သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယဆန္ ႏိုင္ငံတကာေစ်းကြက္မွာ အ၀ယ္လိုက္


(Zawgyi/Unicode)

ဆန္၀ယ္လိုအား ျမင့္တက္လာတာနဲ႔အမွ် ျပီးခဲ့တဲ့အပတ္က အိႏၵိယႏုိင္ငံထြက္ ပို႔ကုန္ ဆန္ ေစ်းႏွဳန္း ျမင့္တက္လာခဲ့သလို ျပည္တြင္း ေစ်းကြက္ မွာလည္း ဆန္ေစ်း ျမင့္တက္ခဲ့ပါတယ္။ ထုိင္းႏိုင္ငံထြက္ ဆန္ကေတာ့ ေစ်းခ်ိဳတဲ့ ယွဥ္ၿပိဳင္ဘက္ေတြေၾကာင့္ ၀ယ္လိုအား ေလ်ာ့နည္း ေနပါတယ္။

ဆန္ အဓိက တင္ပုိ႔တဲ့ ႏုိ္င္ငံ တစ္ႏုိ္င္ငံျဖစ္တဲ့ အိႏၵိယႏုိင္ငံရဲ႕ ဆန္ကြဲ ၅ ရာခိုင္ႏွဳန္းပါ ဆန္ ေစ်းႏွဳန္းက ျပီးခဲ့တဲ့အပတ္က ၁ တန္ကို ၃၅၈ ေဒၚလာ နဲ႔ ၃၆၃ ေဒၚလာအၾကားရွိရာက အခုအပတ္ထဲ ေဒၚလာ ၃၆၀ နဲ႔ ၃၆၅ အၾကား ျမင့္တက္ခဲ့ပါတယ္။

လယ္သမားေတြက အိႏၵိယအစိုးရ ရဲ႕ ၾကား၀င္ ညွိႏွဳိင္းေပးေလ့ရွိတဲ့ Minimum Support Price လို႔ေခၚတဲ့ အစိုးရ ညွိ္ႏွိဳင္းေစ်း ရလိုေၾကာင္း ေတာင္းဆိုေနတာေၾကာင့္ အခုလို ဆန္ေစ်းျမင့္တက္ခဲ့တာလို႔ အိႏၵိယ ေတာင္ပိုင္း Andhra Pradesh ျပည္နယ္က ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးက ေျပာပါ တယ္။ ဒီႏွစ္ အေစာပိုင္းကေတာ့ အိႏၵိယ အစိုးရက ၀ယ္ယူေစ်းကို ၃.၇ ရာခုိင္ႏွဳန္း ျမွင့္တင္ခဲ့ရာမွာ ၂၀၁၉-၂၀၂၀ အတြက္ ဆန္ ၁၀၀ ကီလိုဂရမ္ေစ်းကို ရူပီး ၁၈၁၅သတ္မွတ္ခဲ့ပါတယ္။

မၾကာေသးခင္အထိပဲ အိႏၵိယရဲ႕ ဆန္တင္ပို႔မႈ ထုိင္းမိႈင္းေနခဲ့ရာမွာ ယခင္ႏွစ္ေတြနဲ႔ ႏွိဳင္းယွဥ္ရင္ ေအာက္တို ဘာလထဲ ဆန္ပို႕ကုန္ ၄၂ ရာခိုင္ႏွန္းအထိ က်ဆင္းခဲ့တယ္လို႔ အစိုးရ စာရင္းဇယားေတြအရ သိရပါတယ္။ အဓိက အေၾကာင္းရင္းကေတာ့ အာဖရိက ႏုိ္င္ငံေတြက ၀ယ္လိုအား က်ဆင္းခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ျပည္တြင္း ေငြေၾကး ခိုင္မာမႈနဲ႔ ျပိဳင္ဘက္ ဗီယက္နမ္ ဆန္ေစ်းက ထိုုင္းဆန္ေစ်းထက္ သက္သာတာေၾကာင့္ ထိုင္းႏုိင္ငံရဲ႕ ဆန္တင္ပို႔မႈ ဟာလည္း ထိုင္းမိွဳင္းေနခဲ့ျပီး ထုိင္းႏုိ္င္ငံထြက္ ဆန္ကြဲ ၅ ရာခုိင္ႏွဳန္းပါ ဆန္တစ္တန္ရဲ႕ ေစ်းႏွဳန္းက ျပီးခဲ့တဲ့ အပတ္က ေဒၚလာ ၃၉၇ ေဒၚလာနဲ႔ ၄၁၁ ေဒၚလာအၾကားရွိရာက ဒီ အပတ္ထဲ ၁ တန္ကို ေဒၚလာ ၃၉၅ နဲ႔ ၄၂၀ အၾကား ေရာက္ရွိခဲ့ပါတယ္။

ဗီယက္နမ္ဆန္ကေတာ့ ျပီးခဲ့တဲ့ အပတ္က ၁ တန္ကို ေဒၚလာ ၃၅၀ ရွိရာက ၾကာသပေတးေန႔မွာ ၁ တန္ကို ၃၅၀ နဲ႔ ၃၅၂ ေဒၚလာအၾကား ရွိပါတယ္။ ဇန္န၀ါရီနဲ႔ ေဖေဖာ္၀ါရီလ ေဆာင္းနဲ႔ေဆာင္းအကူး ေႏြဦးထြက္ ဆန္သစ္ေတြ မထြက္မခ်င္းေတာ့ ဆန္ေစ်းႏွဳန္း အနည္းငယ္ ျမင့္တက္ေနဦးမွာ ျဖစ္ေၾကာင္း ဗီယက္နမ္ An Giang ျပည္နယ္က ဆန္ကုန္သည္တစ္ဦး ကေျပာပါတယ္။

အိႏၵိယဆန္ ႏိုင္ငံတကာေစ်းကြက္မွာ အ၀ယ္လိုက္
please wait

No media source currently available

0:00 0:01:33 0:00
တိုက္႐ိုက္ လင့္ခ္


...................

အိန္ဒိယဆန် နိုင်ငံတကာဈေးကွက်မှာ အဝယ်လိုက်

(Unicode)

ဆန်ဝယ်လိုအား မြင့်တက်လာတာနဲ့အမျှ ပြီးခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံထွက် ပို့ကုန် ဆန် ဈေးနှုန်း မြင့်တက်လာခဲ့သလို ပြည်တွင်း ဈေးကွက် မှာလည်း ဆန်ဈေး မြင့်တက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံထွက် ဆန်ကတော့ ဈေးချိုတဲ့ ယှဉ်ပြိုင်ဘက်တွေကြောင့် ဝယ်လိုအား လျော့နည်း နေပါတယ်။

ဆန် အဓိက တင်ပို့တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန် ဈေးနှုန်းက ပြီးခဲ့တဲ့အပတ်က ၁ တန်ကို ၃၅၈ ဒေါ်လာ နဲ့ ၃၆၃ ဒေါ်လာအကြားရှိရာက အခုအပတ်ထဲ ဒေါ်လာ ၃၆၀ နဲ့ ၃၆၅ အကြား မြင့်တက်ခဲ့ပါတယ်။

လယ်သမားတွေက အိန္ဒိယအစိုးရ ရဲ့ ကြားဝင် ညှိနှိုင်းပေးလေ့ရှိတဲ့ Minimum Support Price လို့ခေါ်တဲ့ အစိုးရ ညှိနှိုင်းဈေး ရလိုကြောင်း တောင်းဆိုနေတာကြောင့် အခုလို ဆန်ဈေးမြင့်တက်ခဲ့တာလို့ အိန္ဒိယ တောင်ပိုင်း Andhra Pradesh ပြည်နယ်က ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါ တယ်။ ဒီနှစ် အစောပိုင်းကတော့ အိန္ဒိယ အစိုးရက ဝယ်ယူဈေးကို ၃.၇ ရာခိုင်နှုန်း မြှင့်တင်ခဲ့ရာမှာ ၂၀၁၉-၂၀၂၀ အတွက် ဆန် ၁၀၀ ကီလိုဂရမ်ဈေးကို ရူပီး ၁၈၁၅သတ်မှတ်ခဲ့ပါတယ်။

မကြာသေးခင်အထိပဲ အိန္ဒိယရဲ့ ဆန်တင်ပို့မှု ထိုင်းမှိုင်းနေခဲ့ရာမှာ ယခင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် အောက်တို ဘာလထဲ ဆန်ပို့ကုန် ၄၂ ရာခိုင်နှန်းအထိ ကျဆင်းခဲ့တယ်လို့ အစိုးရ စာရင်းဇယားတွေအရ သိရပါတယ်။ အဓိက အကြောင်းရင်းကတော့ အာဖရိက နိုင်ငံတွေက ဝယ်လိုအား ကျဆင်းခဲ့တာကြောင့် ဖြစ်ပါတယ်။

ပြည်တွင်း ငွေကြေး ခိုင်မာမှုနဲ့ ပြိုင်ဘက် ဗီယက်နမ် ဆန်ဈေးက ထိုင်းဆန်ဈေးထက် သက်သာတာကြောင့် ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှု ဟာလည်း ထိုင်းမှိုင်းနေခဲ့ပြီး ထိုင်းနိုင်ငံထွက် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်တစ်တန်ရဲ့ ဈေးနှုန်းက ပြီးခဲ့တဲ့ အပတ်က ဒေါ်လာ ၃၉၇ ဒေါ်လာနဲ့ ၄၁၁ ဒေါ်လာအကြားရှိရာက ဒီ အပတ်ထဲ ၁ တန်ကို ဒေါ်လာ ၃၉၅ နဲ့ ၄၂၀ အကြား ရောက်ရှိခဲ့ပါတယ်။ ဗီယက်နမ်ဆန်ကတော့ ပြီးခဲ့တဲ့ အပတ်က ၁ တန်ကို ဒေါ်လာ ၃၅၀ ရှိရာက ကြာသပတေးနေ့မှာ ၁ တန်ကို ၃၅၀ နဲ့ ၃၅၂ ဒေါ်လာအကြား ရှိပါတယ်။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ဆောင်းနဲ့ဆောင်းအကူး နွေဦးထွက် ဆန်သစ်တွေ မထွက်မချင်းတော့ ဆန်ဈေးနှုန်း အနည်းငယ် မြင့်တက်နေဦးမှာ ဖြစ်ကြောင်း ဗီယက်နမ် An Giang ပြည်နယ်က ဆန်ကုန်သည်တစ်ဦး ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG