သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွား AID အေထာက္အကူ ျမန္မာကိုပါ ေပးမည္


အင္ဒိုနီးရွားႏိုင္ငံမွာ AID ႏိုင္ငံတကာအေထာက္အကူေပးေရး ေအဂ်င္စီ အသစ္တခုကို ထူေထာင္ (ဓါတ္ပံု - အင္ဒိုနီးရွား Foreign Ministry)

အင္ဒိုနီးရွားႏိုင္ငံမွာ AID ႏိုင္ငံတကာအေထာက္အကူေပးေရး ေအဂ်င္စီ အသစ္တခုကို ထူေထာင္လိုက္ေၾကာင္း အင္ဒိုနီးရွားအစိုးရက ေသာၾကာေန႔က ေၾကညာပါတယ္။

အင္ဒိုနီးရွား AID ဌာနအတြက္ ကနဦးမတည္ေငြ အျဖစ္ ေဒၚလာ ၂၁၂ သန္းနဲ႔ ညီမွ်တဲ့ အင္ဒိုနီးရွား rupiah ၃ ႀထီလီယံ ဘတ္ဂ်က္ေငြ ခ်ထားခဲ့ၿပီး ဒါဟာ အင္ဒိုနီးရွားႏုိင္ငံ က တျခားႏိုင္ငံငယ္ေလးေတြအတြက္ သဘာဝေဘးအႏၱရာယ္ ကယ္ဆယ္ကူညီေရး ဒါမွမဟုတ္ ဖြံ႕ၿဖိဳးေရးေတြ အတြက္ အေထာက္အကူေပးဖို႔ ျဖစ္ေၾကာင္း ေျပာပါတယ္။ ဒီလိုအကူအညီေပးမယ့္အထဲမွာ ျမန္မာနဲ႔ ဖိလစ္ပိုင္ႏုိင္ငံေတြ အတြက္ပါ ပါဝင္တယ္လို႔ ရိုက္တားစ္ သတင္းမွာ ေဖၚျပထားပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာ တည္ၿငိမ္မႈမရွိတဲ့ papua ေဒသ အေရးအတြက္ အစိုးရ ကိုင္တြယ္ပံုနဲ႔ ပတ္သက္ၿပီး နာမည္ဆိုးေတြ ထြက္ေနသလို အင္ဒိုနီးရွားရဲေတြရဲ့ အၾကမ္းဖက္ ကိုင္တြယ္မႈေတြအတြက္ စံုစမ္းစစ္ေဆးမႈေတြ လုပ္ဖို႔ပါ ပစိဖိတ္ေဒသတြင္း ႏုိင္ငံ အမ်ားအျပားက ေတာင္းဆိုေနခ်ိန္မွာ အင္ဒိုနီးရွား အစိုးရက ေဒသတြင္း ဆက္ဆံေရးေကာင္းမြန္ေစဖို႔ ဒါကို လုပ္ေဆာင္ခဲ့တာ လို႔လည္း အမ်ားက ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။

အင္ဒိုနီးရွား ဒုသမၼတ Jusuf Kalla ကေတာ့ တျခားဖြံ႔ၿဖိဳးဆဲ ႏုိ္င္ငံေတြမွာ ဒုကၡသည္ ျပႆနာ ဒါမွမဟုတ္ ပဋိပကၡေတြ ျဖစ္ပြါးေနတာကို ကူညီေျဖရွင္းေရးမွာ မိတ္ေဆြႏိုင္ငံေတြကို ကူညီၿပီး အင္ဒိုနီးရွားႏုိင္ငံရဲ့ သံတမန္ေရးႀကိဳးပမ္းမႈကို တိုးျမွင့္ဖို႔ ျဖစ္ေၾကာင္း ေအဂ်င္စီအသစ္ ဖြင့္လွစ္ေၾကာင္း ေၾကညာတဲ့ ေသာၾကာေန႔ သတင္းစာရွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံက ဒီႏွစ္ထဲမွာ ပစိဖိတ္ေဒသတြင္း ႏုိင္ငံေတြ အပါဝင္ ႏိုင္ငံေပါင္း ၇ ႏိုင္ငံက ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ေဘးအႏၱရာယ္ က်ေရာက္မႈအတြက္ အကူအညီေပးခဲ့တာျဖစ္ၿပီး ျမန္မာနဲ႔ ဖိလစ္ပိုင္ႏုိင္ငံေတြလည္း ပါဝင္ပါတယ္။ လူ႔အခြင့္ေရး အဖြဲ႔ႀကီးကေတာ့ အင္ဒိုနီးရွား အစိုးရက ဒီႏိုင္ငံေတြ ဆီက ေထာက္ခံမႈကို ေမွ်ာ္ကိုးၿပီး ႏုိင္ငံေရးအရ အကူညီေငြေပးတာ ဟုတ္မဟုတ္ ေျပာရ ခက္တယ္လို႔ ေျပာပါတယ္။

......................

အင်ဒိုနီးရှား AID အထောက်အကူ မြန်မာကိုပါ ပေးမည်

အင်ဒိုနီးရှားနိုင်ငံမှာ AID နိုင်ငံတကာအထောက်အကူပေးရေး အေဂျင်စီ အသစ်တခုကို ထူထောင်လိုက်ကြောင်း အင်ဒိုနီးရှားအစိုးရက သောကြာနေ့က ကြေညာပါတယ်။

အင်ဒိုနီးရှား AID ဌာနအတွက် ကနဦးမတည်ငွေ အဖြစ် ဒေါ်လာ ၂၁၂ သန်းနဲ့ ညီမျှတဲ့ အင်ဒိုနီးရှား rupiah ၃ ထြီလီယံ ဘတ်ဂျက်ငွေ ချထားခဲ့ပြီး ဒါဟာ အင်ဒိုနီးရှားနိုင်ငံ က တခြားနိုင်ငံငယ်လေးတွေအတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ကူညီရေး ဒါမှမဟုတ် ဖွံ့ဖြိုးရေးတွေ အတွက် အထောက်အကူပေးဖို့ ဖြစ်ကြောင်း ပြောပါတယ်။ ဒီလိုအကူအညီပေးမယ့်အထဲမှာ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အတွက်ပါ ပါဝင်တယ်လို့ ရိုက်တားစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ တည်ငြိမ်မှုမရှိတဲ့ papua ဒေသ အရေးအတွက် အစိုးရ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး နာမည်ဆိုးတွေ ထွက်နေသလို အင်ဒိုနီးရှားရဲတွေရဲ့ အကြမ်းဖက် ကိုင်တွယ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ပါ ပစိဖိတ်ဒေသတွင်း နိုင်ငံ အများအပြားက တောင်းဆိုနေချိန်မှာ အင်ဒိုနီးရှား အစိုးရက ဒေသတွင်း ဆက်ဆံရေးကောင်းမွန်စေဖို့ ဒါကို လုပ်ဆောင်ခဲ့တာ လို့လည်း အများက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ဒုသမ္မတ Jusuf Kalla ကတော့ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဒုက္ခသည် ပြဿနာ ဒါမှမဟုတ် ပဋိပက္ခတွေ ဖြစ်ပွါးနေတာကို ကူညီဖြေရှင်းရေးမှာ မိတ်ဆွေနိုင်ငံတွေကို ကူညီပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ သံတမန်ရေးကြိုးပမ်းမှုကို တိုးမြှင့်ဖို့ ဖြစ်ကြောင်း အေဂျင်စီအသစ် ဖွင့်လှစ်ကြောင်း ကြေညာတဲ့ သောကြာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဒီနှစ်ထဲမှာ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေ အပါဝင် နိုင်ငံပေါင်း ၇ နိုင်ငံက ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ် ကျရောက်မှုအတွက် အကူအညီပေးခဲ့တာဖြစ်ပြီး မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေလည်း ပါဝင်ပါတယ်။ လူ့အခွင့်ရေး အဖွဲ့ကြီးကတော့ အင်ဒိုနီးရှား အစိုးရက ဒီနိုင်ငံတွေ ဆီက ထောက်ခံမှုကို မျှော်ကိုးပြီး နိုင်ငံရေးအရ အကူညီငွေပေးတာ ဟုတ်မဟုတ် ပြောရ ခက်တယ်လို့ ပြောပါတယ်။

အင္ဒိုနီးရွား AID အေထာက္အကူ ျမန္မာကိုပါ ေပးမည္
please wait

No media source currently available

0:00 0:01:02 0:00
တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG