သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမှာ ဇီကာဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိ


Aedes aegypti ခြင်
Aedes aegypti ခြင်

စင်္ကာပူနိုင်ငံမှာ ZIKA ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (MOH) နဲ့ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (NEA) တို့က ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရောဂါကူးစက်သူ အသက် ၄၇ နှစ်အရွယ် မလေးရှားအမျိုးသမီးဟာ ဇီကာရောဂါ ကူးစက်ပျံ့နှံ့နေတဲ့နေရာဒေသတွေကိုလည်း လတ်တလော သွားရောက်ထားခြင်းမရှိဘဲနဲ့ သူဟာ စင်္ကာပူနိုင်ငံမှာပဲ ကူးစက်ခံရပုံရှိတယ်လို့ပြောထားပါတယ်။ လူနာဟာ ကိုယ်အပူချိန်မြင့်တက်တာ၊ အရေပြားမှာ အနီကွက်တွေဖြစ်တာ၊ မျက်စေ့နာတာ စတဲ့ရောဂါလက္ခဏာတွေကို ကြာသပတေးနေ့မှာ စတင်ခံစားရတယ်လို့ MOH နဲ့ NEA က ပြောပါတယ်။ သူက သောကြာနေ့မှာ ဆေးခန်းသွားပြခဲ့ပြီး သူ့ကို ဆရာဝန်က (CDC) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရှိတဲ့ဆေးရုံဆီ သွားခိုင်းခဲ့တော့ သူ့မှာ ဇီကာဗိုင်းရပ်စ်ပိုးရှိနေကြောင်း Tan Tock Seng ဆေးရုံမှာ စမ်းသပ်တွေ့ရှိခဲ့တာပါ။

သူ့ကို ဆေးရုံမှာပဲတင်ထားပြီး CDC က စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ သူဟာ လက်ရှိအခြေအနေကောင်းပြီး ပြန်နာလံထူလာနေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီလူနာနဲ့ အနီးကပ်အဆက်အဆံရှိတဲ့သူတွေနဲ့ မိသားစုဝင်တွေကို စမ်းသပ်စစ်ဆေးနေပါတယ်။ ဒါ့အပြင် သူနေထိုင်နေတဲ့ ရပ်ကွက်က ကိုယ်ပူဖျားနေသူတွေ၊ အရေပြားအနီကွက်ဖြစ်သူတွေကိုလည်း စစ်ဆေးမှုတွေလုပ်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

XS
SM
MD
LG