(Zawgyi/ Unicode)
အင္ဒိုနီ႐ွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္ကို ေရာက္႐ွိေနတဲ့ ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီးနဲ႔ အင္ဒိုနီး႐ွားႏုိင္ငံျခားေရးဝန္ႀကီးတို႔ ေတြ႔ဆံုမႈအတြင္း ရခိုင္ျပည္နယ္အေရးကိစၥအပါအဝင္ ႏုိင္ငံတကာေရးရာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။
ႏိုင္ငံျခားေရးဝန္ႀကီး ၂ ေယာက္ေဆြးေႏြးပြဲအၿပီး ပူးတဲြျပဳလုပ္တဲ့ သတင္းစာ႐ွင္းပြဲမွာ အင္ဒိုနီး႐ွားႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi က သတင္းေထာက္ေတြကို ခုလုိေျပာၾကားခဲ့တာပါ။
“ေဒသတြင္းနဲ႔ ႏိုင္ငံတကာကိစၥေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ အေ႐ွ႕အလယ္ပိုင္းေဒသမွာ ျဖစ္ေနတဲ့ အေျခအေန၊ ေတာင္တ႐ုတ္ပင္လယ္ကိစၥ၊ ရခိုင္ျပည္နယ္ကိစၥနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ အေျခအေနေတြကို ေဆြးေႏြးျဖစ္ပါတယ္။ အေ႐ွ႕အလယ္ပိုင္းမွာ အေျခအေနေတြ ပိုဆိုးမလာေအာင္ သက္ဆိုင္သူအားလံုး ထိန္းထိန္းသိမ္းသိမ္းလုပ္ၾကဖို႔ အင္ဒိုနီး႐ွားေရာ၊ ဂ်ပန္ကပါ ေမွ်ာ္လင့္ပါတယ္” လို႔ အင္ဒုိနီး႐ွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က ေျပာၾကားသြားတာျဖစ္ပါတယ္။
ရခိုင္ျပည္နယ္ တည္ၿငိမ္ေရးနဲ႔ ဖြ႔ံၿဖိဳးတိုးတက္ေရးအတြက္ ကူညီပံ့ပိုးေပးေနၾကတဲ့ ႏုိင္ငံေတြထဲမွာ ဂ်ပန္နဲ႔ အင္ဒုိနီး႐ွားလည္းပါဝင္ေနတာပါ။ ေတာင္တ႐ုတ္ပင္လယ္ထဲက တ႐ုတ္နဲ႔အင္ဒိုနီး႐ွားၾကား ေရနယ္နိမိတ္အျငင္းပြားေနတဲ့ေနရာနားက ကၽြန္းေတြမွာ ဂ်ပန္က ငါးလုပ္ငန္းနဲ႔စြမ္းအင္လုပ္ငန္းေတြ ရင္းႏွီးျမွပ္ႏွံဖုိ႔အတြက္ ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီးခရီးစဥ္အတြင္း အင္ဒိုနီး႐ွားက တိုက္တြန္းခဲ့ပါတယ္။
ဝန္ႀကီး Toshimitsu Motegi နဲ႔အင္ဒိုနီး႐ွားသမၼတ Joko Widodo တို႔ ဒီေန႔အေစာပိုင္းက ေတြ႔ဆံုစဥ္အတြင္း Natuna ကၽြန္းစုေတြမွာ ဂ်ပန္ရင္းႏွီးျမွပ္ႏွံဖုိ႔ သမၼတ Widodo ကဖိတ္ေခၚခဲ့တာပါ။
Natuna ကၽြန္းႀကီးေပၚမွာ ငါးေစ်းတည္ေဆာက္ဖုိ႔ ဂ်ပန္က အင္ဒိုနီး႐ွားကို ေဒၚလာ ၇ သန္းေက်ာ္ၿပီးခဲ့တဲ့ႏွစ္က ကူညီခဲ့ပါတယ္။ ပထမအဆင့္ ပူးေပါင္းေဆာင္႐ြက္မႈအျဖစ္ ငါးလုပ္ငန္းဆိုင္ရာစင္တာနဲ႔ ငါးေစ်းတည္ေဆာက္ေနၿပီး စြမ္းအင္ဆိုင္ရာ ရင္းႏွီးျမွပ္ႏွံမႈအပါအဝင္ ဒုတိယအဆင့္ ပူးေပါင္းေဆာင္႐ြက္မႈေတြကို အျမန္ဆံုးစဖုိ႔ ေမွ်ာ္လင့္တယ္လို႔ အင္ဒိုနီး႐ွားသမၼတက ဒီကေန႔ ေျပာၾကားခဲ့ပါတယ္။ ဂ်ပန္ႏုိ္င္ငံျခားေရးဝန္ႀကီးရဲ႕ အင္ဒိုနီး႐ွားခရီးစဥ္အတြင္း Natuna အပါအဝင္ အင္ဒိုနီး႐ွားကၽြန္းေတြမွာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ တိုးျမွင့္လုပ္ဖုိ႔ ဂ်ပန္နဲ႔ အင္ဒိုနီး႐ွားတို႔ သေဘာတူခဲ့ၾကပါတယ္။
...................
အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်အရေးဆွေးနွေး
(Unicode)
အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့တော်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် နိုင်ငံတကာရေးရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ၂ ယောက်ဆွေးနွေးပွဲအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတင်းထောက်တွေကို ခုလိုပြောကြားခဲ့တာပါ။
“ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့ အခြေအနေ၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ ရခိုင်ပြည်နယ်ကိစ္စနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အခြေအနေတွေ ပိုဆိုးမလာအောင် သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ အင်ဒိုနီးရှားရော၊ ဂျပန်ကပါ မျှော်လင့်ပါတယ်” လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောကြားသွားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနေကြတဲ့ နိုင်ငံတွေထဲမှာ ဂျပန်နဲ့ အင်ဒိုနီးရှားလည်းပါဝင်နေတာပါ။ တောင်တရုတ်ပင်လယ်ထဲက တရုတ်နဲ့အင်ဒိုနီးရှားကြား ရေနယ်နိမိတ်အငြင်းပွားနေတဲ့နေရာနားက ကျွန်းတွေမှာ ဂျပန်က ငါးလုပ်ငန်းနဲ့စွမ်းအင်လုပ်ငန်းတွေ ရင်းနှီးမြှပ်နှံဖို့အတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အတွင်း အင်ဒိုနီးရှားက တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီး Toshimitsu Motegi နဲ့အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ ဒီနေ့အစောပိုင်းက တွေ့ဆုံစဉ်အတွင်း Natuna ကျွန်းစုတွေမှာ ဂျပန်ရင်းနှီးမြှပ်နှံဖို့ သမ္မတ Widodo ကဖိတ်ခေါ်ခဲ့တာပါ။ Natuna ကျွန်းကြီးပေါ်မှာ ငါးဈေးတည်ဆောက်ဖို့ ဂျပန်က အင်ဒိုနီးရှားကို ဒေါ်လာ ၇ သန်းကျော်ပြီးခဲ့တဲ့နှစ်က ကူညီခဲ့ပါတယ်။ ပထမအဆင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ငါးလုပ်ငန်းဆိုင်ရာစင်တာနဲ့ ငါးဈေးတည်ဆောက်နေပြီး စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုအပါအဝင် ဒုတိယအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကို အမြန်ဆုံးစဖို့ မျှော်လင့်တယ်လို့ အင်ဒိုနီးရှားသမ္မတက ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်း Natuna အပါအဝင် အင်ဒိုနီးရှားကျွန်းတွေမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဖို့ ဂျပန်နဲ့ အင်ဒိုနီးရှားတို့ သဘောတူခဲ့ကြပါတယ်။