သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမ်းရှောင်ဟိန္ဒူများ နေရပ်ပြန်ရေးလိုလား


ဘင်္ဂလားဒေရှ့်ရောက် ဟိန္ဒူဒုက္ခသည်များ
ဘင်္ဂလားဒေရှ့်ရောက် ဟိန္ဒူဒုက္ခသည်များ

ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေထဲက လူနည်းစု ဖြစ်တဲ့ ဟိန္ဒူ ဘာသာဝင်တွေကတော့ ဌာနေပြန်ရေး စိတ်အားထက်သန်နေကြပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူက ၆ သိန်းခွဲကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတာပါ။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက် အရ ဒီလကုန်ပိုင်းက စလို့ ဒုက္ခသည်တွေကို ပြန်ပို့နိုင်ရေး ဘင်္ဂလားဒေရှ့်က လိုလားနေတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရသူ ဟိန္ဒူ ဒုက္ခသည် Monu Bala ကတော့ အခုလို ပြောပါတယ်။

"ကျမတို့ရဲ့ အိမ်ရော ခြံရော အိမ်မွေး တိရိစ္ဆာန်တွေရော အားလုံးက မြန်မာပြည်မှာ ချန်ထားခဲ့ရတာပါ။ အသက်ဘေးကြောင့်သာ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာရတာပါ။ ကျမတို့ ပစ္စည်းတွေလည်း ပြန်ရမယ်၊ လွတ်လွတ်လပ်လပ်လည်း သွားခွင့်လာခွင့် ရမယ်ဆိုရင် ကျမတို့ ပြန်ချင်ပါတယ်။ မောင်တောမြို့ပေါ်မှာ အခြေချချင်ပါတယ်။ ရွာဟောင်းတော့ မပြန်ချင်ပါဘူး။ ထပ်ပြီး တိုက်တာ ခိုက်တာ ခံရမှာ စိုးလို့ပါ။ ကိုယ့်နိုင်ငံမှာဘဲ ကိုယ်ပျော်ပါတယ်။ အစိုးရကလည်း ကျမတို့ကို ပြန်ခေါ်မှာပါ"လို့ ဟိန္ဒူ ဒုက္ခသည် Monu Bala က ပြောခဲ့တာပါ။

ဟိန္ဒူ ဒုက္ခသည် တချို့ကတော့ အထုပ်အပိုးတွေတောင် ပြင်ထားကြပါပြီ။ ဒါပေမယ့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာရသူ အများစု ဖြစ်တဲ့ ရိုဟင်ဂျာ မူဆလင်တွေကတော့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ဌာနေကို ပြန်မယ့်အစား ဘင်္ဂလားဒေရှ့်က ဒုက္ခသည် စခန်းတွေမှာဘဲ နေမယ်လို့ ပြောဆိုနေကြတာပါ။ ဘင်္ဂလားဒေရှ့် အစိုးရဘက်ကတော့ ဒုက္ခသည် တသိန်းရဲ့ စာရင်းတွေကို မြန်မာ အစိုးရထံ ပြီးခဲ့တဲ့ လက ပေးပို့ထားပါတယ်။ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေနဲ့ ကုလသမဂ္ဂဘက်ကတော့ ဒုက္ခသည်တွေဘက်က လိုလိုလားလား ရှိမှသာ ဌာနေပြန်ပို့သင့်တယ်လို့ ပြောဆိုထားပါတယ်။ လောလောဆယ်မှာတော့ ဟိန္ဒူ ဒုက္ခသည် ၅၀၀ လောက်က ဌာနေပြန်လိုကြောင်း ပြောဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG