သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပြန်ပို့ရေးကိစ္စ အိန္ဒိယရွှေ့ဆိုင်း

နယူးလေဒီက ရိုဟင်ဂျာရပ်ကွက်အတွင်း ဆော့ကစားနေကြတဲ့ ကလေးတွေ (အောက်တိုဘာ ၄၊ ၂၀၁၈)
နယူးလေဒီက ရိုဟင်ဂျာရပ်ကွက်အတွင်း ဆော့ကစားနေကြတဲ့ ကလေးတွေ (အောက်တိုဘာ ၄၊ ၂၀၁၈)

အိန္ဒိယနိုင်ငံမှာရောက်နေကြတဲ့ ရိုဟင်ဂျာမူဆလင် ၄၀,၀၀၀ ကို မြန်မာနိုင်ငံဆီပြန်ပို့ရေး အစိုးရရဲ့ တိုက်တွန်း ချက်ကို ကြားနာဖို့ အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်က ရွှေ့ဆိုင်းထားလိုက်တယ်လို့ နိုဝင်ဘာ ၃၀ ရက်နေ့ ထုတ် The Hindu သ တင်းမှာဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမူဆလင်တွေအပေါ်အကြမ်းဖက်မှုတွေရှိခဲ့ပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံကို ရောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ Jammu, Hyderabad, Hayana, Uttar Pradesh, Dheli-NCR နဲ့ Rajasthan ဒေသတွေမှာနေထိုင်နေကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့တရားသူကြီးချုပ် Rajan Gogoiက ဒီအမှုကို နောက်ဆုံး ဘာဆက်လုပ်မလဲဆိုတာကို အခုလာမယ့်နှစ်ဆန်း ဇန်နဝါရီလအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။

နိုင်ငံသား ဟုတ် သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူူသားချင်းစာနာမှုအရ ဒီလူတွေရဲ့လွတ်လပ်ခွင့်နဲ့ ဘ၀ တွေကို အကာအကွယ်ပေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာ ရိုဟင်ဂျာ မူဆလင် တွေ အပါအဝင် တရားမဝင်နေထိုင်သူတွေကို နေရပ်ရင်းတိုင်းပြည်တွေဆီပြန်ပို့ရေး အိန္ဒိယပြည်ထဲရေး ဝန်ကြီးရဲ့ကြေညာချက် သြဂုတ်လဆန်းပိုင်းတုန်းက လွှတ်တော် မှာတင်ပြခဲ့တာကြောင့် အိန္ဒိယရောက် ရိုဟင်ဂျာတွေအတွင်း စိုးရိမ်တကြီးဖြစ်နေခဲ့ကြတာပါ။ ရိုဟင်ဂျာတွေကို မြန်မာပြည်ပြန်ပို့ရေး အစိုးရရဲ့ တိုက်တွန်းချက်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း အစိုးရကို သတိပေးအကြောင်းကြားစာပေးပို့ထားပါတယ်။

ရိုဟင်ဂျာ ပြန်ပို့ရေးကိစ္စ အိန္ဒိယရွှေ့ဆိုင်း
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG