သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည် ဟိန္ဒူဘာသာဝင်များသတ်ခံရမှု ၂နှစ်ပြည့် ဆုတောင်းပွဲကျင်းပ


ရခိုင်ပြည် ဟိန္ဒူဘာသာဝင်များသတ်ခံရမှု ၂နှစ်ပြည့် ဆုတောင်းပွဲကျင်းပ
ရခိုင်ပြည် ဟိန္ဒူဘာသာဝင်များသတ်ခံရမှု ၂နှစ်ပြည့် ဆုတောင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ARSA အစွန်းရောက် အကြမ်းဖက် သမားတွေ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြတဲ့ ဟိန္ဒူဘာသာဝင်တွေ အတွက် လူသား ချင်းစာနာထောက် ထားမှု အကူအညီတွေပေးဖို့နဲ့ မတရားသဖြင့်အသတ်ခံရ တာတွေကို နိုင်ငံတကာဘက်က အသိအမှတ်ပြုပေးဖို့ ဟိန္ဒူဘာသာဝင်တွေဘက်က တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အတွင်း ဟိန္ဒူဘာသာဝင်တွေ သတ်ဖြတ်ခံခဲ့ရတဲ့ ၂ နှစ်ပြည့် အခမ်းအနားမှာ အဲဒီလို တောင်းဆိုလိုက်ကြတာပါ။ ဒီအကြောင်းကိုတော့ အခမ်းအနားမှာ ကိုယ်တိုင်သွား ရောက်သတင်းယုူခဲ့တဲ့ ဗွီအိုအေသတင်းထောက် မေခကပေးပို့ထားပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသထဲက နယ်စပ် ရဲကင်းစခန်းတွေနဲ့ လုံခြုံရေးအခြေစိုက်စခန်း ၃၀ ကို ARSA အကြမ်းဖက် အဖွဲ့ က လူအင်အားသုံးပြီး တပြိုင်နက်တည်း အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားချိန်မှာ ARSA အကြမ်းဖက်အဖွဲ့က မောင်တောမြို့နယ် မြောက်ပိုင်း ရဲဘော်ကျကျေးရွာအနီးမှာ ဟိန္ဒူဘာသာဝင် အယောက် ၁၀၀ကျော်ကိုသတ်ဖြတ် ခဲ့ပါတယ်။

ဒီလိုသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူတွေအတွက် ရည်စူးပြီး ဒီကနေ့ ရန်ကုန်မြို့မှာ ဆုတောင်းပွဲ အခမ်းအနားကျင်းပတာပါ။ ဒီလိုကျင်းပရတာက စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသူတွေအတွက် တရားမျှတမှု ရဖို့ နဲ့အကြမ်းဖက် သတ် ဖြတ်ခံရလို့ သေဆုံးခဲ့တဲ့ ဟိန္ဒူ ဘာသာဝင် တွေ၊ သူတို့မိသားစုဝင်တွေကို လူသား ချင်းစာနာထောက် ထားမှု အကူအညီတွေပေးဖို့နဲ့ မတရားသဖြင့်အသတ်ခံရ တာတွေကို နိုင်ငံတကာဘက်က အသိအမှတ်ပြုပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဥက္ကဌ ဦးနန္ဒကတော့ အသားအရောင် လူမျိုး မခွဲခြားဘဲ မတရားသဖြင့်အသတ်ခံရ တာတွေကို နိုင်ငံတကာဘက်က အသိအမှတ်ပြုပြီး တရားမ ျှတမှုကို ရှာပေးဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

“ဟိန္ဒူဆိုတာက အားလုံးနဲ့ ငြိမ်းချမ်းစွာနေတဲ့လူမျိုးပါ။ အဲဒါလေးပဲ ပြောချင်ပါတယ် အားလုံးဖြစ်တဲ့ ကိစ္စကို တခြားကိစ္စတွေ တွေ့ရတယ်။ ဖတ်ရတယ်။ ဒီကိစ္စ တခုမှာ နိုင်ငံခြားသတင်းမှာရော နိုင်ငံတကာ အစိုးရ ကလာ်း မကြေညာဘူး။ အဲဒီတော့ ဟိန္ဒူတွေ ကိုယ်စား ကျနော်တို့စိတ်မကောင်းဘူး “

ရခိုင်ဒေသမှာ သြဂုတ်လ ၂၅ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် အကြမ်းဖက်သမားတွေရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး ကျန်ရှ ိတဲ့ မိသားစုဝင် အချို့ကို

ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အတင်းအကျပ် အစ္စလာမ်ဘာသာ တွင်းသွတ်သွင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖမ်းဆီးခံ အမျိုး သမီးတွေက ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်သတ်ဖြတ်မှုတွေမှာ အားနွဲ့တဲ့ အမျိုးသမီးတွေပါသတ်ဖြတ်ခံခဲ့ရတာတွေ၊ လူမမယ် ကလေးတွေကိုပါသတ်ဖြတ်ခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို သတ်ဖြတ်ခံခဲ့ရပေမယ့် နိုင်ငံတကာဘက်က လျစ်လျူရှု၊ မျက်ကွယ်ပြုထားတယ် လို့ ဟိန္ဒူလူမှုကူညီရေးအဖွဲ့ ဦးဆောင်ကောမတီဝင် ရာဂူးနေမြင့်က ပြောပါတယ်။

“လူသားချင်းစာနာထောက်ထားတယ်ဆိုတာမှာ ကျနောတို့ ဟိန္ဒူတွေ မပါဘူးလားလို့ မေးရမလို စိတ်မကောင်းစရာတွေဖြစ်နေတယ်။ စဖြစ်ပြီး ၁လမှာ ကျနော်တို့ တောက်လေ ျှာက်ဒါကို သိအောင် တကမ္ဘာလုံးကိုရော၊ သတင်းမီဒီယာတွေရော ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကို ဥပေက္ခာပြုတယ်။ ၉ လလောက် ကြာပြီးတော့ Amnesty International (AI ) ကနေပြီးတော့ ဒီကိစ္စ ဟုတ်ပါတယ်ဆိုတာ ထုတ်ပြန်မှသာ ဒီကိစ္စ သတင်းမီဒီယာတွေက ထုတ်ပြန်ပေးတယ်။ ထုတ်ပြန်တယ်ဆိုတာ သတင်းထုတ်ပြန်ရုံလေးပဲ ကျနော်တို့ကို လူသားချင်းစာနာထောက်ထား၊ သနားတာ စာနာတာ ၊ ဂဂုဏာသက်တာဆိုတာ ဘာတခုမှ မတွေ့ရဘူး။ ကျနော်တို့ ဟိန္ဒူဒုက္ခသည်တွေကို ကြည့်ရှု့တာ ကူညီတာဆိုတာလည်း မရှိသလောက်ပါပဲ။”

လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှာ ဟိန္ဒူဘာသာဝင် အယောက် ၄၀၀နီးပါး ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ စောင့်ဆိုင်းနေတာ ၁နှစ်နီးပါး ရှိနေပေ မယ့် အခုချိန်ထိ ပြန်လာခွင့်မရှိသေးဘူးလို့ ဆိုပါတယ်။

သူတို့ ပြန်လာဖို့ အခက်အခဲ ရှိနေတာနဲ့ပတ်သက်လို့ ဟိန္ဒူလူမှုကူညီရေး ဦးဆောင်ကော်မတီဝင် ရာဂူးနေမြင့် က အခုလို ဆက်ပြောပါတယ်။

“ဒုက္ခသည်တွေ လာချင်နေတာ တနှစ်ကျော်နေပြီ ၊ အထုတ်နဲ့ ပြင်ပြီး စောင့်နေတာ။ ဒီဘက်က မြန်မာအစိုးရကလည်း ပြန်လာရင် သူတို့ကို ထားဖို့နေရာ လုပ်ပေးထားတယ်။ တောက်လျှောက် အဲလိုပြောနေတဲ့ကြားထဲက မလာနိုင်တာက အဓိကတော့ ဘင်္ဂလားဒေရှ်အစိုးရနဲ့ ပတ်သက်သွားပြီ။ ဘင်္ဂလားဒေ့ရှ်အစိုးရက ယနေ့အထိ ဟိန္ဒူ camp ထဲကိုလာပြီးတော့ ပြန်မှာလားလို့ မေးဖို့ နေနေသာသာ စာရင်းလာကောက်တာကိုမရှိဘူး။ အဲဒါကြောင့် အခုအချိန်အထိ သူတို့လာလို့ မရသေးတာ။”

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခန့်မှန်း ပြောဆိုနေတာပါ။

မြန်မာအစိုးရကတော့ တဘက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို အသိအမှတ် မပြုပေမယ့် ဒီလူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေသလို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိနေပါတယ်။

...................






“ဟိန်ဒူဆိုတာက အားလုံးနဲ့ ငွိမျးခမြျးစှာနတေဲ့လူမြိုးပါ။ အဲဒါလေးပဲ ပွောခငြျပါတယျ အားလုံးဖွဈတဲ့ ကိစ်စကို တခွားကိစ်စတှေ တှေ့ရတယျ။ ဖတျရတယျ။ ဒီကိစ်စ တခုမှာ နိုငျငံခွားသတငျးမှာရော နိုငျငံတကာ အစိုးရ ကလာျး မကွညောဘူး။ အဲဒီတော့ ဟိန်ဒူတှေ ကိုယျစား ကနြောျတို့စိတျမကောငျးဘူး “











တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG