သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ပြည်ပပို့ ဆန်ဈေးတက်၊ ဗီယက်နမ်၊ အိန္ဒိယ ပြည်ပအဝယ်ပါး


ထိုင်း စပါးစိုက်ခင်းတခုတွင် ရိတ်သိမ်းနေကြသည့် လယ်သမားများ။ နိုဝင်ဘာ ၄၊ ၂၀၁၆။

(Zawgyi/Unicode)

ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားနေတဲ့အတွက် ဆန်ထွက်နှုန်းကျသွားမလားဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဒီသီတင်းပတ်အတွင်း ဆန်ဈေး တက်သွားသလို ဗီယက်နမ်မှာလည်း နည်းနည်းအတက်ပြပေမယ့် အိန္ဒိယမှာတော့ ဝယ်လိုအားလျော့နေပါတယ်။

ထိုင်းနိုင်ငံထွက် ဆန်ကျိုး ၅% ပါ ဆန်အမျိုးအစားဟာ ကြာသပတေးနေ့က တတန်ကို ၄၂၄ ဒေါ်လာကနေ ၄၃၅ ဒေါ်လာအထိ ခေါ်ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ၃၉၅ ဒေါ်လာကနေ ၄၂၀ ဒေါ်လာအထိပဲ ခေါ်ဈေးရှိခဲ့တာကနေ တက်သွားတာပါ။

ကမ္ဘာမှာ ဒုတိယ ဆန်အများဆုံးတင်ပို့တဲ့ ထိုင်းနိုင်ငံ Chao Phraya မြစ်ဝှမ်းဒေသပတ်ဝန်းကျင်က စပါးစိုက်ဧက ၂၃ သန်းကျော် မှာ ရေအလုံအလောက် ရမှာမဟုတ်ဘူးလို့ ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလအစောပိုင်းမှာ ပြောထားပါတယ်။


ဗီယက်နမ်ထွက် ဆန်ကျိုး ၅% ပါ ဆန်အမျိုးအစား ဈေးနှုန်းဟာလည်း ပြီးခဲ့တဲ့သီတင်းပတ်က တတန်ကို ဒေါ်လာ ၃၅၀ ကနေ ၃၅၂ ဒေါ်လာ ရှိခဲ့ရာက ကြာသပတေးနေ့မှာ ၃၅၅ ဒေါ်လာကနေ ၃၆၀ ဒေါ်လာအထိ နည်းနည်းတက်သွားပါတယ်။

ဒါပေမယ့်လည်း အခုချိန်ဟာ ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူးကာလ အားလပ်ရက်ရာသီဖြစ်နေတာမို့ ဈေးကွက်ငြိမ်နေပြီး အရောင်း အဝယ်ပါးနေတာပါ။

ဒီအခြေအနေက ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့တဲ့ အိန္ဒိယနိုင်ငံပေါ် ရိုက်ခတ်ပြီး စပါးဈေး တက်နေပေမယ့်လည်း ဆန်ဈေးက တည်ငြိမ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန်ဈေးကတော့ အိန္ဒိယ ဒါမှမဟုတ် ထိုင်းဆန်တွေထက် ပိုဈေးကြီးနေတာကြောင့် ပြည်ပဝယ်လက် မရှိသလောက်ဖြစ်နေပါတယ်။

-----------------------------

(Unicode)

ထိုင်းဆန်စျေးတက်၊ ဗီယက်နမ်၊ အိန္ဒိယ ပြည်ပအဝယ်ပါး

ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားနေတဲ့အတွက် ဆန်ထွက်နှုန်းကျသွားမလားဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဒီသီတင်းပတ်အတွင်း ဆန်စျေး တက်သွားသလို ဗီယက်နမ်မှာလည်း နည်းနည်းအတက်ပြပေမယ့် အိန္ဒိယမှာတော့ ဝယ်လိုအားလျော့နေပါတယ်။

ထိုင်းနိုင်ငံထွက် ဆန်ကျိုး ၅% ပါ ဆန်အမျိုးအစားဟာ ကြာသပတေးနေ့က တတန်ကို ၄၂၄ ဒေါ်လာကနေ ၄၃၅ ဒေါ်လာအထိ ခေါ်စျေးရှိခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ၃၉၅ ဒေါ်လာကနေ ၄၂၀ ဒေါ်လာအထိပဲ ခေါ်စျေးရှိခဲ့တာကနေ တက်သွားတာပါ။

ကမ္ဘာမှာ ဒုတိယ ဆန်အများဆုံးတင်ပို့တဲ့ ထိုင်းနိုင််ငံ Chao Phraya မြစ်ဝှမ်းဒေသပတ်ဝန်းကျင်က စပါးစိုက်ဧက ၂၃ သန်းကျော် မှာ ရေအလုံအလောက် ရမှာမဟုတ်ဘူးလို့ ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလအစောပိုင်းမှာ ပြောထားပါတယ်။

အခုခြောက်သွေ့ရာသီဟာ ထိုင်းနိုင်ငံမှာ ဧပြီလ ၃၀ ရက်နေ့အထိ ကြာမြင့်မှာပါ။

ဗီယက်နမ်ထွက် ဆန်ကျိုး ၅% ပါ ဆန်အမျိုးအစား စျေးနှုန်းဟာလည်း ပြီးခဲ့တဲ့သီတင်းပတ်က တတန်ကို ဒေါ်လာ ၃၅၀ ကနေ ၃၅၂ ဒေါ်လာ ရှိခဲ့ရာက ကြာသပတေးနေ့မှာ ၃၅၅ ဒေါ်လာကနေ ၃၆၀ ဒေါ်လာအထိိ နည်းနည်းတက်သွားပါတယ်။

ဒါပေမယ့်လည်း အခုချိန်ဟာ ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူးကာလ အားလပ်ရက်ရာသီဖြစ်နေတာမို့ စျေးကွက်ငြိမ်နေပြီး အရောင်း အဝယ်ပါးနေတာပါ။

ဒီအခြေအနေက ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့တဲ့ အိန္ဒိယနိုင််ငံပေါ် ရိုက်ခတ်ပြီး စပါးစျေး တက်နေပေမယ့်လည်း ဆန်စျေးက တည်ငြိမ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နို်င်ငံရဲ့ ဆန်စျေးကတော့ အိန္ဒိယ ဒါမှမဟုတ် ထိုင်းဆန်တွေထက် ပိုစျေးကြီးနေတာကြောင့် ပြည်ပဝယ်လက် မရှိသလောက်ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG