ အဲဒီနောက် Tallahassee မှာရှိတဲ့ Florida State University ၊ Baltimore မှာရှိတဲ့ Johns Hopkins University တွေက ဓါတ်ခွဲခန်းတွေမှာ ဆေးဝါးကို စမ်းသပ်ခဲ့ကြပါတယ်။

ဒီဓါတ်ပေါင်းတွေဟာ ဆဲလ်တွေကို သေစေနိုင်တဲ့ Zika ဗိုင်းရပ်စ် ရဲ့ စွမ်းဆောင်နိုင်မှုကို အကာကွယ်ပေးနိုင် သလို ကူးစက်နေတဲ့ ဆဲလ်တွေကို ထပ်မံ ထုတ်လုပ်နိုင်တဲ့ ဇီဝပိုးမွှားကိုလည်း ထိန်းထားနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အခုလို ဓါတ်ပေါင်းဆေးဝါး ရှာဖွေတွေ့ရှိမှုကို Nature Medicine ဂျာနယ်မှာ ဖေါ်ပြထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG